ဇနီးသည်ရဲ့လက်ကိုကိုင်ထားပြီး နဖူးပေါ်အနမ်းပေးကာ နောက်ဆုံးကြိမ်အနေနဲ့ နှုတ်ဆက်သွားခဲ့တဲ့ အဖိုးအို



JRose (Mckzone daily)

Reference : yan

Unicode

မကြာသေးမီက လူများစွာရဲ့မျက်ရည်ကို ကျစေခဲ့တဲ့ စုံတွဲနှစ်ဦးက အသက် 92 နှစ်အရွယ် John Wilson လို့ခေါ်တဲ့ အဖိုးဟာ terminal cancer ဖြင့် ဆေးရုံတက်ခဲ့ရပါတယ် ။ အင်္ဂလန်နိုင်ငံ၊ Staffordshire ရှိ Queen Hospital Burton မှာ သူ့ရဲ့ဇနီး Marjorie (88 နှစ်) ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ နေရာလည်းဖြစ်ပါတယ် ။ ခဏအကြာမှာ Marjorie ရဲ့ ကျန်းမာရေးက တည်ငြိမ်လာပြီး အနီးနားရှိ ဘိုးဘွားရိပ်သာသို့ ခေါ်ဆောင်သွားတော့မှာ ဖြစ်ပေမဲ့ ခင်ပွန်းဖြစ်သူရဲ့ အခြေအနေမှာ မကောင်းမွန်းသေးပါဘူး ။

ထို့ကြောင့် ဆေးရုံဝန်ထမ်းများက မစ္စတာJohn နဲ့ မစ္စစ်Marjorie တို့ရဲ့ ကုတင်များကို နီးကပ်စေခဲ့ပါတယ် ။ အဲ့ဒီနောက် မစ္စတာ Jhon က ဇနီးကို နောက်ဆုံးအကြိမ် အနမ်းပေးပြီး ကွယ်လွန်သွားခဲ့ပါတယ် ။ ထိုအဖိုးတန်တဲ့ ၁၀ မိနစ်အတွင်းမှာ သူနာပြုများက မိသားစုထံ ပြန်ပို့ရန် သူတို့နှစ်ဦးရဲ့ ကြည်နူးစဖွယ်အခိုက်အတန့်ကို အမြန်ဓာတ်ပုံရိုက်ခဲ့ကြပါတယ် ။ သက်ကြီးရွယ်အို ဇနီးမောင်နှံက အတူတူနေထိုင်ခဲ့သည်မှာ ၆၂ နှစ်ရှိပြီလို့ သိရှိရပါတယ် ။ ခွဲခွာခြင်းဆိုတာ ဘယ်သူကမှ မလိုချင်တဲ့အရာဆိုတာ ငါတို့သိပေမယ့် ချစ်ခြင်းမေတ္တာက ငါတို့ဘက်မှာ အမြဲရှိနေသ၍တော့ ပျော်ရွှင်မှုရရှိနေမှာပဲ ။

JRose (Mckzone daily)

Be the first to comment on "ဇနီးသည်ရဲ့လက်ကိုကိုင်ထားပြီး နဖူးပေါ်အနမ်းပေးကာ နောက်ဆုံးကြိမ်အနေနဲ့ နှုတ်ဆက်သွားခဲ့တဲ့ အဖိုးအို"

Leave a comment

Your email address will not be published.


*