မိသားစုကိုကူညီရန်နှင့် ကျောင်းစရိတ်အတွက် ကိုယ်တိုင် ငွေစုဆောင်းနိုင်ရန်အတွက် ရာသီပေါ်မှိုများကိုရောင်းချနေတဲ့ ကောင်လေး

ဖိလစ်ပိုင်နိုင်ငံ Cordillera ဒေသရှိ တောင်တန်းတွေပေါ်မှာပေါက်ရောက်တဲ့ “oong and boo” လို့ခေါ်တဲ့အော်ဂဲနစ်မှိုတစ်မျိုးက ၎င်းဒေသ၌ကြီးပြင်းလာတဲ့ဒေသခံများအတွက် မစိမ်းသလို ၎င်းဟာ ဒေသခံတိုင်းရဲ့ကလေးဘဝတွင် မှိုစုဆောင်းခြင်းနှင့် စားသုံးနိုင်တဲ့မှိုများကိုခွဲခြားသိရှိနိုင်ရန် သင်ယူခြင်း၏တစ်စိတ်တစ်ပိုင်းတစ်ခုဘဲဖြစ်ပါတယ်။ မိုးရာသီတွင်၊ Cordilleran တောင်များပေါ်မှာ စားသုံးနိုင်တဲ့ တောရိုင်းအပင်များနှင့် အသီးအနှံရှိတဲ့အပင်များမှလွဲ၍ အော်ဂဲနစ်မှိုများ ပေါများပါတယ်။ အသက် 10 နှစ်အရွယ် Jessie Almoza အမည်ရှိကောင်လေးတစ်ဦးဟာ လမ်းဘေးတစ်နေရာမှာထိုင်ပြီး ကားသမားများအား ၎င်းမှိုထုပ်များရောင်းချကာ အသက်မွေးဝမ်းကြောင်းပြုနေရတာကိုကြည့်ခြင်းဖြင့် ၎င်းမှိုများက သူ့အတွက် ဘုရားပေးတဲ့လက်ဆောင်တစ်ခုလိုဖြစ်ပုံရပါတယ်။

၎င်း၏ဖောက်သည်အများစုက အော်ဂဲနစ်မှိုများနှင့် ၎င်းတို့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးများကို ရင်းနှီးကျွမ်းဝင်တဲ့ဒေသခံလူမျိုးများလည်းဖြစ်ပါတယ်။

Jessie ဟာ ငယ်ရွယ်စဉ်ကတည်းကပင် စွန့်ဦးတီထွင်ကျွမ်းကျင်မှုနှင့် အကျိုးရှိသောအရာတစ်ခုကိုလုပ်ဆောင်ရန် ဆုံးဖြတ်ထားတဲ့သူ့ရဲ့စိတ်ပိုင်းဖြတ်မှုအတွက် အင်တာနက်အသုံးပြုသူများနှင့် သူ့ရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းများထံမှ အပြုသဘောဆောင်တဲ့မှတ်ချက်များနှင့် ချီးကျူးစကားများစွာကိုရရှိခဲ့ပါတယ်။

ဒီအသက်အရွယ်၊အနေအထားမှာ ကလေးသောအချို့များက ၎င်းတို့ရဲ့အချိန်၊ကြိုးစားအားထုတ်မှုနှင့်အညီ တန်ဖိုးရှိသောအရာကိုရှာဖွေနေကြဆဲဖြစ်ပေမဲ့လည်း Jessie ကတော့ ၎င်းကိုရှာတွေ့နေပြီဖြစ်ပါတယ်။

ကံမကောင်းစွာပဲ၊ လက်ရှိကူးစက်ရောဂါကြောင့် သူ့ရပ်ရွာအား lock down များပြုလုပ်ခြင်းက Jessie ရဲ့ရောင်းအားကို အနည်းငယ်ထိခိုက်လာခဲ့ပါတယ်။ Itogon Benguet ခရိုင်မှ လေးတန်းကျောင်းသား Jessie ဟာ သူ့ရဲ့ကျောင်းလိုအပ်ချက်အတွက် ပလပ်စတစ်ဘူးထဲရှိသူရှာရတဲ့အမြတ်ငွေများဖြင့်သာ ချွေတာသုံးခဲ့ရပါတယ်။ Jessie ၏မိဘများက အလုပ်အကိုင်အတည်တကျမရှိကြသလို ဖခင်ဖြစ်သူမှာ လေဖြတ်လူနာတစ်ဦးဖြစ်ပါတယ်။

ထို့ကြောင့် သူ့ပညာရေးအတွက် ကိုယ်တိုင်စုဆောင်းပြီး မိသားစုကိုလည်းကူညီရန် စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။ မိခင်နှင့်အစ်မဖြစ်သူတို့က Jessie ရောင်းရန်အတွက် မှိုများရှာဖွေစုဆောင်းရန်အတွက် နံနက်ခြောက်နာရီတွင် တောင်ပေါ်သို့တက်ကြရပါတယ်။

ဤသည်မှာ ၎င်းတို့မိသားစုရဲ့ ငွေရှာတဲ့ အဓိကအရင်းအမြစ်ဘဲ ဖြစ်ပါတယ်။ သို့ပေမဲ့ Jessie နှင့်သူ့မိသားစုအတွက် ၎င်းတို့ဟာ သဘာဝတရား၏လက်ဆောင်ကို ပညာရှိစွာလက်ခံကြပြီး ၎င်းတို့ရဲ့နည်းလမ်းအတိုင်းနေထိုင်ကာ ကမ္ဘာပေါ်တွင် ကူးစက်ရောဂါနှင့်ရင်ဆိုင်နေရပေမဲ့လည်း အသက်ရှင်ရပ်တည်နိုင်ရန် အစွမ်းကုန်ကြိုးစားကာ ကျေးဇူးတင်သောနှလုံးသားဖြင့် ၎င်းတို့ရဲ့ဘဝလက်ဆောင်ကို ကျေနပ်ရောင့်ရဲကြရပါတယ်။

ကောင်းချီးများဟာ မည်သည့်ပုံစံ၊ မည်သည့်အခြေအနေမျိုးတွင်မဆို ကျွန်တော်တို့ဆီ အမှန်တကယ် ရောက်လာတတ်ပြီး ကျွန်တော်တို့ဟာ ကျွန်တော်တို့သိထားသည်ထက် ပိုပြီးကောင်းချီးခံစားရတတ်ပါတယ်။ ဒါပေမဲ့ တစ်ခုတည်းသောခြားနားချက်မှာ ထိုကောင်းချီးတွေကို ကျွန်တော်တို့ ဘယ်လိုအထိမ်းအမှတ်ပြု အသုံးချရမလဲဆိုတာဘဲ ဖြစ်ပါတယ်။

Mia (Mckzone daily)

Reference : wowcordillera

Be the first to comment on "မိသားစုကိုကူညီရန်နှင့် ကျောင်းစရိတ်အတွက် ကိုယ်တိုင် ငွေစုဆောင်းနိုင်ရန်အတွက် ရာသီပေါ်မှိုများကိုရောင်းချနေတဲ့ ကောင်လေး"

Leave a comment

Your email address will not be published.


*