မြေးလေးတွေနဲ့ အတတ်နိုင်ဆုံး အချိန်အတူတူကုန်ဆုံးချင်လို့ မီနီဘတ်စ်ကားတစ်စီးကိုဝယ်ယူပြီး နေ့တိုင်း ကျောင်းကြိုပို့လုပ်ပေးတဲ့ အဘိုး (ရုပ်သံ)

အဘိုးအဘွားအများစုဟာ ၎င်းတို့ဘ၀မှာ ကြုံဆုံဖူးတဲ့ ဒါမှမဟုတ် ပြီးမြောက်အောင်မြင်ခဲ့တဲ့ အရာတွေထက် အဘိုးအဘွားတို့ နှစ်သက်သဘောကျတဲ့အရာတစ်ခုခဲ့ရှိရင် ၎င်းက သေချာပေါက် ၎င်းတို့ရဲ့မြေးတွေပါပဲ။ မြေးလေးတွေဟာ အဘိုးအဘွားများအတွက် ဆုဖလားများကဲ့သို့ဖြစ်ပြီး ၎င်းတို့ဟာ တတ်နိုင်သမျှ မြေးလေးတွေနဲ့သာအချိန်ကုန်ဆုံးလိုကြပါတယ်။ ထို့ကဲ့သို့ဘဲ Dong Hayes အမည်ရှိအဘိုးတစ်ဦးမှာ ဂုဏ်ယူရမည့် မြေး ၁၀ ဦးရှိပါတယ်။ မြေး ၁၀ ဦးရှိခြင်းမှာ ၎င်းတို့တစ်ဦးချင်းစီနှင့်အတူ တတ်နိုင်သမျှ အချိန်ဖြုန်းရန် ခက်ခဲစေတာကြောင့် Dong မှာ အကြံဉာဏ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ မြေးလေးတွေနဲ့အတူ နေ့စဉ်နေ့တိုင်းအချိန်ကုန်ဆုံးချင်နေတဲ့ Dong ဟာ နောက်ဆုံး မြေးလေးတွေနဲ့ စကားအကြာကြီးပြောနိုင်သလို ကျောင်းကြိုလည်းလုပ်ပေးနိုင်မဲ့ မီနီဘတ်စ်ကားလေးတစ်စီးကို ဝယ်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ဇနီးဖြစ်သူ Amy က Dong ရဲ့၅၉ နှစ်ပြည့်မွေးနေ့မှာ ဘာလိုချင်လဲကြောင်း မေးတဲ့အခါမှာတော့ Dong က “ ငါ အလုပ်မသွားချင် မနက်တိုင်း ငါ့မြေးလေးတွေအားလုံးကိုတင်ပြီး ကျောင်းပေးချင်လို့ ဘတ်စ်ကားသေးသေးလေးတစ်စီးဘဲဖြစ်ဖြစ် လိုချင်တယ် ၊သူတို့တွေနဲ့ ကားပေါ်မှာ သီချင်းတွေဆိုမယ်၊ စကားပြောမယ်၊ သူတို့အဘိုးနဲ့ လုပ်ခဲ့တာတွေကို မမေ့စေဖို့အတွက်ပါဘဲ ၊ ပိုက်ဆံသာ အရာဝတ္ထုမဟုတ်ရင် ငါဘတ်စ်ကားတစ်စီးလိုချင်တယ်” လို့ ချက်ချင်းပြန်ဖြေခဲ့ပါတယ်။ မြေးတွေအားလုံးက ကျောင်းနှင့် မိုင် ၂၀ အတွင်း နေထိုင်ကြပြီး အဘိုး Dong ရဲ့အလုပ်က ကျောင်းနှင့် ၃ မိုင်သာဝေးပါတယ်။

ဇနီးဖြစ်သူ Amy က ပြီးပြည့်စုံတဲ့မီနီဘတ်စ်ကားကိုရှာတွေ့ရန် တစ်လကျော်ကြာရှာဖွေခဲ့ရပြီး မကြာမီမှာပင် Dong အတွက် “Grandfather Express” ဆိုတဲ့ဘတ်စ်ကားဟာ အိမ်ရှေ့ကားလမ်းဘေးမှာ လာရပ်ထားခဲ့ပါတယ်။ “ အဓိကကတော့ မနက်တိုင်း သူလေးတွေနဲ့ မိနစ်အနည်းငယ်လောက် အချိန်ပေးချင်တာပါပဲ” လို့ မြေးတွေကိုသိပ်ချစ်တဲ့ အဘိုး Dong က ဆိုပါတယ်။

CNN ၏အဆိုအရ Dong ဟာ လမ်း​ဘေးမှာ ရပ်နေတဲ့ဘတ်စ်ကားကို မောင်းဖို့မစောင့်နိုင်တော့တာကြောင့် ခရစ္စမတ်အားလပ်ရက်ပြီးနောက်မှာ ပထမဆုံးနေ့ပြန်ခရီးအတွက်လည်း စီစဉ်ထားပါသေးတယ်။

မြေးလေးတွေအားလုံးကလည်း ၎င်းတို့ရဲ့ခရစ္စမတ်လက်ဆောင်နဲ့အတူ ပျော်ရွှင်နေခဲ့ကြပြီး ကျောင်းကားအသစ်အတွက် မြေးလေးတွေရဲ့ကနဦးတုံ့ပြန်မှုကို ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

.

ဒီအဘိုးဟာ ရွှေနှလုံးသားရှိပြီး သူ့မြေးတွေကလည်း သူ့ကို အဘိုးတော်ခွင့်ရခဲ့လို့ အရမ်းကံကောင်းနေခဲ့ပါတယ်။ ၎င်းတို့ဟာ ၎င်းတို့ရဲ့ကျောင်းကားကို စိတ်ကြိုက်ပြန်ပြင်ဆင်ပြီး နောင်နှစ်ပေါင်းများစွာအထိလည်း အသုံးပြုနိုင်ပါသေးတယ်။

အဘိုး Dong က အခုဆိုရင် ကျောင်းကြိုပို့လုပ်ရင်း သူ့မြေးလေးတွေကို နေ့တိုင်းတွေ့နိုင်ပြီဘဲဖြစ်ပါတယ်။

Mia (Mckzone daily)

Reference : buzznicked

Be the first to comment on "မြေးလေးတွေနဲ့ အတတ်နိုင်ဆုံး အချိန်အတူတူကုန်ဆုံးချင်လို့ မီနီဘတ်စ်ကားတစ်စီးကိုဝယ်ယူပြီး နေ့တိုင်း ကျောင်းကြိုပို့လုပ်ပေးတဲ့ အဘိုး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*