နားရွက်ဆုံးရှုံးသွားတဲ့အတွက် အားကိုးရာမဲ့နေတဲ့ဘဝမှာ ကြင်နာတတ်တဲ့သခင်ကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ကြောင်လေး

ကြောင်ဖြူ Otities ဟာ နားနှစ်ဖက်လုံး ဆုံးရှုံးသွားတဲ့အတွက်ကြောင့် အကြားအာရုံ လုံးဝနီးပါး ဆုံးရှုံးသွားပါတယ် ။ ပိုင်ရှင်က ကြောင်ကို မစောင့်ရှောက်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပေမယ့် ကြောင်ကို တိရိစ္ဆာန်ဂေဟာမှာ သွားပို့ပြီး ချို့ယွင်းချက်ကြောင့် ယခုကြောင်က ပိုင်ရှင်ထံမှ အချစ်ကို မရရှိသေးသောကြောင့် ပို၍ပင် သနားစရာ ကောင်းလာခဲ့ပါတယ် ။ ကံကောင်းထောက်မစွာ၊ ကြင်နာတတ်တဲ့ မိန်းကလေးတစ်ယောက်က ကြောင်လေးကို မွေးစားခဲ့ပါတယ် ။ Molly လို့ခေါ်တဲ့ မိန်းကလေးဟာ မကြာသေးမီက ဘွဲ့ရကျောင်းသူတစ်ဦးဖြစ်ပြီး သူမက အကြားအာရုံချို့ယွင်းသော တိရစ္ဆာန်များကို ပြုစုစောင့်ရှောက်ပေးတဲ့ အတွေ့အကြုံရှိသောကြောင့် Otities ကြောင်ကို မြင်တဲ့အခါမှာ သူမက ၎င်းကို ချက်ချင်းမွေးစားခဲ့ပါတယ် ။

.

ပိုင်ရှင်ရဲ့ စိတ်ရင်းမှန်နဲ့ ခိုင်ခံ့တဲ့ ချစ်ခြင်းမေတ္တာကြောင့် ကြောင်ဟာ အလွန်ရွှင်လန်းပျော်ရွှင်သောဘဝဖြင့် နေထိုင်ခဲ့ရပြီး အထူးသဖြင့်၊ ကြောင်က မိန်းမလေးနှစ်ပေါင်းများစွာ စွဲမြဲနေခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာရောဂါကို ကုသရာမှာလည်း ကူညီပေးခဲ့ပါတယ် ။

.

ကားမတော်တဆမှုအပြီးမှာ သူမက စိုးရိမ်သောကရောဂါကို ခံစားနေရပြီး တိရိစ္ဆာန်များအနီးမှာ ရှိနေခြင်းက သူမရဲ့စိတ်ကို သက်တောင့်သက်သာရှိစေမဲ့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ သူမယူဆကြောင်း Molly မှ ပြောကြားခဲ့ပါတယ် ။

.

Molly က အခြားပုံမှန်ကျန်းမာတဲ့ကြောင်များကို မွေးစားခြင်းမရှိခဲ့ဘဲ နားမရှိသောကြောင်တစ်ကောင်ကို မွေးစားခဲ့ရာမှာ သူမအတွက် ဒဏ်ရာများကို တစ်ယောက်နဲ့တစ်ယောက် ကုသပေးနိုင်သောကြောင့်ဖြစ်ပါတယ် ။

.

ကြောင်ကို ပြုစုပြီးကတည်းက စိုးရိမ်စိတ်၊ ဖိစီးမှု သို့မဟုတ် ထိတ်လန့်ခြင်းစတဲ့ အပြုအမူတွေကို လုံးဝ လျော့ကျသွားကြောင်း သူမ ရှင်းရှင်းလင်းလင်း ခံစားခဲ့ရပါတယ် ။ ကြောင်က အလွန်ဖော်ရွေပြီး ချစ်ဖို့ကောင်းရုံမကဘဲ ဝမ်းနည်းနေတဲ့ သခင်ကိုတွေ့တဲ့အခါ ကြောင်က အနီးသို့ ပြေးလာပြီး ပွေ့ဖက်ပေးတာကြောင့် Molly က “ကျွန်မရဲ့ စိတ်ကို အေးချမ်းစေတာက Otities ကြောင်ချည်းပါပဲ၊ သူက ငါ့ကို ကယ်တင်ခဲ့တဲ့သူပဲ ။” ဆိုပြီး ပြောခဲ့ပါတယ် ။

.

နေ့တိုင်း မိန်းကလေးနဲ့ကြောင် Otities တို့က တစ်ယောက်နဲ့တစ်ယောက် အဖော်ပြုပေးနေကြပါတယ် ။ အထီးကျန်ပြီး အားကိုးရာမဲ့နေတဲ့ ကြောင်လေးမှာ ကြင်နာပြီး ချစ်ဖို့ကောင်းတဲ့ သခင်ရှိပြီး Molly ကောင်မလေးမှာ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးဖို့ သူငယ်ချင်းတစ်ယောက်ရှိလာခဲ့ပါတယ် ။

Jasmine (Mckzone daily)

Reference : bestie

Be the first to comment on "နားရွက်ဆုံးရှုံးသွားတဲ့အတွက် အားကိုးရာမဲ့နေတဲ့ဘဝမှာ ကြင်နာတတ်တဲ့သခင်ကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ကြောင်လေး"

Leave a comment

Your email address will not be published.


*