ထရပ်ကား အစီး ၈၀ စာထင်းအလုံအလောက်ခုတ်ပြီး ကိုယ့်အတွက်မဖယ်ဘဲ လိုအပ်နေသူတွေအားလုံးအတွက် အကုန်လှူဒါန်းပေးခဲ့တဲ့ သားအဖသုံးဦး

သင်ဟာ တစ်ကြိမ်တစ်ခါလောက်တော့ သင့်နှလုံးသားကိုအရည်ပျော်စေတဲ့ သင့်ရဲ့လုပ်ရပ် သို့မဟုတ် တခြားသူတွေရဲ့လုပ်ရပ်တစ်ခုအပေါ် ထိမိစွာ ခံစားဖူးခဲ့မိမှာပါ။ ကိုယ့်အတွက် အကျိုးတစ်စုံတစ်ရာကိုလုံးဝမမျှော်လင့်တဲ့ တစ်စုံတစ်​ယောက်က ကောင်းတဲ့အရာတွေကို အလေ့အကျင့်တစ်ခုလို သဘောထားလုပ်ဆောင်နေတဲ့အကြောင်းတွေကိုလည်း ကြားဖူး၊မြင်ဖူးကြမှာပါ။ ထိုသို့သောအကျင့်ကိုကျင့်သုံးခြင်းက မိမိ၏စိတ်၌ ပေးအပ်တဲ့ချမ်းသာသုခကို ခံစားရလေ့ရှိပါတယ်။ ဆိုလိုတာက ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာဖြစ်အောင်လုပ်ဖို့ စစ်မှန်တဲ့အားထုတ်သူတွေကို အသိအမှတ်ပြုပေးတာက အမြဲကောင်းမွန်တဲ့အရာပါဘဲ။ ခုလည်း Shane McDaniel နှင့် သူ့အမွှာသားလေး Henry နှင့် Harrison တို့ဟာ စိတ်သဘောထားပြည့်ဝတဲ့အလေ့အထတစ်ခုကိုကျင့်သုံးနေလျက်ရှိပါတယ်။

ဖခင် Shane ဟာ ငယ်စဉ်ကပင် ဖခင်ဖြစ်သူနှင့်အတူ ထင်းခုတ်ထစ်ရာတွင် အချိန်များစွာကုန်ဆုံးခဲ့ပြီး ၎င်းရိုးရာဓလေ့ကို ဆက်လက်ထိန်းသိမ်းရန် သူ့ရဲ့အသက် 21 နှစ်အရွယ် သားတွေကို စိတ်အားထက်သန်စွာ ကူညီလုပ်ဆောင်စေခဲ့ပါတယ်။ ဝါရှင်တန်ပြည်နယ်၊ Lake Stevens မြို့တွင်နေထိုင်တဲ့ ၎င်း မိသားစုဟာ ၎င်းတို့ဒေသ၌ မုန်တိုင်း ပြင်းထန်စွာတိုက်ခတ်ခဲ့ပြီးနောက် ၎င်းတို့ရဲ့အလုပ်များကို ခဏနားထားခဲ့ရပါတယ်။

အကြောင်းက “ ကျွန်တော်တို့မှာ မုန်တိုင်းဒဏ်ကြောင့် လဲကျသွားတဲ့သစ်ပင်တွေ အများကြီးရှိတယ်၊ အဲ့တာတွေက တပုံတပင်ပြီး တပုံတပင် တိုးလာခဲ့တယ် ၊ အဲ့ဒီတော့ အဲ့ဒီသစ်ပင်တွေနဲ့ ဒီထက် ပိုကောင်းတဲ့အရာကိုလုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ် ” ဟု Shane က ထိုကဲ့သို့ရှင်းပြခဲ့ပါတယ်။

၎င်းတို့သားအဖသုံးယောက်တို့ဟာ ၎င်းသစ်ပင်များကို ထင်းများအဖြစ်ရှင်းခဲ့ကြရုံသာမက အခြားလူများကိုပါ တစ်ဆက်တည်း ကူညီပေးခဲ့ကြပါတယ်။

PEOPLE မဂ္ဂဇင်းသို့ ပြောကြားခဲ့တဲ့ Shane က “ ပစိဖိတ်အနောက်မြောက်ပိုင်းက အေးပြီး စိုစွတ်သလို တော်တော်ကြမ်းတမ်းတဲ့ဒေသပါ၊ အဲ့တာကြောင့် ထင်းတွေကိုစုဆောင်းဖို့လုပ်ခဲ့ကြတယ် ၊ လူအတော်များများက ကျွန်တော်တို့ဆီ ထင်းရောင်းပေးဖို့ လာတောင်းဆိုကြပေမဲ့ သူတို့ကို နည်းနည်းစီ အခမဲ့ဘဲ ပေးခဲ့တယ် ” ဟုပြောကြားခဲ့ပါတယ်။

ဒေသခံများရဲ့အဆိုအရ ၎င်းပရောဂျက်ဟာ မတ်လမှ အောက်တိုဘာလအထိ လည်ပတ်ခဲ့ပြီး ထိုအချိန်တွင် Shane ၊ Henry နှင့် Harrison တို့ဟာ ကုန်တင်ကားအစီးရေ 80 အားဖြည့်ရန် ထင်းအလုံအလောက်ခုတ်ထစ်ခဲ့ကြပါတယ်။

ထိုစဉ်က Shane တို့သားအဖရဲ့သတင်းကလည်း ဒေသတွင်း ပျံ့နှံ့သွားခဲ့ပြီး လူအများရဲ့အာရုံစိုက်ခြင်းများစွာကိုခံခဲ့ရပါတယ်။ အချို့က ရက်ရောတဲ့၎င်းတို့သားအဖအတွက် အပြန်အလှန်အနေနဲ့ စားသောက်စရာများယူသွားပေးခဲ့ကြပြီး အချို့ကလည်း ထင်းများကိုယ်တိုင်လာမယူနိုင်သူများအား အိမ်အရောက်ပို့ပေးခြင်းဖြင့် ၎င်းတို့အိမ်မှာ ပရဟိတအလုပ်သွားလုပ်နေခဲ့ကြပါတယ်။

၎င်းအဖြစ်အပျက်များနှင့်ပတ်သက်ပြီး Shane က “ အဲ့လိုလေးတွေမြင်ရတာ အတော်လေးအံ့သြစရာကောင်းတယ် ၊ အရင်က တစ်ခါမှ ချီးကျူး၊ချီးမွမ်းမခံရလို့ ကျွန်တော်တို့သားအဖ အရမ်းတွေပျော်နေခဲ့ကြသေးတယ် ၊ လူတွေအတွက် မင်းကောင်းတာလုပ်ရင် သူတို့က မင်းကိုဘယ်တော့မှမေ့မှာမဟုတ်ဘူး ၊ အဲ့တာကြောင့် ကျွန်တော် လူတွေကို ကူညီပေးရတာကို သိပ်ကြိုက်ပါတယ် ” ဟုလည်းဆိုခဲ့ပါတယ်။

Mia (Mckzone daily)

Reference : newsner

Be the first to comment on "ထရပ်ကား အစီး ၈၀ စာထင်းအလုံအလောက်ခုတ်ပြီး ကိုယ့်အတွက်မဖယ်ဘဲ လိုအပ်နေသူတွေအားလုံးအတွက် အကုန်လှူဒါန်းပေးခဲ့တဲ့ သားအဖသုံးဦး"

Leave a comment

Your email address will not be published.


*