ဖုန္းေျပာရင္း အလုပ္ရႈပ္ေနတာေၾကာင့္ ကေလးကို ေက်ာပိုးထားမွန္းမသိဘဲ တြန္းလွည္းေပၚမွာမေတြ႕လို႔ လိုက္ရွာေနခဲ့တဲ့ ဖခင္ရဲ႕ ရယ္စရာအျဖစ္

သားသမီးမ်ားကို ျပဳစုေစာင့္ေရွာက္ဖို႔ ဖခင္မ်ားထံ လႊဲေျပာင္းေပးတဲ့အခါ ျဖစ္ပ်က္ခဲ့တဲ့ အေျခအေနမ်ားစြာေၾကာင့္ မိခင္မ်ားက အလြန္စိတ္ခ်မႈ ျဖစ္ေစပါတယ္ ။ မၾကာေသးခင္က ကေလးကို ေက်ာေပၚမွာ ခ်ီထားၿပီျဖစ္ေပမဲ့ ဖခင္ျဖစ္သူက သူ႔ကေလးကို လိုက္ရွာေနဆဲျဖစ္တဲ့ ျမင္ကြင္းကို ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္က လူတိုင္းကို ရယ္စရာျဖစ္ေစခဲ့ပါတယ္ ။ အဆိုပါဖခင္ဟာ တစ္စုံတစ္ဦးကို ေစာင့္ေမွ်ာ္ေနပုံရၿပီး လက္တစ္ဖက္က ဖုန္းကို ႏွိပ္ကာ လက္တစ္ဖက္က ကေလးတြန္းလွည္းကို တြန္းပို႔ေနပုံရပါတယ္ ။ ႐ုတ္တရက္ တြန္းလွည္းကပိုေပါ့ပါးသြားသလို ခံစားလိုက္ရတဲ့အတြက္ တြန္းလွည္းကို ငုံ႔ၾကည့္လိုက္ေတာ့ ကေလးဘယ္မွာဆိုတာ မေတြ႕ေတာ့ပါဘူး ။

ထိုအခ်ိန္မွာ ဖခင္ျဖစ္သူက ဖုန္းကို ေဘာင္းဘီအိတ္ကပ္ထဲထည့္ၿပီး သားျဖစ္သူကို ေက်ာေပၚမွာ ကုန္းပိုးထားကို မသိဘဲ ရွာေဖြေနခဲ့ပါတယ္ ။ ထိုအခ်ိန္မွာ ပတ္ဝန္းက်င္ကလူေတြက ျမင္ၿပီး ႐ိုက္ကူးထားခဲ့တာပါ ။ အဆိုပါဖခင္ကအရမ္းစိုးရိမ္ေနလို႔ သူ႔ပခုံးေပၚက အေလးခ်ိန္ကို မခံစားႏိုင္ေတာ့ပါဘူး ။ အဆိုပါရယ္စရာဖခင္ရဲ႕ အျဖစ္က လူအမ်ားရဲ႕အာ႐ုံစိုက္မႈကို ခံခဲ့ရၿပီး netizen ေလွာင္ေျပာင္ရယ္ေမာခဲ့ၾကပါတယ္ ။

JRose (Mckzone daily)

Reference : bestie

Unicode

သားသမီးများကို ပြုစုစောင့်ရှောက်ဖို့ ဖခင်များထံ လွှဲပြောင်းပေးတဲ့အခါ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေများစွာကြောင့် မိခင်များက အလွန်စိတ်ချမှု ဖြစ်စေပါတယ် ။ မကြာသေးခင်က ကလေးကို ကျောပေါ်မှာ ချီထားပြီဖြစ်ပေမဲ့ ဖခင်ဖြစ်သူက သူ့ကလေးကို လိုက်ရှာနေဆဲဖြစ်တဲ့ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်က လူတိုင်းကို ရယ်စရာဖြစ်စေခဲ့ပါတယ် ။ အဆိုပါဖခင်ဟာ တစ်စုံတစ်ဦးကို စောင့်မျှော်နေပုံရပြီး လက်တစ်ဖက်က ဖုန်းကို နှိပ်ကာ လက်တစ်ဖက်က ကလေးတွန်းလှည်းကို တွန်းပို့နေပုံရပါတယ် ။ ရုတ်တရက် တွန်းလှည်းကပိုပေါ့ပါးသွားသလို ခံစားလိုက်ရတဲ့အတွက် တွန်းလှည်းကို ငုံ့ကြည့်လိုက်တော့ ကလေးဘယ်မှာဆိုတာ မတွေ့တော့ပါဘူး ။

ထိုအချိန်မှာ ဖခင်ဖြစ်သူက ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး သားဖြစ်သူကို ကျောပေါ်မှာ ကုန်းပိုးထားကို မသိဘဲ ရှာဖွေနေခဲ့ပါတယ် ။ ထိုအချိန်မှာ ပတ်ဝန်းကျင်ကလူတွေက မြင်ပြီး ရိုက်ကူးထားခဲ့တာပါ ။ အဆိုပါဖခင်ကအရမ်းစိုးရိမ်နေလို့ သူ့ပခုံးပေါ်က အလေးချိန်ကို မခံစားနိုင်တော့ပါဘူး ။ အဆိုပါရယ်စရာဖခင်ရဲ့ အဖြစ်က လူအများရဲ့အာရုံစိုက်မှုကို ခံခဲ့ရပြီး netizen လှောင်ပြောင်ရယ်မောခဲ့ကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ဖုန္းေျပာရင္း အလုပ္ရႈပ္ေနတာေၾကာင့္ ကေလးကို ေက်ာပိုးထားမွန္းမသိဘဲ တြန္းလွည္းေပၚမွာမေတြ႕လို႔ လိုက္ရွာေနခဲ့တဲ့ ဖခင္ရဲ႕ ရယ္စရာအျဖစ္"

Leave a comment

Your email address will not be published.


*