မင်္ဂလာဧည့်ခံပွဲကို ဂုဏ်ပကာသနမပါဘဲ အမြန်စား စားသောက်ဆိုင်တစ်ခု၌သာ ရိုးရှင်းစွာ ကျင်းပပြုလုပ်ခဲ့ကြတဲ့ စုံတွဲတစ်တွဲ

မင်္ဂလာပွဲဆိုတာ ငွေကုန်ကြေးကျများပြီး တစ်ခါတရံမှာ ၎င်းဟာ ကုန်သွားတဲ့ငွေပမာဏနဲ့လည်း မထိုက်တန်နေတတ်ပါဘူး။ ဖိလစ်ပိုင်ရှိ လက်တွေ့ကျတဲ့စုံတွဲတစ်တွဲအတွက် ၎င်းတို့ဟာ ၎င်းတို့၏မင်္ဂလာဆောင်မှာ အကျုံးမဝင်ဘဲ ငွေဖြုန်းနေမဲ့အစား ရိုးရိုးရှင်းရှင်းတစ်ခုကိုသာလုပ်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ မကြားသေးမီက ဖိလစ်ပိုင်နိုင်ငံ Mindanao ကျွန်း Kitcharao ခရိုင်ရှိ Rian Eran Baynosa နှင့် Rhaqueza Vicente Mosende တို့မင်္ဂလာစုံတွဲဟာ ၎င်းတို့ရဲ့ ရိုးရှင်းပြီး လက်တွေ့ကျတဲ့မင်္ဂလာဧည့်ခံပွဲကို သရုပ်ဖော်ထားတဲ့ဓာတ်ပုံတွေကနေတစ်ဆင့် ပျံ့နှံ့လာခဲ့ပါတယ်။ ၎င်းတို့ရဲ့ဧည့်ခံပွဲကို ကြက်သားဟင်းများဖြင့် ကျော်ကြားတဲ့ Mang Inasal အမည်ရှိ ဖိလစ်ပိုင်အမြန်အစားအစာဆိုင်ခွဲတွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။

.

တကယ်တော့ ၎င်းတို့စုံတွဲက 2020 ခုနှစ်တွင် ၎င်းတို့ရဲ့မွေးရပ်မြေ၌လက်ထပ်ရန် ဆန္ဒရှိခဲ့ပေမဲ့လည်း ကူးစက်ရောဂါကြောင့် မပြုလုပ်နိုင်ခဲ့ကြပါဘူး။ ၎င်းတို့နှစ်ဦးစလုံးဟာ Lapu-Lapu မြို့မှာပိတ်မိနေတာကြောင့် ၎င်းတို့သူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေနဲ့သာ လက်ထပ်ပွဲလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

.

ကူးစက်ရောဂါကန့်သတ်ချက်များနှင့် ခရီးသွားလာခ မြင့်မားမှုကြောင့် ၎င်းတို့ရဲ့နှစ်ဖက်မိသားစုဝင်များကလည်း ၎င်းတို့ရဲ့ပွဲကိုမတက်ရောက်နိုင်ခဲ့ကြပါဘူး။

၎င်းတို့စုံတွဲက ၎င်းတို့မှာ ဧည့်ခံပွဲအတွက် ငွေအမြောက်အများမရှိသလို ပွဲလာဧည့်သည်တွေလည်း ကောင်းမွန်တဲ့အစားအစာ နှင့် ကောင်းမွန်တဲ့အချိန်ကောင်းတွေရရှိဖို့အတွက် အခုလို အသင့်စားစားသောက်ဆိုင်မှာသာ ရိုးရှင်းစွာကျင်းပခဲ့ကြောင်း ဆိုခဲ့ကြပါတယ်။

၎င်းတို့ရဲ့ဓာတ်ပုံဆရာ Babse Dondon က သူ့ရဲ့ ခြောက်နှစ်တာ အသက်မွေးဝမ်းကြောင်းကာလအတွင်း ၎င်းတို့ရဲ့ အကောင်းဆုံးဝတ်စုံကိုဝတ်ဆင်ထားဆဲဖြစ်သည့်သတို့သမီး၊ သတို့သားနှင့် အဖော်အပေါင်းတို့က အခုလို အမြန်စားသောက်ဆိုင်မှာပွဲလုပ်တာကို ပထမဆုံးအကြိမ်အဖြစ် စတင်ကြုံဆုံရကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် Babse က ခမ်းနားထည်ဝါတဲ့မင်္ဂလာပွဲလေးကျင်းပဖို့ အကြွေးတင်နေတတ်တဲ့ တခြားစုံတွဲများနှင့် မတူတဲ့၎င်းတို့စုံတွဲအား ချီးမွမ်းရင်း “ သင့်မှာ ခက်ခဲတဲ့ငွေရေးကြေးရေးအခြေအနေရှိနေရင်တော့ နောက်ပိုင်းအကြွေးလိုက်မဆပ်ရတဲ့မင်္ဂလာပွဲမျိုးကိုဘဲ စီစဉ်ကြပါ ၊
ဒါဟာ သင့်အနာဂတ်အတွက် ငွေစုဆောင်းနည်းတစ်မျိုးပါဘဲ ” ဟုဆိုခဲ့ပါတယ်။

ထို့ပြင် Babse က ဒီစုံတွဲရဲ့ကုန်ကျစရိတ်သက်သာတဲ့မင်္ဂလာပွဲရဲ့အလှတရားဟာ သိပ်ရိုးရှင်းတယ်ဆိုတာ လူတိုင်းကိုပြသနိုင်ခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။ ဟုတ်ပါတယ် ၊ တကယ်တော့ ခမ်းနားတဲ့မင်္ဂလာပွဲဖြစ်ဖြစ် ရိုးရှင်းတဲ့မင်္ဂလာပွဲဖြစ်ဖြစ် နောက်ဆုံး အိမ်ထောင်တစ်ခုဆိုတာက တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးတဲ့လူနှစ်ယောက်ကြား ပေါင်းစည်းမှုတစ်ခုမို့၊ သူတို့အချင်းချင်းထက် ပိုအရေးကြီးတာဘာမှမရှိပါဘူးဗျာ။

Mia (Mckzone daily)

Reference : worldofbuzz

Be the first to comment on "မင်္ဂလာဧည့်ခံပွဲကို ဂုဏ်ပကာသနမပါဘဲ အမြန်စား စားသောက်ဆိုင်တစ်ခု၌သာ ရိုးရှင်းစွာ ကျင်းပပြုလုပ်ခဲ့ကြတဲ့ စုံတွဲတစ်တွဲ"

Leave a comment

Your email address will not be published.


*