ရှေ့ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ပေပြီး စိတ်အားထက်သန်မှုကြောင့် ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်တတ်နေပြီဖြစ်တဲ့ ခွေးလေး

တိရိစ္ဆာန်များက လူသားများကဲ့သို့ စိတ်ဆန္ဒ ထက်သန်ပြီး အခက်အခဲတွေကို အလျှော့မပေးဘဲ မထင်မှတ်ထားတဲ့ အရာတွေ အများကြီး လုပ်နိုင်ခဲ့တာတွေလည်း ရှိပါတယ် ။ Dexter လို့အမည်ပေးထားတဲ့ ခွေးတစ်ကောင်လိုပဲ ဒီနှစ်က အသက် 6 နှစ်ကျော်ပြီဖြစ်ပြီး ခြေထောက်တစ်ချောင်းမရှိတာကြောင့် လမ်းလျှောက်ရတာ အလွန်ခက်ခဲပေမဲ့ နောက်ခြေထောက်တွေနဲ့ သွက်သွက်လက်လက် လမ်းလျှောက်တတ်အောင် သင်ယူနိုင်ခဲ့ပါတယ် ။ ခွေးလေး ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်နေတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်မှာ ရေပန်းစားခဲ့ပါတယ် ။ သူအသက် 1 နှစ်အရွယ်မှာ ပြေးလွှားခုန်ပေါက်ရင်း အလုပ်ရှုပ်နေတာကြောင့် ခွေးလေး Dexter က မတော်တဆမှု ဖြစ်ခဲ့ပါတယ် ။

.

ကံကောင်းထောက်မစွာ၊ ခွေးက လွတ်မြောက်ခဲ့ပေမယ့် ၁ နာရီနီးပါးကြာ ခွဲစိတ်ပြီးနောက် ခွေးက ရှေ့ခြေထောက်ကို အပြီးတိုင် ဆုံးရှုံးခဲ့ရပါတယ် ။ ဒါပေမဲ့လည်း ခွေးက ၎င်းရဲ့နောက်ခြေထောက်များကို လှမ်းကိုင်နိုင်ခဲ့ပါတယ် ။

.

ခွေးပိုင်ရှင်က “ကျွန်ုပ်တို့ သူ့ကို တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ ခေါ်သွားတယ်၊ ခွဲစိတ်ပြီး မိနစ် 60 အကြာမှာတော့ သူ့ကို ကယ်တင်နိုင်ခဲ့ပါတယ်။ နောက်တော့ အိမ်မှာ သူ့ကို ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်ဖို့ သင်ယူပေးခဲ့တယ်။” လို့ ဆိုပါတယ် ။

အစပိုင်းမှာတော့ မိသားစုဟာ ခွေးလေး လမ်းလျှောက်ရလွယ်ကူစေဖို့အတွက် ဘီးတွေပါတဲ့ စက်ပစ္စည်းတချို့ကို ဝယ်ယူခဲ့ပေမယ့် လွတ်လွတ်လပ်လပ် ပြေးလို့မရနိုင်တာကြောင့် ခွေးက တဖြည်းဖြည်း စွန့်လွှတ်လိုက်ရပါတယ် ။

မိသားစုက ခွေးကို မြက်ခင်းပြင်ကျယ်ကြီးထဲ ဆော့ကစားဖို့ ခေါ်သွားတဲ့အခါ ခွေးက သူ့နောက်ခြေထောက်နှစ်ချောင်းကို လှုပ်ရှားနိုင်တဲ့အခါ အားလုံးက အံ့သြသွားကြပါတယ် ။ သူက အလွန်လျင်မြန်စွာ ပြေးနိုင်ပြီး ခြံဝကို ကိုယ်တိုင် သွားနိုင်ခဲ့ပါတယ် ။

မကြာခင်မှာပဲ မိသားစုဝင်တွေက ခွေးခြေထောက်နှစ်ချောင်းကို အလွယ်တကူ လှုပ်ရှားနိုင်တဲ့ ဗီဒီယိုဖိုင်ကို ရိုက်ကူးပြီး TikTok နဲ့ Instagram တို့လို လူမှုကွန်ရက်တွေမှာ တင်ခဲ့ပါတယ် ။ သိပ်မကြာခင်မှာပဲ ခွေးလေး Dexter ဟာ ကွန်ရက်ဖြစ်စဉ်တစ်ခုအနေနဲ့ နာမည်ကြီးလာခဲ့ပါတယ် ။

လူတော်တော်များများက ခွေးလေးရဲ့ စိတ်ဓာတ်ကို ချစ်မြတ်နိုးကြပြီး ချစ်ခင်လေးစားမှုကို ပြသခဲ့ကြပါတယ် ။ ခွေးက ခြေနှစ်ချောင်းဖြင့် လမ်းလျှောက်နိုင်ဖို့က Dexter ဟာ သခင်ကို အားမကိုးရဘဲ သူ့ကိုယ်သူ သင်ကြားခဲ့ပြီး အလွန်ကျွမ်းကျင်အောင် လျှောက်နိုင်ခဲ့တာပါ ။

JRose (Mckzone daily)

Reference : bestie

Be the first to comment on "ရှေ့ခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ပေပြီး စိတ်အားထက်သန်မှုကြောင့် ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်တတ်နေပြီဖြစ်တဲ့ ခွေးလေး"

Leave a comment

Your email address will not be published.


*