လူတို့စွန့်ပစ်လိုက်တဲ့အရာဝတ္ထုပစ္စည်းဟောင်းများကို လှပတဲ့အနုပညာလက်ရာများအဖြစ် ပြောင်းလဲဖန်တီးတဲ့ ပန်းချီဆရာမ

ဒီနေ့ခေတ်မှာ တီထွင်ဖန်တီးမှုရှိတဲ့မီဒီယာတွေ အများအပြားရှိလာပြီဖြစ်ပါတယ်။ သို့ပေမဲ့ စွန့်ပစ်ထားတဲ့အရာဝတ္ထုများကို အသစ်စက်စက် အနုပညာလက်ရာအဖြစ်သို့ပြောင်းလဲခြင်းနည်းပညာကတော့ အံ့မခန်းဖြစ်ရပြီး ၎င်းကိုကြည့်ရှုသူတိုင်း ရင်ခုန်နေကြရပါတယ်။ “လူအချို့၏အမှိုက်သည် အခြားသူ၏ရတနာဖြစ်သည်” ဟူတဲ့ ဆိုရိုးစကားရှိသလိုဘဲ တရုတ်နိုင်ငံမှ လှပသော ပန်းချီဆရာမဖြစ်တဲ့ Zhao Xiaoli ဟာ အမှိုက်များကို အနုပညာအသစ်အဖြစ် ပြောင်းလဲရာတွင် အလွန်ကျွမ်းကျင်ပါတယ်။ အမှိုက်ကို ရတနာအဖြစ်သို့ ပြောင်းလဲခြင်း၏ထူးချွန်သောကျွမ်းကျင်မှုဖြင့် သူမဖန်တီးခဲ့တဲ့လက်ရာတိုင်းကို အွန်လိုင်းတွင်မျှဝေထားခဲ့ပြီး လူတိုင်းရဲ့အာရုံစူးစိုက်မှုမှာတော့ သူမဟာ သိပ်နာမည်မကြီးပေမယ့် Instagram မှာမျှဝေခဲ့တဲ့အရည်အချင်းရှိသူ တစ်ဦးတည်းသာဖြစ်ပါတယ်။

.

နောက်ပိုင်းမှာ အသက် 31 နှစ်အရွယ် တရုတ်ပန်းချီဆရာမ Zhao Xiaoli ဟာ အင်တာနက်ပေါ်တွင် အာရုံစိုက်မှုများစွာရရှိခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူမရဲ့ဖန်တီးမှုကို လူအချို့က “အမှိုက်” လို့ အမည်တပ်ခဲ့ခြင်းကြောင့်ပါဘဲ။

.

တီဗီအစုံ၊ စွန့်ပစ်ထားတဲ့စွန်ရဲများနှင့် သာမန်လူများမလိုအပ်တော့တဲ့တံခါးများက ဆေးခြယ်သရန် သူမရဲ့စိတ်ကူးစိတ်သန်းများ ဖြစ်လာခဲ့ပြီး မူလက ခြစ်မိသောအရာဝတ္ထုအချို့ဟာ စက္ကန့်ပိုင်းအတွင်း လှပသောအနုပညာလက်ရာများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။ သူမရဲ့ အရည်အချင်းကို ရှာဖွေတွေ့ရှိတဲ့ အချိန်မှာတော့ အင်တာနက်သုံးစွဲသူတွေက အတော်လေး အံ့အားသင့်ခဲ့ကြပါတယ်။

ဥပမာအားဖြင့်၊ Zhao Xiaoli ဟာ အကြံတစ်ခုရလာပြီး စွန့်ပစ်စာအုပ်တစ်အုပ်ရဲ့ရှေ့မျက်နှာဖုံးတွင် “ပုလဲနားကပ်နှင့် မိန်းကလေး” ကို ရေးဆွဲခဲ့ပါတယ်။

ထို့ပြင် Zhao Xiaoli ဟာ ရေနွေးအိုးဟောင်းတစ်လုံးကိုတွေ့ရှိပြီး ၎င်းရဲ့ခန္ဓာကိုယ်ပေါ်တွင် ပန်း၊လိပ်ပြာများကို ရေးဆွဲခဲ့ပြီး မူလ သံချေးတက်နေတဲ့ ကြမ်းတမ်းတဲ့ခန္ဓာကိုယ်မှ ၎င်းကို သဘာဝရဲ့ ရင်ခုန်စရာ အဆင်တန်ဆာအဖြစ်ပြောင်းလဲကာ နွေးထွေးသော မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ထို့ပြင် ကွဲနေတဲ့မှန်ပြတင်းပေါက်တစ်ချပ်ကို ပန်းများကမ္ဘာရှိ ဂန္ထဝင်ပန်းချီကားတစ်ချပ်အဖြစ်ပြောင်းလဲပေခဲ့ပြီး ရလဒ်မှာ သာမာန် ပန်းချီကားအမျိုးအစားနှင့် မတူဘဲ သုံးဖက်မြင် ဖြစ်လာခဲ့ပါတယ်။

Zhao Xiaoli ဟာ အလွန်ထူးချွန်သောလက်များရှိပြီး သူမပန်းချီကားများရဲ့ဘေးမှာရပ်နေတဲ့သူမကလည်း အံ့သဩစရာကောင်းနေတာကိုတွေ့မြင်နိုင်ပါတယ်။ သူမရဲ့ ပန်းချီကားများဟာ ကမ္ဘာ့အဆင့်မီပြီး သူမရဲ့ပန်းချီကားများကို ကမ္ဘာတဝှမ်း၌ လူသိများနေတာကလည်း အံ့ဩစရာမဟုတ်တော့ပါဘူး။

Zhao Xiaoli က “ပန်းချီဆိုတာ ဘဝရဲ့တာဝန်ပဲ” ဟုဆိုခဲ့ပါတယ်။ အမှိုက်ကောက်ပြီး ပန်းချီကားအဖြစ်အသွင်ပြောင်းရာမှာ ဇွဲလုံ့လနဲ့ စိတ်အားထက်သန်မှုက သူမကို လှပစေရုံသာမက ပါရမီရှင်ပါလို့ လူအများကိုပါ အထင်ကြီးသွားစေခဲ့ပါတယ်။ သူမရဲ့လက်ရာတွေကို အနာဂတ်မှာ များများထုတ်လုပ်နိုင်ရင်တော့ အင်တာနက်သုံးစွဲသူအများအပြားကလည်း အမြဲအံ့ဩသွားရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "လူတို့စွန့်ပစ်လိုက်တဲ့အရာဝတ္ထုပစ္စည်းဟောင်းများကို လှပတဲ့အနုပညာလက်ရာများအဖြစ် ပြောင်းလဲဖန်တီးတဲ့ ပန်းချီဆရာမ"

Leave a comment

Your email address will not be published.


*