နောက်ထပ် 5 နှစ်လောက်ဆိုရင် အလှမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်ရတော့မယ့် ရွယ်တူတွေထက် ပိုမိုထက်မြက်ပြီး လှပနေခဲ့တဲ့ ကလေးမလေး




JRose (Mckzone daily)

Reference : yan

Unicode

ဗီယက်နမ်နိုင်ငံက Le Huynh Bao Ngoc လို့ခေါ်တဲ့ ကလေးမလေးဟာ Family ရုပ်ရှင်မှာ နံပါတ် 1 Vietnamese ဗားရှင်းဖြစ်ပြီး Heri ငယ်အဖြစ် သူမရဲ့သရုပ်ဆောင်ချက်ကြောင့် လူတိုင်းသိကြပါတယ် ။ သဘာဝကျကျလေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးက ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သူမလေးပဲဖြစ်ပါတယ် ။ အသက် 13 နှစ်သာရှိသေးသော်လည်း Bao Ngoc ရဲ့အလှတရားက သူမရဲ့ ရွယ်တူများထက် ပိုမိုထက်မြက်နေပြီး သူမဟာ အနာဂတ်အလှမယ်ဆုရှင်အဖြစ် သတ်မှတ်ခံရပါတယ် ။

Bao Ngoc ရဲ့ မီဒီယာကို လိုက်ကြည့်ရင်း သူမဟာ မင်းသမီးတစ်ယောက်အနေနဲ့သာမက MC နဲ့ ဓာတ်ပုံမော်ဒယ်လ်တစ်ယောက်အနေနဲ့ပါ အရည်အချင်းတွေ အများကြီးရှိနေတာကို တွေ့ရပါတယ် ။ ကိုရီးယား idol တွေလို ထိပ်တန်း ဖက်ရှင်စတိုင်လ်တွေနဲ့ တွဲပြီး သူမက ပိုလို့တောင် ချစ်ဖို့ကောင်းလာပါတယ် ။ သူမဟာ ပရော်ဖက်ရှင်နယ် သရုပ်ဆောင်သင်တန်းကျောင်းကို မတက်ခဲ့ပေမယ့် Bao Ngoc ဟာ တာဝန်ပေးခံရတဲ့ ဇာတ်ကောင်အမျိုးအစားအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ် ။

Bao Ngoc ရဲ့စတိုင်လ်က ငယ်ရွယ်စဉ်ကပင် သူမရဲ့အဝတ်အစားများကို ကျွမ်းကျင်စွာ ပေါင်းစပ်တတ်ပြီး ခေတ်ရေစီးကြောင်းကို အမြဲလိုက်ဖက်နေသောကြောင့် အလွန်တန်ဖိုးထားသူဖြစ်ပါတယ် ။ ထို့အပြင် Bao Ngoc ကိုလည်း “Miss Boss” Pham Kim Dung က အလွန်နှစ်သက်ပြီး သူမကို Miss မွေးနေ့ပါတီများအပြင် ကုမ္ပဏီပွဲများသို့ အကြိမ်ကြိမ် ဖိတ်ကြားခဲ့ပါတယ် ။ ကလေးအလှမယ် Bao Ngoc ဟာ ယှဉ်ပြိုင်ရန် နောက်ထပ် 5 နှစ်လောက်စောင့်သေးပေမဲ့ အမြင့်ဆုံးရာထူးကိုရရှိရန် ထူးချွန်တဲ့ အချက်များစွာရှိနေတာကိုက ချီးကျူးစရာလေးပါ ။

JRose (Mckzone daily)

Be the first to comment on "နောက်ထပ် 5 နှစ်လောက်ဆိုရင် အလှမယ်ပြိုင်ပွဲမှာ ဝင်ပြိုင်ရတော့မယ့် ရွယ်တူတွေထက် ပိုမိုထက်မြက်ပြီး လှပနေခဲ့တဲ့ ကလေးမလေး"

Leave a comment

Your email address will not be published.


*