ေက်ာင္းသူေလးမွာ စာေတာ္လြန္းတဲ့အတြက္ မနာလို၍ ဝမ္းကြဲအစ္ကို4ေယာက္ႏွင့္ ဆရာတစ္ဦးတို႔မွ ေဆးခတ္ၿပီးအုပ္စုဖြဲမုဒိမ္းက်င့္မႈျဖစ္ပြား

ဒီလိုမ်ိဳးအျဖစ္အပ်က္ကေတာ့ မည္သူတစ္ဦးတစ္ေယာက္ကမွ မၾကံဳေတြ႔ခ်င္ေလာက္တဲ့ ဆိုးဝါးလြန္းတဲ့ကိစၥရပ္တစ္ခုပါ ။ တစ္ေလာကမွ အိႏၵိယႏိုင္ငံမွာေနထိုင္တဲ့ အသက္16ႏွစ္အရြယ္ေက်ာင္းသူေလးဟာ စာေတာ္လြန္းတဲ့အတြက္ မနာလိုျဖစ္ခဲ့ၾကတဲ့ ဝမ္းကြဲအစ္ကို4ဦးႏွင့္ ဆရာတစ္ဦးတို႔မွ ေဆးခတ္ၿပီးအုပ္စုဖြဲ႔ အဓမၼျပဳက်င့္မႈျဖစ္ပြားခဲ့ပါတယ္ ။ ေက်ာင္းသူေလးနဲ႔အတူ မိသားစုအိမ္ႀကီးမွာအတူတကြေနထိုင္ၾကတဲ့ ဝမ္းကြဲအစ္ကို4ေယာက္မွာ စာေတာ္လြန္းတဲ့သူမကို မေက်မနပ္ျဖစ္လာခဲ့ပါတယ္ ။ တစ္ရက္မွာေတာ့ သူမကိုလက္စားေခ်ရန္အစီအစဥ္ဆြဲခဲ့ၾကၿပီး ၊ သူမကိုေန႔လည္စာ အတူစားဖို႔ ဖိတ္ေခၚခဲ့ပါတယ္ ။ ထို႔ေနာက္ သူမရဲ႕အစားအစာထဲသို႔ ေဆးခတ္ထည့္လိုက္ၿပီး ၊သူမစားသံုးၿပီးတဲ့ေနာက္မွာေတာ့ အသိစိတ္လြတ္သြားခဲ့ပါတယ္ ။

ထိုအခ်ိန္မွ ဝမ္းကြဲ႔အစ္ကို 4ေယာက္က သူမကို Sitapur ၿမိဳ႕မွာ႐ွိတဲ့ Maholi Thana က အစိုးရေက်ာင္းသို႔ေခၚေဆာင္သြားခဲ့ၿပီး အဓမၼျပဳက်င့္ခဲ့ၾကပါတယ္ ။ ထိုသို႔ အဓမၼျပဳက်င့္ေနခ်ိန္မွာ ေက်ာင္းဆရာတစ္ေယာက္ေရာက္႐ွိလာၿပီး တားျမစ္ရမဲ့အစား ထပ္ပါဝင္ပူးေပါင္းခဲ့ပါတယ္ ။ အဓမၼျပဳက်င့္ၾကရံုသာမက video ပါ႐ိုက္ကူးထားၾကၿပီး ၊ ၎ video ကို online ေပၚမွာျဖန္႔ေဝခဲ့ပါတယ္ ။ ေက်ာင္းသူေလးရဲ႕မိဘမ်ားမွာေတာ့ ျဖစ္ပ်က္အလံုးစံုကို သိ႐ွိသြားခဲ့ၿပီး video ကိုျမင္လိုက္ခ်ိန္မွာေတာ့ ရဲဌာနသို႔ ခ်က္ခ်င္းတိုင္ၾကားခဲ့ပါတယ္ ။ ရဲဌာနမွ တာဝန္႐ွိသူ၏ ေျပာျပခ်က္အရ ” ေက်ာင္းသူေလးကို ေဆးခတ္ၿပီး ေကာင္ေလးေတြနဲ႔ ဆရာက သူမကိုအလွည့္က်အဓမၼျပဳက်င့္ၿပီး တစ္ေယာက္ကဖုန္းနဲ႔ video ႐ိုက္ကူးေပးေနခဲ့တာပါ ။ သူမသတိျပန္ရခ်ိန္မွာေတာ့ သူမကိုေက်ာင္းခန္းထဲသို႔ဆြဲေခၚသြားခ်ိန္မွာ သူမဟာ ေတာ္ေတာ္ေလးကိုအားနဲေနၿပီး မူးေဝေနခဲ့ေၾကာင္း သူမရဲ႕အျဖစ္ကိုျပန္ေျပာျပခဲ့ပါတယ္ ။

Students in a Private High School in Bombay (Photo by Jerry Cooke/Corbis via Getty Images)

အေစာပိုင္းစစ္ေဆးခ်က္အရ သူမ၏အစ္ကို 4ေယာက္ဟာ စာေမးပြဲတိုင္းမွာ အမွတ္ေကာင္းလြန္းတဲ့သူမကို အ႐ွက္ခြဲခ်င္ခဲ့ၾကတာပါ ။ တစ္ေက်ာင္းထဲမွာေနၿပီး သူမထက္ အတန္းႀကီးတဲ့ဝမ္းကြဲအစ္ကိုမ်ားဟာ စာေမးပြဲက်ၿပီး မိသားစုဝင္ေတြထဲမွာအ႐ွက္ကြဲခဲ့တဲ့အျပင္ အျမဲသူမႏွင့္ႏႈိင္းယွဥ္ၿပီး ေျပာဆိုခံခဲ့ရတဲ့ အတြက္ေၾကာင့္ျဖစ္ပါတယ္ ။ အဆိုပါျပစ္မႈထဲမွာ ပါဝင္သူတစ္ဦးကို ဖမ္းဆီးရမိခဲ့ၿပီး က်န္4ဦးမွာ ထြက္ေျပးတိမ္းေ႐ွာင္ေနေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒီလိုမျိုးအဖြစ်အပျက်ကတော့ မည်သူတစ်ဦးတစ်ယောက်ကမှ မကြုံတွေ့ချင်လောက်တဲ့ ဆိုးဝါးလွန်းတဲ့ကိစ္စရပ်တစ်ခုပါ ။ တစ်လောကမှ အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ အသက်16နှစ်အရွယ်ကျောင်းသူလေးဟာ စာတော်လွန်းတဲ့အတွက် မနာလိုဖြစ်ခဲ့ကြတဲ့ ဝမ်းကွဲအစ်ကို4ဦးနှင့် ဆရာတစ်ဦးတို့မှ ဆေးခတ်ပြီးအုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ် ။ ကျောင်းသူလေးနဲ့အတူ မိသားစုအိမ်ကြီးမှာအတူတကွနေထိုင်ကြတဲ့ ဝမ်းကွဲအစ်ကို4ယောက်မှာ စာတော်လွန်းတဲ့သူမကို မကျေမနပ်ဖြစ်လာခဲ့ပါတယ် ။ တစ်ရက်မှာတော့ သူမကိုလက်စားချေရန်အစီအစဉ်ဆွဲခဲ့ကြပြီး ၊ သူမကိုနေ့လည်စာ အတူစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ် ။ ထို့နောက် သူမရဲ့အစားအစာထဲသို့ ဆေးခတ်ထည့်လိုက်ပြီး ၊သူမစားသုံးပြီးတဲ့နောက်မှာတော့ အသိစိတ်လွတ်သွားခဲ့ပါတယ် ။

ထိုအချိန်မှ ဝမ်းကွဲ့အစ်ကို 4ယောက်က သူမကို Sitapur မြို့မှာရှိတဲ့ Maholi Thana က အစိုးရကျောင်းသို့ခေါ်ဆောင်သွားခဲ့ပြီး အဓမ္မပြုကျင့်ခဲ့ကြပါတယ် ။ ထိုသို့ အဓမ္မပြုကျင့်နေချိန်မှာ ကျောင်းဆရာတစ်ယောက်ရောက်ရှိလာပြီး တားမြစ်ရမဲ့အစား ထပ်ပါဝင်ပူးပေါင်းခဲ့ပါတယ် ။ အဓမ္မပြုကျင့်ကြရုံသာမက video ပါရိုက်ကူးထားကြပြီး ၊ ၎င်း video ကို online ပေါ်မှာဖြန့်ဝေခဲ့ပါတယ် ။ ကျောင်းသူလေးရဲ့မိဘများမှာတော့ ဖြစ်ပျက်အလုံးစုံကို သိရှိသွားခဲ့ပြီး video ကိုမြင်လိုက်ချိန်မှာတော့ ရဲဌာနသို့ ချက်ချင်းတိုင်ကြားခဲ့ပါတယ် ။ ရဲဌာနမှ တာဝန်ရှိသူ၏ ပြောပြချက်အရ ” ကျောင်းသူလေးကို ဆေးခတ်ပြီး ကောင်လေးတွေနဲ့ ဆရာက သူမကိုအလှည့်ကျအဓမ္မပြုကျင့်ပြီး တစ်ယောက်ကဖုန်းနဲ့ video ရိုက်ကူးပေးနေခဲ့တာပါ ။ သူမသတိပြန်ရချိန်မှာတော့ သူမကိုကျောင်းခန်းထဲသို့ဆွဲခေါ်သွားချိန်မှာ သူမဟာ တော်တော်လေးကိုအားနဲနေပြီး မူးဝေနေခဲ့ကြောင်း သူမရဲ့အဖြစ်ကိုပြန်ပြောပြခဲ့ပါတယ် ။

အစောပိုင်းစစ်ဆေးချက်အရ သူမ၏အစ်ကို 4ယောက်ဟာ စာမေးပွဲတိုင်းမှာ အမှတ်ကောင်းလွန်းတဲ့သူမကို အရှက်ခွဲချင်ခဲ့ကြတာပါ ။ တစ်ကျောင်းထဲမှာနေပြီး သူမထက် အတန်းကြီးတဲ့ဝမ်းကွဲအစ်ကိုများဟာ စာမေးပွဲကျပြီး မိသားစုဝင်တွေထဲမှာအရှက်ကွဲခဲ့တဲ့အပြင် အမြဲသူမနှင့်နှိုင်းယှဉ်ပြီး ပြောဆိုခံခဲ့ရတဲ့ အတွက်ကြောင့်ဖြစ်ပါတယ် ။ အဆိုပါပြစ်မှုထဲမှာ ပါဝင်သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကျန်4ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment