ဇနီးကို အိမ္သန္႔ရွင္းေရး ပထမဆုံးအႀကိမ္ ကူညီလုပ္ေဆာင္ေပးရာကေန ေလွကားမွ ျပဳတ္က်ၿပီး ေျခေထာက္က်ိဳးသြားခဲ့တဲ့ အမ်ိဳးသားရဲ႕အျဖစ္

United Kingdom မွာရွိတဲ့ Wales ၿမိဳ႕မွာ အသက္ 24 ႏွစ္အ႐ြယ္ Bethan Lewis Watling လို႔ေခၚတဲ့ အမ်ိဳးသမီးက အသက္ 26 ႏွစ္အ႐ြယ္ ​သူမရဲ႕ ခင္ပြန္း Nathan Marsh က ေလွကားထစ္ေပၚကေန ျပဳတ္က်ၿပီး နာက်င္စြာ ေအာ္ဟစ္ခဲ့ၿပီးေနာက္ အံ့အားသင့္သြားခဲ့ပါတယ္ ။ ထို႔အျပင္ ခင္ပြန္းရဲ႕ ခႏၶာကိုယ္မွာ ဖုန္စုပ္စက္ရဲ႕ႀကိဳးက ပတ္ထားေနခဲ့ပါတယ္ ။ Bethan နဲ႔ Nathan တို႔ လင္မယားက ႏွစ္ႏွစ္ၾကာ အတူေနခဲ့ၾကတယ္ဆိုေပမဲ့ Nathan က အိမ္ကို ဘယ္ေတာ့မွ သန္ရွင္းေရးမလုပ္ဖူးပါဘူး ။ ဒီတစ္ႀကိမ္မွာေတာ့ Bethan က သူ႔ကို ပထမအႀကိမ္ အိမ္သန႔္ရွင္းေရးလုပ္ခိုင္းလိုက္ပါတယ္ ။

ခနအၾကာမာ Bethan က က်ယ္ေလာင္တဲ့ ‘လက္ခုပ္သံ’ ကိုၾကားလိုက္ရၿပီး ကံမေကာင္းစြာနဲ႔ သူ႔ခင္ပြန္းက ဖုန္စုပ္စက္ရဲ႕ ႀကိဳးျဖင့္ အေပၚထပ္မွ ေလွကားေအာက္ထပ္သို႔ ျပဳတ္က်ခဲ့ပါတယ္ ။ Bethan က ပထမေတာ့ သူတကယ္နာက်င္ရမယ္လို႔ မယုံၾကည္ခဲ့ဘဲ ဟန္ေဆာင္ေနတာလို႔ ထင္ခဲ့ပါတယ္ ။ ဒါေပမဲ့ Nathan က ႀကီးစြာတဲ့ နာက်င္မႈေဝဒနာကို ျပသခဲ့ၿပီး သူ႔ရဲ႕ ညာဘက္ေျခေထာက္ မလႈပ္ႏိုင္ေသာေၾကာင့္ လူနာတင္ယာဥ္ကို အျမန္ေခၚခဲ့ရပါတယ္ ။

Wales ျပည္နယ္၊ Royal Glamorgan ေဆး႐ုံကို ေရာက္ရွိလာခ်ိန္မွာေတာ့ Nathan ကို ဓာတ္မွန္႐ိုက္ဖို႔ ေစလႊတ္ခဲ့ၿပီး ညာဘက္ေျခေထာက္ေအာက္ပိုင္း တီဘီယာနဲ႔ ဖီးဘူလာ က်ိဳးသြားခဲ့တာလို႔ ဆိုပါတယ္ ။ Nathan က အိပ္ရာထဲမွာ 4 ပတ္ၾကာအနားယူၿပီး 6 ပတ္ၾကာကုသမႈခံယူခဲ့ရပါတယ္ ။ Bethan က ထိုအေၾကာင္းကို Tiktok ပလပ္ေဖာင္းမွာ လူမႈေရးသမားမ်ားအတြက္ ဥပမာအျဖစ္ မွ်ေဝခဲ့ပါတယ္ ။ ဒါေပမယ့္ ၾကည့္ရႈမႈ 1.6 သန္းအထိ လူေတြကို ရယ္ေမာေစမယ့္ ဟာသလမ္းေၾကာင္းတစ္ခု ျဖစ္လာခဲ့ပါတယ္ ။

Mia (Mckzone daily)

Reference : khaosod

Unicode

United Kingdom မှာရှိတဲ့ Wales မြို့မှာ အသက် 24 နှစ်အရွယ် Bethan Lewis Watling လို့ခေါ်တဲ့ အမျိုးသမီးက အသက် 26 နှစ်အရွယ် ​သူမရဲ့ ခင်ပွန်း Nathan Marsh က လှေကားထစ်ပေါ်ကနေ ပြုတ်ကျပြီး နာကျင်စွာ အော်ဟစ်ခဲ့ပြီးနောက် အံ့အားသင့်သွားခဲ့ပါတယ် ။ ထို့အပြင် ခင်ပွန်းရဲ့ ခန္ဓာကိုယ်မှာ ဖုန်စုပ်စက်ရဲ့ကြိုးက ပတ်ထားနေခဲ့ပါတယ် ။ Bethan နဲ့ Nathan တို့ လင်မယားက နှစ်နှစ်ကြာ အတူနေခဲ့ကြတယ်ဆိုပေမဲ့ Nathan က အိမ်ကို ဘယ်တော့မှ သန်ရှင်းရေးမလုပ်ဖူးပါဘူး ။ ဒီတစ်ကြိမ်မှာတော့ Bethan က သူ့ကို ပထမအကြိမ် အိမ်သန့်ရှင်းရေးလုပ်ခိုင်းလိုက်ပါတယ် ။

ခနအကြာမာ Bethan က ကျယ်လောင်တဲ့ ‘လက်ခုပ်သံ’ ကိုကြားလိုက်ရပြီး ကံမကောင်းစွာနဲ့ သူ့ခင်ပွန်းက ဖုန်စုပ်စက်ရဲ့ ကြိုးဖြင့် အပေါ်ထပ်မှ လှေကားအောက်ထပ်သို့ ပြုတ်ကျခဲ့ပါတယ် ။ Bethan က ပထမတော့ သူတကယ်နာကျင်ရမယ်လို့ မယုံကြည်ခဲ့ဘဲ ဟန်ဆောင်နေတာလို့ ထင်ခဲ့ပါတယ် ။ ဒါပေမဲ့ Nathan က ကြီးစွာတဲ့ နာကျင်မှုဝေဒနာကို ပြသခဲ့ပြီး သူ့ရဲ့ ညာဘက်ခြေထောက် မလှုပ်နိုင်သောကြောင့် လူနာတင်ယာဉ်ကို အမြန်ခေါ်ခဲ့ရပါတယ် ။

Wales ပြည်နယ်၊ Royal Glamorgan ဆေးရုံကို ရောက်ရှိလာချိန်မှာတော့ Nathan ကို ဓာတ်မှန်ရိုက်ဖို့ စေလွှတ်ခဲ့ပြီး ညာဘက်ခြေထောက်အောက်ပိုင်း တီဘီယာနဲ့ ဖီးဘူလာ ကျိုးသွားခဲ့တာလို့ ဆိုပါတယ် ။ Nathan က အိပ်ရာထဲမှာ 4 ပတ်ကြာအနားယူပြီး 6 ပတ်ကြာကုသမှုခံယူခဲ့ရပါတယ် ။ Bethan က ထိုအကြောင်းကို Tiktok ပလပ်ဖောင်းမှာ လူမှုရေးသမားများအတွက် ဥပမာအဖြစ် မျှဝေခဲ့ပါတယ် ။ ဒါပေမယ့် ကြည့်ရှုမှု 1.6 သန်းအထိ လူတွေကို ရယ်မောစေမယ့် ဟာသလမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ် ။

Mia (Mckzone daily)

Be the first to comment on "ဇနီးကို အိမ္သန္႔ရွင္းေရး ပထမဆုံးအႀကိမ္ ကူညီလုပ္ေဆာင္ေပးရာကေန ေလွကားမွ ျပဳတ္က်ၿပီး ေျခေထာက္က်ိဳးသြားခဲ့တဲ့ အမ်ိဳးသားရဲ႕အျဖစ္"

Leave a comment

Your email address will not be published.


*