သူငယ္ခ်င္းမ်ားအတြက္ အစားအေသာက္မ်ားကို ကိုယ္တိုင္ကိုယ္က်ျပင္ဆင္ေပးေနခဲ့တဲ့ဗီဒီယိုေၾကာင့္ လူေျပာမ်ားေနတဲ့ ၃ ႏွစ္အ႐ြယ္ စားဖိုမႉးေလး (႐ုပ္သံ)

“အသက္က ကိန္းဂဏန္းတစ္ခုသာျဖစ္တယ္ ” ဆိုတဲ့စကားက ယေန႔ေခတ္ကာလမွာ ပိုမိုေရပန္းစားလာခဲ့ပါတယ္။ သက္ႀကီး႐ြယ္အိုမ်ားကသာ ပညာပိုရွိၿပီး အေတြ႕အႀကဳံပိုရွိၾကတယ္လို႔ယုံၾကည္ျခင္းက မဟုတ္ေၾကာင္းကို ေအာက္ေဖာ္ျပပါဗီဒီယိုက သက္ေသျပေနပါတယ္။ ဗီဒီယိုထဲ၌ အသက္ ၃ ႏွစ္အ႐ြယ္ကေလးမေလးတစ္ဦးဟာ သူမႏွင့္သူမရဲ႕႐ြာမွသူငယ္ခ်င္းမ်ားအတြက္ အစားအေသာက္ျပင္ဆင္ေပးေနတာကိုေတြ႕ျမင္ႏိုင္ပါတယ္။ သူမဟာ အထူးသျဖင့္ မီးဖိုေခ်ာင္ထဲဝင္လိုက္ေပမဲ့ ဟင္းခ်က္ဖို႔ ဘယ္လိုကေန ဘယ္လိုစလုပ္ရမွန္းေတာင္ မသိတဲ့ အခ်ိဳ႕ေသာ အ႐ြယ္ေရာက္ၿပီးသူေတြအတြက္ အံ့ဩစရာေကာင္းသြားေစမဲ့ ငါးဟင္းႏွင့္ ထမင္းပါသည့္႐ိုးရွင္းတဲ့ဟင္းလ်ာကို ေသသပ္စြာ ခ်က္ျပဳတ္ခဲ့တာဘဲျဖစ္ပါတယ္။

ဗီဒီယိုထဲ၌ သူမႏွင့္ သူမရဲ႕သူငယ္ခ်င္းမ်ားက အတုံးေသးေသးေလးမ်ားျဖစ္ေအာင္ လွီးျဖတ္လိုက္တဲ့ သူမခ်က္ျပဳတ္မဲ့ငါးကို ကူသန႔္စင္ေပးေနခဲ့ပါတယ္။ ထို႔ေနာက္ သူမအတြက္ ခ်ိန္ဆၿပီးတဲ့ ဟင္းခတ္အေမႊးအႀကိဳင္မ်ိဳးစုံကို ထိုဟင္းအိုးထဲေပါင္းထည့္လိုက္ၿပီး ထိုဟင္းအိုးႀကီးတစ္လုံးကို ထင္းမီးဖိုေပၚတင္လိုက္ပါတယ္။ ထို႔ေနာက္မွာ သူမဟာ ခ်က္ျပဳတ္ရန္ မီးေမြးကာ အပူခ်ိန္ကို ကိုယ္တိုင္ထိန္းညႇိေနခဲ့ပါတယ္။ အခ်ိန္အနည္းငယ္ၾကာၿပီးေနာက္မွာေတာ့ သူမဟာ ၎ဟင္းလ်ာကိုစားသုံးဖို႔ ေစာင့္ဆိုင္းေနတဲ့ သူမသူငယ္ခ်င္းအားလုံးအား ေသခ်ာစြာ ေကြၽးေမြးေနခဲ့ပါတယ္။

အဆုံးမွာေတာ့ ၎တို႔သူငယ္ခ်င္းမ်ားအားလုံး အတူတူစား လက္ဆုံစားေသာက္ၾကရင္း သူမရဲ႕လက္ရာကိုလည္း သေဘာေတြ႕ေနၾကပုံရပါတယ္။ ထိုငါးဟင္းေလးက တကယ္ကို စားခ်င္စရာေလးျဖစ္ေနတာကိုလည္းေတြ႕ရမွာပါ။ ငါးဟင္းကို သူမအ႐ြယ္နဲ႔ေသသပ္ေအာင္ ခ်က္ျပဳတ္တတ္တာက တကယ့္ကို အံ့အားသင့္စရာေကာင္းပါတယ္။ ကေလးမေလးက ဟင္းခ်က္ဖို႔ အကုန္လုံးနီးပါးကို ကိုယ္တိုင္လုပ္ခဲ့တာမဟုတ္ေပမဲ့လည္း အင္တာနက္သုံးစြဲသူမ်ားစြာက သူမရဲ႕တည္ၿငိမ္ေသသပ္တဲ့ဟင္းခ်က္ျပဳတ္ပုံ၊ မီးအပူခ်ိန္ကို ကိုယ္တိုင္ထိန္းညႇိေနပုံတို႔ကိုသေဘာက်လို႔ အမ်ိဳးမ်ိဳးခ်ီးမြမ္းေပးခဲ့ၾကပါတယ္။

Mia (Mckzone daily)

Reference : goodtimes

Unicode

“အသက်က ကိန်းဂဏန်းတစ်ခုသာဖြစ်တယ် ” ဆိုတဲ့စကားက ယနေ့ခေတ်ကာလမှာ ပိုမိုရေပန်းစားလာခဲ့ပါတယ်။ သက်ကြီးရွယ်အိုများကသာ ပညာပိုရှိပြီး အတွေ့အကြုံပိုရှိကြတယ်လို့ယုံကြည်ခြင်းက မဟုတ်ကြောင်းကို အောက်ဖော်ပြပါဗီဒီယိုက သက်သေပြနေပါတယ်။ ဗီဒီယိုထဲ၌ အသက် ၃ နှစ်အရွယ်ကလေးမလေးတစ်ဦးဟာ သူမနှင့်သူမရဲ့ရွာမှသူငယ်ချင်းများအတွက် အစားအသောက်ပြင်ဆင်ပေးနေတာကိုတွေ့မြင်နိုင်ပါတယ်။

သူမဟာ အထူးသဖြင့် မီးဖိုချောင်ထဲဝင်လိုက်ပေမဲ့ ဟင်းချက်ဖို့ ဘယ်လိုကနေ ဘယ်လိုစလုပ်ရမှန်းတောင် မသိတဲ့ အချို့သော အရွယ်ရောက်ပြီးသူတွေအတွက် အံ့ဩစရာကောင်းသွားစေမဲ့ ငါးဟင်းနှင့် ထမင်းပါသည့်ရိုးရှင်းတဲ့ဟင်းလျာကို သေသပ်စွာ ချက်ပြုတ်ခဲ့တာဘဲဖြစ်ပါတယ်။

ဗီဒီယိုထဲ၌ သူမနှင့် သူမရဲ့သူငယ်ချင်းများက အတုံးသေးသေးလေးများဖြစ်အောင် လှီးဖြတ်လိုက်တဲ့ သူမချက်ပြုတ်မဲ့ငါးကို ကူသန့်စင်ပေးနေခဲ့ပါတယ်။ ထို့နောက် သူမအတွက် ချိန်ဆပြီးတဲ့ ဟင်းခတ်အမွှေးအကြိုင်မျိုးစုံကို ထိုဟင်းအိုးထဲပေါင်းထည့်လိုက်ပြီး ထိုဟင်းအိုးကြီးတစ်လုံးကို ထင်းမီးဖိုပေါ်တင်လိုက်ပါတယ်။ ထို့နောက်မှာ သူမဟာ ချက်ပြုတ်ရန် မီးမွေးကာ အပူချိန်ကို ကိုယ်တိုင်ထိန်းညှိနေခဲ့ပါတယ်။ အချိန်အနည်းငယ်ကြာပြီးနောက်မှာတော့ သူမဟာ ၎င်းဟင်းလျာကိုစားသုံးဖို့ စောင့်ဆိုင်းနေတဲ့ သူမသူငယ်ချင်းအားလုံးအား သေချာစွာ ကျွေးမွေးနေခဲ့ပါတယ်။

အဆုံးမှာတော့ ၎င်းတို့သူငယ်ချင်းများအားလုံး အတူတူစား လက်ဆုံစားသောက်ကြရင်း သူမရဲ့လက်ရာကိုလည်း သဘောတွေ့နေကြပုံရပါတယ်။ ထိုငါးဟင်းလေးက တကယ်ကို စားချင်စရာလေးဖြစ်နေတာကိုလည်းတွေ့ရမှာပါ။ ငါးဟင်းကို သူမအရွယ်နဲ့သေသပ်အောင် ချက်ပြုတ်တတ်တာက တကယ့်ကို အံ့အားသင့်စရာကောင်းပါတယ်။ ကလေးမလေးက ဟင်းချက်ဖို့ အကုန်လုံးနီးပါးကို ကိုယ်တိုင်လုပ်ခဲ့တာမဟုတ်ပေမဲ့လည်း အင်တာနက်သုံးစွဲသူများစွာက သူမရဲ့တည်ငြိမ်သေသပ်တဲ့ဟင်းချက်ပြုတ်ပုံ၊ မီးအပူချိန်ကို ကိုယ်တိုင်ထိန်းညှိနေပုံတို့ကိုသဘောကျလို့ အမျိုးမျိုးချီးမွမ်းပေးခဲ့ကြပါတယ်။

Mia (Mckzone daily)

Be the first to comment on "သူငယ္ခ်င္းမ်ားအတြက္ အစားအေသာက္မ်ားကို ကိုယ္တိုင္ကိုယ္က်ျပင္ဆင္ေပးေနခဲ့တဲ့ဗီဒီယိုေၾကာင့္ လူေျပာမ်ားေနတဲ့ ၃ ႏွစ္အ႐ြယ္ စားဖိုမႉးေလး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*