5 ကီလိုဂရမ်ရှိတဲ့ ချောကလက်ကို VND 1.3 သန်းဖြင့် ဝယ်ယူပြီး ပရိသတ်တွေကို စားပြခဲ့တဲ့ Vlogger အမျိုးသမီ




JRose (KB Chimmy One)

Reference : bestie

Unicode

Quynh Tran JP လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ သမီးကလေး Sa နဲ့ အတူ ပရိသတ်ရဲ့ အပြန်အလှန် ဆက်သွယ်မှု အများအပြားကို ဆွဲဆောင်နိုင်တဲ့ ရိုးသား ရယ်မောတဲ့ သုံးသပ်ချက်များကို တင်ပြပေးခဲ့ပါတယ် ။ ဂျပန်နိုင်ငံရှိ “အစမရှိ၊ အဆုံးမရှိ” ဇာတ်လမ်းများ ၊ ဥယျာဉ်ကြီးတစ်ခုကို ပြသခြင်း၊ အိမ်အသစ်ဝယ်ခြင်းတို့ကို ပြသရုံသာမက Quynh Tran JP ရဲ့ ဗီဒီယိုများက ကြည့်ရှုသူများကို ဆွဲဆောင်နိုင်ခဲ့ပါတယ် ။ မကြာသေးမီက သူမဟာ စူပါဘီလူးချောကလက်ကို စမ်းသုံးကြည့်ရန် ပိုက်ဆံ သန်းနဲ့ချီပြီး အပြင်းအထန်သုံးစွဲခဲ့ကာ လူတိုင်းက ချောကလက်ရဲ့ အရသာ ဘယ်လိုရှိလည်း ဆိုတာကို မေးမြန်စေခဲ့ပါတယ် ။

၎င်းရဲ့ YouTube ချန်နယ်မှာ Quynh Tran JP က ထို အလွန်ကြီးမားတဲ့ ချောကလက်တုံးက အလေးချိန် 5 ကီလိုဂရမ်ရှိပြီး VND 1.3 သန်းကုန်ကျကြောင်း ပြောကြားခဲ့ပါတယ် ။ ချောကလက်သေတ္တာကို ဖောက်ထုတ်လိုက်တဲ့အခါ ထုတ်လုပ်သူတွေက မစားခင် ရိုက်ချိုးရန် တူတစ်ချောင်းပါ ထည့်ထားပေးတာကို တွေ့ပြီး အမေနဲ့ သမီးတို့ အံ့သြသွားကြပါတယ် ။ ချောကလက်ကို စမ်းသုံးကြည့်ပြီးနောက် Quynh Tran JP က ဒီချောကလက်ဟာ အလွန်ကြီးမားတာကြောင့် အာရုံစူးစိုက်မှုကိုသာ ဆွဲဆောင်နိုင်ပေမယ့် အရသာကတော့ ပုံမှန်ချောကလက်နဲ့ သိပ်မကွာခြားဘူး လို့ ဆိုပြီးနောက် ခါးသီးတဲ့ အရသာမရှိပဲ ချိုမြိန်လွန်းလှပါတယ်တယ်လို့ ပြောပါတယ် ။

အဲဒီမတိုင်ခင် Quynh Tran JP က ဖိနပ်နှစ်ချောင်း၊ ဒေါက်မြင့်ဖိနပ်တစ်ရံနဲ့ အမျိုးသားဖိနပ်တစ်ရံကို ကိုင်ဆောင်လိုက်တဲ့အခါ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ် ။ သူမက “အမျိုးသားနဲ့အမျိုးသမီး ဖိနပ်ဖြင့် သင့်သွားများ မာကျောမှုကို စမ်းသပ်ရန် ကြီးကြီးကျယ်ကျယ် ကစားပါ” ဆိုတဲ့ ဗီဒီယိုကို မျှဝေခဲ့ပါတယ် ။ နောက်တော့မှ အဆိုပါ ဖိနပ်ဟာ ချောကလက်ဖြစ်ကြောင်း သူမရှင်းပြလိုက်တဲ့အချိန်မှ လူတိုင်းသက်ပြင်းချနိုင်ခဲ့ကြပါတယ် ။

JRose (KB Chimmy One)

Be the first to comment on "5 ကီလိုဂရမ်ရှိတဲ့ ချောကလက်ကို VND 1.3 သန်းဖြင့် ဝယ်ယူပြီး ပရိသတ်တွေကို စားပြခဲ့တဲ့ Vlogger အမျိုးသမီ"

Leave a comment

Your email address will not be published.


*