အသက်က ၆၈ နှစ်လောက်ရှိပြီဖြစ်သော်လည်း အနားယူနေရမယ့်အစား အသက်မွေးဝမ်းကြောင်းအတွက် Delivery လုပ်ကိုင်နေရတဲ့ အဖိုး



JRose (Mckzone daily)

Reference : worldofbuzz

Unicode

ကပ်ရောဂါက ကျွန်ုပ်တို့ရဲ့အသက်မွေးဝမ်းကြောင်းအများစုကို ဆိုးရွားစွာထိခိုက်စေခဲ့ပြီး ကျန်းမာရေးသာမက နေ့စဉ်ရရှိရန် လိုအပ်တဲ့အရာများနဲ့လည်း ထိခိုက်စေတာပါ ။ ၀င်ငွေရင်းမြစ် ဆုံးရှုံးသွားသူများအတွက် အထူးသဖြင့် အသက်ကြီးသူတွေဆိုရင် ရုန်းကန်ရဖို့အတွက် စိတ်ကူးရခက်ပါတယ် ။ သက်ကြီးရွယ်အိုများ အနားယူရမဲ့အရွယ်မှာပင် အလုပ်ကြိုးစားဆဲဖြစ်တာကို မြင်ရတဲ့အခါ ဝမ်းနည်းဖွယ်ကောင်းသော်လည်း ဆက်လက်ရှင်သန်ရန်အတွက် အချို့မှာ အတင်းအကြပ်အလုပ်ခိုင်းစေခြင်းခံရပါသေးတယ် ။ TikTok မှာ Ashraf Danny မှ မျှဝေထားတဲ့အတိုင်း အစားအသောက်ပို့ဆောင်သူအဖြစ် အလုပ်ကြိုးစားနေဆဲဖြစ်တဲ့ အသက် ၆၈ နှစ်အရွယ် Atuk ရဲ့ အခြေအနေကို မြင်ရတာ စိတ်မကောင်းစရာပါပဲ ။ ဒါပေမယ့် အဘိုးဟာ သူ့ခန္ဓာကိုယ်က ကွေးညွှတ်နေပေမယ့် စိတ်ဓာတ်ကတော့ သန်မာနေဆဲပါ ။

Ashraf ရဲ့ အဆိုအရ အဆိုပါ အသက် ၆၈ နှစ်အရွယ် Atuk က ကုန်တင်ယာဉ်မောင်းတစ်ဦးဖြစ်ခဲ့ဖူးပြီး ယခုအခါ အသက်မွေးဝမ်းကျောင်းပြုရန် အစားအသောက်ပို့ဆောင်သူအဖြစ် လုပ်ကိုင်နေရပြီဖြစ်ပါတယ် ။ တိုတောင်းတဲ့ ကလစ်ထဲမှာ Atuk က သူရဲ့ နောက်ကျောကို ဆန့်တန်းလျက် ဖြည်းညှင်းစွာ လျှောက်သွားတာကို ကျွန်ုပ်တို့ အမှန်တကယ် တွေ့မြင်နိုင်သော်လည်း သူက အစာကို အချိန်မီ ပို့ဆောင်နိုင်ရန် အားထုတ်နေဆဲ ဖြစ်ပါတယ် ။ ဒီလိုသက်ကြီးအဘိုးအဘွားတွေ အလုပ်လုပ်ပြီး ရုန်းကန်နေတာတွေကို မြင်ရတော့ စာဖတ်သူတို့လည်း စိတ်မကောင်းဖြစ်မိတယ်မလား ။ အမှန်တကယ်ဆို မြေးများနဲ့ ကစားရင်း အေးအေးဆေးဆေး အိမ်မှာ နေသင့်တာပါ ။

JRose (Mckzone daily)

Be the first to comment on "အသက်က ၆၈ နှစ်လောက်ရှိပြီဖြစ်သော်လည်း အနားယူနေရမယ့်အစား အသက်မွေးဝမ်းကြောင်းအတွက် Delivery လုပ်ကိုင်နေရတဲ့ အဖိုး"

Leave a comment

Your email address will not be published.


*