သမီးေလးကို႐ိုက္ႏွက္ႏွိပ္စက္ၿပီး ၊ ေသသြားမွန္းေတာင္မသိဘဲ ကာရာအိုေကဆိုင္သို႔ေခၚသြားခဲ့တဲ့ 17 ႏွစ္အရြယ္မိခင္

ျဖစ္စဥ္ကေတာ့ 18လသားအရြယ္ သမီးငယ္ေလးဟာ ႏို႔ေသာက္ရန္ျငင္းၿပီး ၊ မိခင္၏အလွကုန္ပစၥည္းမ်ားကို ဖ်က္ဆီးမိတဲ့အတြက္ 17ႏွစ္အရြယ္မိခင္က သမီးေလးကိုေသဆံုးသည္အထိ ႐ိုက္ႏွက္ႏွိပ္စက္မႈျဖစ္ပြားခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ January 15 ရက္ေန႔က ထိုင္ဝမ္မွာ ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္ ။ သတင္းရင္းအျမစ္အရ ကေလးငယ္၏ဖခင္ျဖစ္သူမွာ အသက္ 20 အရြယ္သာ႐ွိေသးၿပီး ၊ မိခင္ျဖစ္သူမွာေတာ့ အသက္16 ႏွစ္အရြယ္မွာ သမီးေလးေမြးဖြားခဲ့တာျဖစ္ၿပီး ၊ ၿပီးခဲ့တဲ့ႏွစ္က ၎တို႔စံုတြဲဟာ လမ္းခြဲခဲ့ၾကတဲ့အတြက္ မိခင္ျဖစ္သူက ကေလးငယ္ကိုဆက္လက္ေစာင့္ေ႐ွာက္ခဲ့ပါတယ္ ။ ေနာက္ပိုင္းမွာေတာ့ သူမဟာအမ်ိဳးေတာ္စပ္သူ မိန္းကေလး 3ေယာက္နဲ႔ အတူေနထိုင္ခဲ့ပါတယ္ ။

အခင္းျဖစ္ပြားတဲ့ေန႔က မိခင္ျဖစ္သူဟာ ကေလးငယ္ကႏို႔ေသာက္ဖို႔ျငင္းပယ္ၿပီး သူမရဲ႕အလွကုန္ပစၥည္းမ်ားကို ေမွာက္ပစ္ခဲ့တဲ့အတြက္ ေက်ာကုန္းႏွိပ္တဲ့တုတ္ႏွင့္ သမီးေလးကို႐ိုက္ပစ္ခဲ့ပါတယ္ ။ ပိုၿပီး အံ့ၾသမင္တက္ေစတဲ့အခ်က္ကေတာ့ မိခင္ျဖစ္သူဟာ သူမရဲ႕အမ်ိဳးေတာ္စပ္သူ မိန္းကေလး 3ေယာက္ကိုပါ သူမရဲ႕ကေလးငယ္ကို အလွည့္က်႐ိုက္ႏွက္ဖို႔ခြင့္ျပဳေပးခဲ့ပါတယ္ ။ ကေလးငယ္က ငိုေႂကြးေနေပမဲ့လည္း မည္သူကမွဂ႐ုမစိုက္ဘဲ ကေလးသတိလစ္သြားတဲ့အခ်ိန္မွ အိပ္ေပ်ာ္သြားသည္ဟုသာေတြးထင္ခဲ့ၿပီး ကေလးငယ္ကိုကာရာအိုေကခန္းသို႔ ေခၚသြားၿပီး 3နာရီေလာက္ေပ်ာ္ေပ်ာ္ပါးပါး သီခ်င္းဆိုေနခဲ့ပါတယ္ ။ ကေလးငယ္မ်က္စိျပန္ပြင့္လာခ်ိန္မွာေတာ့ မိခင္ျဖစ္သူက ကေလးငယ္ေသဆံုးေနတာကိုမသိေသးဘဲ ဦးေခါင္းကိုထပ္မံ႐ိုက္ႏွက္ခဲ့ပါတယ္ ။

သီခ်င္းဆိုၾကၿပီးေနာက္ မိခင္ျဖစ္သူဟာ ကေလးငယ္တစ္ခုခုျဖစ္ေနၿပီဆိုၿပီး သတိထားမိခဲ့လို႔ ေဆးရံုသို႔အလ်င္အျမန္ေခၚေဆာင္သြားခဲ့ေပမဲ့လည္း ေနာက္က်သြားခဲ့ပါၿပီ ။ ကေလးငယ္ကို ကုသေပးတဲ့ဆရာဝန္က ကေလးငယ္၏ခႏၶာကိုယ္အႏွံ႔႐ိုက္ႏွက္ႏွိပ္စက္ဒဏ္ရာမ်ားကို ေတြ႔႐ွိခဲ့သျဖင့္ ရဲဌာနသို႔တိုင္ၾကားခဲ့ပါတယ္ ။ ရဲအရာ႐ွိမ်ားကလည္း ၎တို႔၏ေနအိမ္အတြင္းသို႔ ဝင္ေရာက္စစ္ေဆးရာ ကေလးငယ္ကို႐ိုက္ႏွက္ႏွိပ္စက္ရာတြင္ အသံုးျပဳခဲ့တဲ့ ပစၥည္းကိရိယာမ်ားကို႐ွာေဖြေတြ႔႐ွိခဲ့ပါတယ္ ။ သတင္းပ်ံႏွံသြားခ်ိန္မွာေတာ့ မေက်မနပ္ျဖစ္ခဲ့ၾကတဲ့ျပည္သူလူထုေတြက ရဲဌာနကိုဝန္းရံထားၾကၿပီး ကေလးငယ္ကိုႏွိပ္စက္ခဲ့ၾကသူမ်ားအား ျပင္းထန္စြာအျပစ္ေပးရန္အတြက္ ဆႏၵျပေတာင္းဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဖြစ်စဉ်ကတော့ 18လသားအရွယ် သမီးငယ်လေးဟာ နို့သောက်ရန်ငြင်းပြီး ၊ မိခင်၏အလှကုန်ပစ္စည်းများကို ဖျက်ဆီးမိတဲ့အတွက် 17နှစ်အရွယ်မိခင်က သမီးလေးကိုသေဆုံးသည်အထိ ရိုက်နှက်နှိပ်စက်မှုဖြစ်ပွားခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ January 15 ရက်နေ့က ထိုင်ဝမ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ သတင်းရင်းအမြစ်အရ ကလေးငယ်၏ဖခင်ဖြစ်သူမှာ အသက် 20 အရွယ်သာရှိသေးပြီး ၊ မိခင်ဖြစ်သူမှာတော့ အသက်16 နှစ်အရွယ်မှာ သမီးလေးမွေးဖွားခဲ့တာဖြစ်ပြီး ၊ ပြီးခဲ့တဲ့နှစ်က ၎င်းတို့စုံတွဲဟာ လမ်းခွဲခဲ့ကြတဲ့အတွက် မိခင်ဖြစ်သူက ကလေးငယ်ကိုဆက်လက်စောင့်ရှောက်ခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ သူမဟာအမျိုးတော်စပ်သူ မိန်းကလေး 3ယောက်နဲ့ အတူနေထိုင်ခဲ့ပါတယ် ။

အခင်းဖြစ်ပွားတဲ့နေ့က မိခင်ဖြစ်သူဟာ ကလေးငယ်ကနို့သောက်ဖို့ငြင်းပယ်ပြီး သူမရဲ့အလှကုန်ပစ္စည်းများကို မှောက်ပစ်ခဲ့တဲ့အတွက် ကျောကုန်းနှိပ်တဲ့တုတ်နှင့် သမီးလေးကိုရိုက်ပစ်ခဲ့ပါတယ် ။ ပိုပြီး အံ့သြမင်တက်စေတဲ့အချက်ကတော့ မိခင်ဖြစ်သူဟာ သူမရဲ့အမျိုးတော်စပ်သူ မိန်းကလေး 3ယောက်ကိုပါ သူမရဲ့ကလေးငယ်ကို အလှည့်ကျရိုက်နှက်ဖို့ခွင့်ပြုပေးခဲ့ပါတယ် ။ ကလေးငယ်က ငိုကြွေးနေပေမဲ့လည်း မည်သူကမှဂရုမစိုက်ဘဲ ကလေးသတိလစ်သွားတဲ့အချိန်မှ အိပ်ပျော်သွားသည်ဟုသာတွေးထင်ခဲ့ပြီး ကလေးငယ်ကိုကာရာအိုကေခန်းသို့ ခေါ်သွားပြီး 3နာရီလောက်ပျော်ပျော်ပါးပါး သီချင်းဆိုနေခဲ့ပါတယ် ။ ကလေးငယ်မျက်စိပြန်ပွင့်လာချိန်မှာတော့ မိခင်ဖြစ်သူက ကလေးငယ်သေဆုံးနေတာကိုမသိသေးဘဲ ဦးခေါင်းကိုထပ်မံရိုက်နှက်ခဲ့ပါတယ် ။

သီချင်းဆိုကြပြီးနောက် မိခင်ဖြစ်သူဟာ ကလေးငယ်တစ်ခုခုဖြစ်နေပြီဆိုပြီး သတိထားမိခဲ့လို့ ဆေးရုံသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ပေမဲ့လည်း နောက်ကျသွားခဲ့ပါပြီ ။ ကလေးငယ်ကို ကုသပေးတဲ့ဆရာဝန်က ကလေးငယ်၏ခန္ဓာကိုယ်အနှံ့ရိုက်နှက်နှိပ်စက်ဒဏ်ရာများကို တွေ့ရှိခဲ့သဖြင့် ရဲဌာနသို့တိုင်ကြားခဲ့ပါတယ် ။ ရဲအရာရှိများကလည်း ၎င်းတို့၏နေအိမ်အတွင်းသို့ ဝင်ရောက်စစ်ဆေးရာ ကလေးငယ်ကိုရိုက်နှက်နှိပ်စက်ရာတွင် အသုံးပြုခဲ့တဲ့ ပစ္စည်းကိရိယာများကိုရှာဖွေတွေ့ရှိခဲ့ပါတယ် ။ သတင်းပျံနှံသွားချိန်မှာတော့ မကျေမနပ်ဖြစ်ခဲ့ကြတဲ့ပြည်သူလူထုတွေက ရဲဌာနကိုဝန်းရံထားကြပြီး ကလေးငယ်ကိုနှိပ်စက်ခဲ့ကြသူများအား ပြင်းထန်စွာအပြစ်ပေးရန်အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment