Supermarket ထဲကေရခဲမုန္႔ကို လ်ွာနဲ႔လ်က္ၿပီး နဂိုေနရာမွာျပန္ထားကာ Video ပါ႐ိုက္ကူးၿပီး ရြပိုးထခဲ့တဲ့မိန္းကေလးရဲ႕ အဆံုးသတ္

Social media အသံုးျပဳေနၾကတဲ့လူအမ်ားစုကေတာ့ မိန္းကေလးတစ္ေယာက္ Supermarket ရဲ႕ ေရခဲေသတၱာထဲမွာ႐ွိတဲ့ ေရခဲမုန္႔ဗူးကိုယူၿပီး လ်ွာနဲ႔လ်က္ကာ မူလေနရာမွာျပန္ထားလိုက္တဲ့ video ကိုေတြ႔ဖူးၾကမွာပါ ။ ၎ video ကိုေတာ့ social media ေပၚမွာ ၿပီးခဲ့တဲ့ June 23 ရက္ေန႔က တင္ခဲ့တာျဖစ္ၿပီး ၊ အလ်င္အျမန္ပ်ံ့ႏွံ႔သြားခဲ့ကာ အဆိုပါလုပ္ရပ္မ်ိဳးအတြက္ လူအမ်ားစုက အျပစ္တင္႐ႈတ္ခ်ခဲ့ေပမဲ့လည္း ပိုၿပီးအထိတ္တလန္႔ျဖစ္ေစခဲ့တာကေတာ့ ၎ video ကိုအားေပးေထာက္ခံၿပီး လက္ေဆာ့ခ်င္တဲ့သူေတြ အတြက္ကေတာ့ ၎အျပဳအမႈမ်ိဳးဟာ supermarket ေတြမွာ ေခတ္စားေနလ်က္႐ွိပါတယ္ ။

အေမရိကန္ႏိုင္ငံ Texas ျပည္နယ္မွာ႐ွိေနတဲ့ ရဲအရာ႐ွိမ်ားကေတာ့ အဆိုပါအျပဳအမႈမ်ိဳးစတင္ခဲ့တဲ့ အမ်ိဳးသမီးကိုဖမ္းဆီးအေရးယူသြားမည္ျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္ ။ အာဏာပိုင္ေတြရဲ႕ ေၾကညာခ်က္အရ CCTV ထဲမွ ၎အမ်ိဳးသမီးနဲ႔႐ုပ္ခ်င္းဆင္တူတဲ့ သံသယ႐ွိသူကို လက္႐ွိမွာဖမ္းဝရမ္းမထုတ္ခင္ မည္သူမည္ဝါျဖစ္မွန္းအတည္ျပဳရန္ ေစာင့္စားေနေၾကာင္း သိ႐ွိရပါတယ္ ။

အဆိုပါအမ်ိဳးသမီးဟာ အဖမ္းခံရၿပီးရင္ေတာ့ သူမရဲ႕အျပဳအမႈေတြအေပၚေလ်ာ္ေၾကးေပးရမွာျဖစ္ၿပီး ၊ US ရဲ႕ဥပေဒအရ အမ်ားဆံုးေထာင္ဒဏ္ ႏွစ္ 20 အထိ ခ်မွတ္ခံရႏိုင္တဲ့အျပင္ ၊ ဒဏ္ေၾကးေငြအျဖစ္ US ေဒၚလာ 10,000 ခန္႔ေပးသြင္းရမွာျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Social media အသုံးပြုနေကြတဲ့လူအများစုကတော့ မိန်းကလေးတစ်ယောက် Supermarket ရဲ့ ရေခဲသေတ္တာထဲမှာရှိတဲ့ ရေခဲမုန့်ဗူးကိုယူပြီး လျှာနဲ့လျက်ကာ မူလနေရာမှာပြန်ထားလိုက်တဲ့ video ကိုတွေ့ဖူးကြမှာပါ ။ ၎င်း video ကိုတော့ social media ပေါ်မှာ ပြီးခဲ့တဲ့ June 23 ရက်နေ့က တင်ခဲ့တာဖြစ်ပြီး ၊ အလျင်အမြန်ပျံ့နှံ့သွားခဲ့ကာ အဆိုပါလုပ်ရပ်မျိုးအတွက် လူအများစုက အပြစ်တင်ရှုတ်ချခဲ့ပေမဲ့လည်း ပိုပြီးအထိတ်တလန့်ဖြစ်စေခဲ့တာကတော့ ၎င်း video ကိုအားပေးထောက်ခံပြီး လက်ဆော့ချင်တဲ့သူတွေ အတွက်ကတော့ ၎င်းအပြုအမှုမျိုးဟာ supermarket တွေမှာ ခေတ်စားနေလျက်ရှိပါတယ် ။

အမေရိကန်နိုင်ငံ Texas ပြည်နယ်မှာရှိနေတဲ့ ရဲအရာရှိများကတော့ အဆိုပါအပြုအမှုမျိုးစတင်ခဲ့တဲ့ အမျိုးသမီးကိုဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။ အာဏာပိုင်တွေရဲ့ ကြေညာချက်အရ CCTV ထဲမှ ၎င်းအမျိုးသမီးနဲ့ရုပ်ချင်းဆင်တူတဲ့ သံသယရှိသူကို လက်ရှိမှာဖမ်းဝရမ်းမထုတ်ခင် မည်သူမည်ဝါဖြစ်မှန်းအတည်ပြုရန် စောင့်စားနေကြောင်း သိရှိရပါတယ် ။

အဆိုပါအမျိုးသမီးဟာ အဖမ်းခံရပြီးရင်တော့ သူမရဲ့အပြုအမှုတွေအပေါ်လျော်ကြေးပေးရမှာဖြစ်ပြီး ၊ US ရဲ့ဥပဒေအရ အများဆုံးထောင်ဒဏ် နှစ် 20 အထိ ချမှတ်ခံရနိုင်တဲ့အပြင် ၊ ဒဏ်ကြေးငွေအဖြစ် US ဒေါ်လာ 10,000 ခန့်ပေးသွင်းရမှာဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment