ဒူးေခါင္းထဲတြင္ အျဖဴေရာင္အရည္ပ်စ္မ်ားျဖင့္ ေရာင္ကိုင္းသည္အထိေန႔စဥ္ ဘီယာေသာက္သံုးခဲ့တဲ့ အမ်ိဳးသား

တ႐ုတ္ႏိုင္ငံမွ အသက္ 29 ႏွစ္အရြယ္ Wu အမည္႐ွိတဲ့ အမ်ိဳးသားဟာ မၾကာေသးခင္အခ်ိန္ကမွ သူ၏ဒူးေခါင္းအဆစ္တြင္ စူး႐ွနာက်င္မႈကိုခံစားခဲ့ရပါတယ္ ။ နာက်င္လြန္းတဲ့ အတြက္ေၾကာင့္ လမ္းမေလ်ွာက္ႏိုင္တဲ့အထိျဖစ္ခဲ့ၿပီး အိပ္မေပ်ာ္တဲ့အေျခအေနမ်ိဳးအထိပါ ေရာက္႐ွိသြားခဲ့ပါတယ္ ။ နာက်င္မႈကို 2ပတ္ခန္႔ ခံစားခဲ့ရၿပီး မသက္သာတဲ့အဆံုး သူငယ္ခ်င္းျဖစ္သူမွာ လမ္းမေလ်ွာက္ႏိုင္တဲ့ Wu ကိုေဆးရံုသို႔ပို႔ေဆာင္ေပးခဲ့ရပါတယ္ ။ ေဆးရံုသို႔ေရာက္႐ွိခ်ိန္မွာေတာ့ ဆရာဝန္က Wu ၏ဒူးေခါင္းဟာ ပံုမွန္ေရာင္ကိုင္းျခင္းမ်ိဳးမဟုတ္ေၾကာင္း သိ႐ွိခဲ့ၿပီး ဒူးေခါင္းကိုအေပါက္ေဖာက္ၿပီးစုပ္ယူစစ္ေဆးရန္အတြက္ ေဆာင္ရြက္ခဲ့ပါတယ္ ။ Wu ရဲ႕ ဒူးေခါင္းထဲမွ ထြက္႐ွိလာေသာအရည္ကိုျမင္ၿပီး ဆရာဝန္မွာအေတာ္ေလးကို အံ့ၾသထိတ္လန္႔သြားခဲ့ရပါတယ္ ။

ပံုမွန္ဆိုရင္ ဒူးေခါင္းမွထြက္လာတဲ့ 3-5 ml ခန္႔႐ွိတဲ့အရည္ေတြဟာ အနည္းငယ္ေစးပ်စ္ေနတဲ့ အဝါေဖ်ာ့ေရာင္ျဖစ္ရမယ့္အစား Wu ၏ဒူးေခါင္းထဲမွ ထြက္႐ွိလာခဲ့တဲ့အရည္မ်ားက ႏြားႏို႔ကဲ့သို႔အျဖဴ ေရာင္ အရည္ပ်စ္မ်ားျဖစ္ေနခဲ့တာပါ ။ ဆရာဝန္ႏွင့္ ေဆြးေႏြးတိုင္ပင္ၿပီးေနာက္မွာေတာ့ Wu ဟာ အရက္အေဖ်ာ္ယမကာ ၊ ဘီယာ မ်ားကို အလြန္ႏွစ္သက္သူျဖစ္ေၾကာင္း သိ႐ွိခဲ့ရပါတယ္ ။ ထို႔ျပင္ Wuဟာ ဆယ္ေက်ာ္သက္အရြယ္ကတည္းကစၿပီး ေန႔စဥ္ေသာက္သံုးေနခဲ့တာပါ ။ အခ်ိဳ႕ေသာေန႔ေတြမွာဆိုရင္ ဘီယာ 10ဗူးအထိေသာက္ၿပီး ၊ ဆရာဝန္၏ေျပာျပခ်က္အရ Wu ဟာဘီယာကိုအလြန္ႏွစ္သက္သည့္အတြက္ ဆိုးဝါးလွတဲ့ ေဂါက္ေရာဂါကို ခံစားေနရၿပီျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

ကံေကာင္းစြာနဲ႔ပဲ Wu ဟာသူ၏ေဂါက္ေရာဂါကို ဆရာဝန္မွဂ႐ုတစိုက္ကုသေပးမႈေၾကာင့္ တျဖည္းျဖည္းနဲ႔သက္သာလာပါၿပီ ။ နာက်င္မႈေတြသက္သာလာတဲ့ခ်ိန္မွာေတာ့ Wu ဟာေဆးရံုမွ ဆင္းခြင့္ရခဲ့ၿပီး ၊ ေနာက္ဆံုးမွာေတာ့ နာက်င္မႈမ႐ွိဘဲ အိပ္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှ အသက် 29 နှစ်အရွယ် Wu အမည်ရှိတဲ့ အမျိုးသားဟာ မကြာသေးခင်အချိန်ကမှ သူ၏ဒူးခေါင်းအဆစ်တွင် စူးရှနာကျင်မှုကိုခံစားခဲ့ရပါတယ် ။ နာကျင်လွန်းတဲ့ အတွက်ကြောင့် လမ်းမလျှောက်နိုင်တဲ့အထိဖြစ်ခဲ့ပြီး အိပ်မပျော်တဲ့အခြေအနေမျိုးအထိပါ ရောက်ရှိသွားခဲ့ပါတယ် ။ နာကျင်မှုကို 2ပတ်ခန့် ခံစားခဲ့ရပြီး မသက်သာတဲ့အဆုံး သူငယ်ချင်းဖြစ်သူမှာ လမ်းမလျှောက်နိုင်တဲ့ Wu ကိုဆေးရုံသို့ပို့ဆောင်ပေးခဲ့ရပါတယ် ။ ဆေးရုံသို့ရောက်ရှိချိန်မှာတော့ ဆရာဝန်က Wu ၏ဒူးခေါင်းဟာ ပုံမှန်ရောင်ကိုင်းခြင်းမျိုးမဟုတ်ကြောင်း သိရှိခဲ့ပြီး ဒူးခေါင်းကိုအပေါက်ဖောက်ပြီးစုပ်ယူစစ်ဆေးရန်အတွက် ဆောင်ရွက်ခဲ့ပါတယ် ။ Wu ရဲ့ ဒူးခေါင်းထဲမှ ထွက်ရှိလာသောအရည်ကိုမြင်ပြီး ဆရာဝန်မှာအတော်လေးကို အံ့သြထိတ်လန့်သွားခဲ့ရပါတယ် ။

ပုံမှန်ဆိုရင် ဒူးခေါင်းမှထွက်လာတဲ့ 3-5 ml ခန့်ရှိတဲ့အရည်တွေဟာ အနည်းငယ်စေးပျစ်နေတဲ့ အဝါဖျော့ရောင်ဖြစ်ရမယ့်အစား Wu ၏ဒူးခေါင်းထဲမှ ထွက်ရှိလာခဲ့တဲ့အရည်များက နွားနို့ကဲ့သို့အဖြူ ရောင် အရည်ပျစ်များဖြစ်နေခဲ့တာပါ ။ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီးနောက်မှာတော့ Wu ဟာ အရက်အဖျော်ယမကာ ၊ ဘီယာ များကို အလွန်နှစ်သက်သူဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။ ထို့ပြင် Wuဟာ ဆယ်ကျော်သက်အရွယ်ကတည်းကစပြီး နေ့စဉ်သောက်သုံးနေခဲ့တာပါ ။ အချို့သောနေ့တွေမှာဆိုရင် ဘီယာ 10ဗူးအထိသောက်ပြီး ၊ ဆရာဝန်၏ပြောပြချက်အရ Wu ဟာဘီယာကိုအလွန်နှစ်သက်သည့်အတွက် ဆိုးဝါးလှတဲ့ ဂေါက်ရောဂါကို ခံစားနေရပြီဖြစ်ကြောင်း သိရှိရပါတယ် ။

ကံကောင်းစွာနဲ့ပဲ Wu ဟာသူ၏ဂေါက်ရောဂါကို ဆရာဝန်မှဂရုတစိုက်ကုသပေးမှုကြောင့် တဖြည်းဖြည်းနဲ့သက်သာလာပါပြီ ။ နာကျင်မှုတွေသက်သာလာတဲ့ချိန်မှာတော့ Wu ဟာဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီး ၊ နောက်ဆုံးမှာတော့ နာကျင်မှုမရှိဘဲ အိပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment