Laptop တစ်လုံးဝယ်ဖို့ ပိုက်ဆံစုဆောင်းထားပေမဲ့ ခြကောင်အကိုက်ခံရပြီး ပိုက်ဆံအမြောက်အမြား ဆုံရှုံးသွားခဲ့ရတဲ့ မိန်းကလေး



JRose (Mckzone daily)

Reference : khaosod

Unicode

မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံ tiktok သုံးသူ (@fadilahsahfa23) က ကြေကွဲဖွယ်ရာ ဇာတ်လမ်းတစ်ခုကို ကြုံတွေ့ခဲ့ရကြောင်း ဝေမျှလာခဲ့ပါတယ် ။ သူမက ငွေအမြောက်အမြားစုဆောင်းရန် ဝက်အရုပ်နဲ့ စုဘူးကို အသုံးပြုတဲ့အခါ ခြကောင်သိုလှောင်ရာနေရာဖြစ်သွားခဲ့ပါတယ် ။ ဝက်ပေါင်ဘဏ်မှာ ရှိတဲ့ ငွေစက္ကူများကို ဗီဒီယိုမှ ကြည့်ရှုနိုင်ပြီး ငွေစက္ကူများအားလုံးကို ကြမ်းပြင်ပေါ်မှာ စုပုံထားကာ အပိုင်းပိုင်းဖြစ်နေတာကို တွေ့ရပါတယ် ။ ပိုးကောင်တွေ အများကြီး ပြေးနေတာကိုလည်း မြင်ရပါတယ် ။

သူမက သူလိုချင်တဲ့ laptop တစ်လုံးဝယ်ဖို့ အချိန်အတော်ကြာ ပိုက်ဆံစုထားပြီး အခုဒီလိုဖြစ်သွားတော့ အရမ်းဝမ်းနည်းတယ်လို့ ဆိုပါတယ် ။ ယခု ဗီဒီယိုကို အကြိမ်ရေ 6.2 သန်းကျော် ကြည့်ရှုပြီးတဲ့အခါ အင်တာနက်အသုံးပြုသူများက ခြကောင်များ ဝက်ဘဏ်ထဲသို့ မည်ကဲ့သို့ ရောက်ရှိလာတာကို အံ့သြနေကြပါတယ် ။ သူမက သူ့ရဲ့စုဘူးကို စာအုပ်စင်ရဲ့ ထောင့်တစ်ဖက်မှာ ထည့်ထားတာကြောင်း အဲဒီမှာ ပိုးတွေရှိမှန်း သူမသိခဲ့ဘူးလို့ ရှင်းပြခဲ့ပါတယ်် ။ ထို့ကြောင့် အင်တာနက်သုံးစွဲသူများ ကရုဏာသက်စေပြီး ဘဏ်မှာ ငွေအမြန်ဆုံးလဲလှယ်ရန် အကြံပြုခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "Laptop တစ်လုံးဝယ်ဖို့ ပိုက်ဆံစုဆောင်းထားပေမဲ့ ခြကောင်အကိုက်ခံရပြီး ပိုက်ဆံအမြောက်အမြား ဆုံရှုံးသွားခဲ့ရတဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*