သူငယ္ခ်င္းကိုေက်ာေပၚတင္ၿပီး အိမ္တစ္ဝိုက္ လမ္းေလွ်ာက္သြားလာေနၾကတဲ့ ေၾကာင္နဲ႔လိပ္တို႔ရဲ႕ အံ့ဩဖြယ္ရာရင္းႏွီးမႈ (႐ုပ္သံ)

ဂ်ပန္ႏိုင္ငံမွ မ်ိဳးစိတ္မတူကြဲျပားတဲ့ ေၾကာင္နဲ႔ လိပ္ၾကားရွိ တိရစာၦန္တို႔ရဲ႕ အံ့ၾသဖြယ္ရာ ခ်စ္ၾကည္ရင္းႏွီးမႈေၾကာင့္ netizen မ်ားစြာ တုန္လႈပ္ အံ့အားသင့္ခဲ့ရပါတယ္ ။ အဆိုပါ ဗီဒီယိုကို ဂ်ပန္တြစ္တာအသုံးျပဳသူတစ္ဦး ( @nyanko_kame78 ) က ေဝမွ်ခဲ့တာပါ ။ “Maho-chan” လို႔ အမည္ေပးထားတဲ့ မိုက္မဲေသာ ေၾကာင္ကေလးကို လြန္ခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္က ေမြးစားခဲ့တာပါ ။ ဗီဒီယိုထဲမွာ Maho-chan ေၾကာင္တစ္ေကာင္ဟာ အိမ္အသစ္မ်ားနဲ႔ ေကာင္းမြန္စြာ လိုက္ေလ်ာညီေထြေနထိုင္ႏိုင္ၿပီး ကမာၻေပၚရွိ သက္ရွိတိုင္းနဲ႔ ေကာင္းမြန္စြာ ေပါင္းသင္းႏိုင္သူလို႔ ျမင္ေတြ႕ရပါတယ္ ။

ေၾကာင္ကေလးက သူ႔ရဲ႕ သူငယ္ခ်င္းလိပ္ကေလးကို ယာဥ္အျဖစ္ အသုံးျပဳၿပီး အတူတူေပ်ာ္ပါးေနၾကပါတယ္ ။ ႐ိုး႐ိုးနဲ႔တိတ္ဆိတ္တဲ့ 3 ႏွစ္သားလိပ္ေလးဟာ Rikuo-kun လို႔ေခၚတြင္ၿပီး အစာစားျခင္းနဲ႔ လမ္းေလွ်ာက္ျခင္းကို ႏွစ္သက္ပါတယ္ ။ ဒါေၾကာင့္ Rikuo က အိမ္တဝိုက္ လမ္းေလွ်ာက္ဖို႔ Maho-chan ကို ေက်ာေပၚတင္ထားရတာဟာ အနည္းငယ္ေလးလံေနေသာ္လည္း Rikuo-kun က စိတ္ပ်က္အားငယ္မႈမ်ိဳး ဘယ္ေသာအခါမွ မျပပါဘူး ။

ထိုခ်စ္စရာေကာင္းတဲ့ ခင္မင္ရင္းႏွီးမႈက Twitter မွာ လူသိမ်ားလာခဲ့ၿပီး အဆိုပါဗီဒီယိုကို အႀကိမ္ေပါင္း 35,000 ေက်ာ္ retweet လုပ္ခဲ့ၿပီး Like အႀကိမ္ေရ 200,000 နီးပါးအထိရွိခဲ့ပါတယ္ ။ အင္တာနက္အသုံးျပဳသူမ်ားက ၎ကို အၿပဳံးမ်ားနဲ႔ အေကာင္းဆုံးေဆာင္ၾကဥ္းေပးႏိုင္တဲ့ ဗီဒီယိုဖိုင္အျဖစ္ မွတ္ယူထားၾကပါတယ္ ။

JRose (Mckzone daily)

Reference : khaosod

Unicode

ဂျပန်နိုင်ငံမှ မျိုးစိတ်မတူကွဲပြားတဲ့ ကြောင်နဲ့ လိပ်ကြားရှိ တိရစ္ဆာန်တို့ရဲ့ အံ့သြဖွယ်ရာ ချစ်ကြည်ရင်းနှီးမှုကြောင့် netizen များစွာ တုန်လှုပ် အံ့အားသင့်ခဲ့ရပါတယ် ။ အဆိုပါ ဗီဒီယိုကို ဂျပန်တွစ်တာအသုံးပြုသူတစ်ဦး ( @nyanko_kame78 ) က ဝေမျှခဲ့တာပါ ။ “Maho-chan” လို့ အမည်ပေးထားတဲ့ မိုက်မဲသော ကြောင်ကလေးကို လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က မွေးစားခဲ့တာပါ ။ ဗီဒီယိုထဲမှာ Maho-chan ကြောင်တစ်ကောင်ဟာ အိမ်အသစ်များနဲ့ ကောင်းမွန်စွာ လိုက်လျောညီထွေနေထိုင်နိုင်ပြီး ကမ္ဘာပေါ်ရှိ သက်ရှိတိုင်းနဲ့ ကောင်းမွန်စွာ ပေါင်းသင်းနိုင်သူလို့ မြင်တွေ့ရပါတယ် ။

ကြောင်ကလေးက သူ့ရဲ့ သူငယ်ချင်းလိပ်ကလေးကို ယာဥ်အဖြစ် အသုံးပြုပြီး အတူတူပျော်ပါးနေကြပါတယ် ။ ရိုးရိုးနဲ့တိတ်ဆိတ်တဲ့ 3 နှစ်သားလိပ်လေးဟာ Rikuo-kun လို့ခေါ်တွင်ပြီး အစာစားခြင်းနဲ့ လမ်းလျှောက်ခြင်းကို နှစ်သက်ပါတယ် ။ ဒါကြောင့် Rikuo က အိမ်တဝိုက် လမ်းလျှောက်ဖို့ Maho-chan ကို ကျောပေါ်တင်ထားရတာဟာ အနည်းငယ်လေးလံနေသော်လည်း Rikuo-kun က စိတ်ပျက်အားငယ်မှုမျိုး ဘယ်သောအခါမှ မပြပါဘူး ။

ထိုချစ်စရာကောင်းတဲ့ ခင်မင်ရင်းနှီးမှုက Twitter မှာ လူသိများလာခဲ့ပြီး အဆိုပါဗီဒီယိုကို အကြိမ်ပေါင်း 35,000 ကျော် retweet လုပ်ခဲ့ပြီး Like အကြိမ်ရေ 200,000 နီးပါးအထိရှိခဲ့ပါတယ် ။ အင်တာနက်အသုံးပြုသူများက ၎င်းကို အပြုံးများနဲ့ အကောင်းဆုံးဆောင်ကြဉ်းပေးနိုင်တဲ့ ဗီဒီယိုဖိုင်အဖြစ် မှတ်ယူထားကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "သူငယ္ခ်င္းကိုေက်ာေပၚတင္ၿပီး အိမ္တစ္ဝိုက္ လမ္းေလွ်ာက္သြားလာေနၾကတဲ့ ေၾကာင္နဲ႔လိပ္တို႔ရဲ႕ အံ့ဩဖြယ္ရာရင္းႏွီးမႈ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*