ေတာင္ကိုးရီးယားမွာ ကမာၻ႔ပထမဆုံး ‘ေရေပၚၿမိဳ႕ေတာ္’ ကို တည္ေဆာက္ရန္ အစီအစဥ္ဆြဲထားၾကတဲ့ ကမာၻတစ္ဝွမ္းရွိ အဖြဲ႕မ်ား

OCEANIX ကို ကမာၻ႔ပထမဆုံးေသာ ေရေပၚၿမိဳ႕ျဖစ္လာေစရန္ ကုလသမဂၢ လူသားအေျခခ်ေနထိုင္မႈ အစီအစဥ္ (UN-Habitat) မွ ပံ့ပိုးကူညီထားပါတယ္ ။ ဘူဆန္မွာ ေခတ္မီေရေပၚၿမိဳ႕ေတာ္တစ္ခု တည္ေဆာက္မည္ျဖစ္တဲ့အတြက္ ေတာင္ကိုရီးယားမွာ ၎က စုစုေပါင္းဧရိယာ ၄၆၉ ႐ိုင္ခန႔္ရွိမွာျဖစ္ၿပီး လူဦးေရ ၁၀,၀၀၀ ခန႔္ ေနထိုင္ႏိုင္ေၾကာင့္ သိရွိရပါတယ္ ။ ၿမိဳ႕သစ္စီမံကိန္းမွာ ဆ႒ဂံပုံသ႑ာန္ ကြၽန္းတစ္ကြၽန္း ပါဝင္မွာျဖစ္ပါတယ္ ။ ကြၽန္းတစ္ခုစီက အက်ယ္အဝန္းအားျဖင့္ 12.5 ႐ိုင္ရွိၿပီး ခန႔္မွန္းေျခအားျဖင့္ လူဦးေရ 300 ခန႔္ရွိပါတယ္ ။

OCEANIX ရဲ႕ပူးတြဲတည္ေထာင္သူက အင္တာဗ်ဴးတစ္ခုမွာ “ဘူဆန္က စံျပၿမိဳ႕တစ္ခုတည္ေဆာက္ရန္ အေကာင္းဆုံးေနရာတစ္ခုျဖစ္တယ္။ အနာဂတ္မွာ ဒီအႀကံဉာဏ္ကို ကမ္း႐ိုးတန္းၿမိဳ႕ေတြမွာ အသုံးခ်ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ကမာၻႀကီးက ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္မႈ ျပႆနာနဲ႔ ရင္ဆိုင္ေနရပါတယ္။”လို႔ ေျပာဆိုထားပါတယ္ ။ ဒီေရေပၚၿမိဳ႕ေတာ္ကို သဘာဝပတ္ဝန္းက်င္အေျခအေနအရ ေျပာင္းလဲဖို႔ ဒီဇိုင္းထုတ္မွာျဖစ္တဲ့အတြက္ ၎တို႔က အခ်ိန္ၾကာလာတာနဲ႔အမွ် ပိုမိုႀကီးမားေသာ အသိုက္အဝန္းမ်ားအျဖစ္ ဖြံ႕ၿဖိဳးတိုးတက္လာႏိုင္ၿပီး လူသားမ်ား လွ်ပ္စစ္စြမ္းအင္ကို ထုတ္လုပ္ႏိုင္တဲ့ ေနာက္ဆုံးေပၚနည္းပညာမ်ားလည္း ရွိသလို ေရခ်ိဳနဲ႔ အစားအစာ အပါအဝင္ တိရစာၦန္ေတြ ပါပါတယ္ ။

ပင္လယ္ေရျမင့္တက္မႈျပႆနာအတြက္ ေျဖရွင္းခ်က္တစ္ခု အဆိုျပဳရန္ OCEANIX က ကမာၻတစ္ဝွမ္းရွိ အစိုးရ ၁၀ ဖြဲ႕နဲ႔ ေဆြးေႏြးၿပီးျဖစ္ေသာေၾကာင့္ စီမံကိန္းကို ၃ ႏွစ္ၾကာ ၿပီးစီးရန္ ေမွ်ာ္လင့္ထားျခင္းျဖစ္ပါတယ္ ။ ေရေပၚၿမိဳ႕ ေဆာက္လုပ္ရန္ ဘတ္ဂ်က္မွာ ဘတ္ေငြ သန္း ၂၀၀ သို႔မဟုတ္ သန္း ၆၆၀၀ ခန႔္ ရွိေၾကာင္း သိရွိရပါတယ္ ။

JRose (Mckzone daily)

Reference : khaosod

Unicode

OCEANIX ကို ကမ္ဘာ့ပထမဆုံးသော ရေပေါ်မြို့ဖြစ်လာစေရန် ကုလသမဂ္ဂ လူသားအခြေချနေထိုင်မှု အစီအစဉ် (UN-Habitat) မှ ပံ့ပိုးကူညီထားပါတယ် ။ ဘူဆန်မှာ ခေတ်မီရေပေါ်မြို့တော်တစ်ခု တည်ဆောက်မည်ဖြစ်တဲ့အတွက် တောင်ကိုရီးယားမှာ ၎င်းက စုစုပေါင်းဧရိယာ ၄၆၉ ရိုင်ခန့်ရှိမှာဖြစ်ပြီး လူဦးရေ ၁၀,၀၀၀ ခန့် နေထိုင်နိုင်ကြောင့် သိရှိရပါတယ် ။ မြို့သစ်စီမံကိန်းမှာ ဆဋ္ဌဂံပုံသဏ္ဍာန် ကျွန်းတစ်ကျွန်း ပါဝင်မှာဖြစ်ပါတယ် ။ ကျွန်းတစ်ခုစီက အကျယ်အဝန်းအားဖြင့် 12.5 ရိုင်ရှိပြီး ခန့်မှန်းခြေအားဖြင့် လူဦးရေ 300 ခန့်ရှိပါတယ် ။

OCEANIX ရဲ့ပူးတွဲတည်ထောင်သူက အင်တာဗျူးတစ်ခုမှာ “ဘူဆန်က စံပြမြို့တစ်ခုတည်ဆောက်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်တယ်။ အနာဂတ်မှာ ဒီအကြံဉာဏ်ကို ကမ်းရိုးတန်းမြို့တွေမှာ အသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကမ္ဘာကြီးက ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။”လို့ ပြောဆိုထားပါတယ် ။ ဒီရေပေါ်မြို့တော်ကို သဘာဝပတ်ဝန်းကျင်အခြေအနေအရ ပြောင်းလဲဖို့ ဒီဇိုင်းထုတ်မှာဖြစ်တဲ့အတွက် ၎င်းတို့က အချိန်ကြာလာတာနဲ့အမျှ ပိုမိုကြီးမားသော အသိုက်အဝန်းများအဖြစ် ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး လူသားများ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်နိုင်တဲ့ နောက်ဆုံးပေါ်နည်းပညာများလည်း ရှိသလို ရေချိုနဲ့ အစားအစာ အပါအဝင် တိရစ္ဆာန်တွေ ပါပါတယ် ။

ပင်လယ်ရေမြင့်တက်မှုပြဿနာအတွက် ဖြေရှင်းချက်တစ်ခု အဆိုပြုရန် OCEANIX က ကမ္ဘာတစ်ဝှမ်းရှိ အစိုးရ ၁၀ ဖွဲ့နဲ့ ဆွေးနွေးပြီးဖြစ်သောကြောင့် စီမံကိန်းကို ၃ နှစ်ကြာ ပြီးစီးရန် မျှော်လင့်ထားခြင်းဖြစ်ပါတယ် ။ ရေပေါ်မြို့ ဆောက်လုပ်ရန် ဘတ်ဂျက်မှာ ဘတ်ငွေ သန်း ၂၀၀ သို့မဟုတ် သန်း ၆၆၀၀ ခန့် ရှိကြောင်း သိရှိရပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ေတာင္ကိုးရီးယားမွာ ကမာၻ႔ပထမဆုံး ‘ေရေပၚၿမိဳ႕ေတာ္’ ကို တည္ေဆာက္ရန္ အစီအစဥ္ဆြဲထားၾကတဲ့ ကမာၻတစ္ဝွမ္းရွိ အဖြဲ႕မ်ား"

Leave a comment

Your email address will not be published.


*