၈၉ နှစ်ပြည့်မွေးနေ့အတွက် အဘွားဖြစ်သူအား ချစ်စဖွယ်ဓာတ်ပုံများရိုက်ပေးခဲ့ပြီးနောက် နာမည်ကြီးလာတဲ့ အလွတ်တန်းဓာတ်ပုံဆရာ

ယနေ့ခေတ်လူငယ်များက အသက်ကြီးသူတွေအပေါ် ရိုသေလေးစားမှုမရှိတော့ဘူးလို့ အချို့ကပြောကြပေမဲ့လည်း မှားကြောင်းသက်သေပြနေတဲ့သူများလည်း ရှိနေပါတယ်။ ဥပမာ ၊ သူ့အဖွားကို ချစ်စရာကောင်းတဲ့ဓာတ်ပုံတွေရိုက်ပေးပြီးနောက် မကြာသေးမီကမှ နာမည်ကြီးလူပြောများလာခဲ့တဲ့ ဒီလူငယ်ဓာတ်ပုံဆရာတစ်ယောက်လိုပါပဲ။ သင့်အနေနဲ့ သက်ကြီးရွယ်အိုအဘိုးအဘွားတွေကို ဘယ်လိုဆက်ဆံပါသလဲဗျာ။ အခုခေတ်မှာ အသက်ကြီးသူတွေကို မလေးစားတော့ဘဲ ကိုယ့်အဘိုးအဘွားတွေကိုတောင် မလေးစားတဲ့လူငယ်တွေအများကြီးရှိပေမယ့် လေးစားကြင်နာတတ်တဲ့လူငယ်တွေ အများကြီးရှိနေသေးတယ်ဆိုတာ သိရတာတဲ့အတွက် ဝမ်းသာပါမိတယ်။

.

.

ထို့ပြင် လူငယ်တွေနဲ့ အသက်ကြီးသူတို့ရဲ့ ချစ်ဖို့ကောင်းတဲ့အခိုက်အတန့်လေးတွေ ရှိနေတာကို မြင်ရခြင်းကလည်း အမြဲတမ်း ကြည်နူးဖို့ကောင်းပြီး ၊ အခုလို netizen တစ်ဦးဖြစ်တဲ့ @Kelvinmarkulit က သူ့ရဲ့အဘွားဖြစ်သူအတွက် သူမရဲ့ 89 နှစ်မြောက်မွေးနေ့မှာ ထူးခြားတာတစ်ခုခုလုပ်ပေးခဲ့သလိုပါပဲ။ ပြောင်းဖူးခင်း၌ သူ့အဘွားအား ချစ်စရာကောင်းတဲ့ဓါတ်ပုံတွေရိုက်ပေးနေတာကို လူတွေက သဘောကျခဲ့တာကြောင့် မကြာသေးမီက လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ “ မင်းရဲ့အဘွားလည်း ချစ်စရာကောင်းတဲ့ဓာတ်ပုံတွေရိုက်လို့ရပါတယ်၊ အရမ်းချစ်တယ် အဘွားရေ ” ဟုရေးသားထားတဲ့သူ့ရဲ့ပို့စ်တစ်ခုဟာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။

.

.

ဗီဒီယိုဖိုင်ထဲမှာတော့ လူငယ်လေးဟာ အဘွားဖြစ်သူနဲ့လက်ချင်းတွဲပြီး စပါးခင်းအလယ်ရှိရှင်းရှင်းလင်းလင်းရှိတဲ့နေရာဆီသို့ လမ်းလျှောက်သွားနေတာကို တွေ့မြင်ရပါတယ်။

.

.

သူလိုချင်တဲ့နေရာကိုရောက်တဲ့အခါ ဓာတ်ပုံဆရာက သူ့အဘွားရဲ့နားပေါ်ကို ပန်းတစ်ပွင့်တင်ပေးခဲ့ပြီး ဓာတ်ပုံရိုက်ဖို့အတွက် pose အမျိုးပါလုပ်ခိုင်းခဲ့ပါတယ်။ ဓါတ်ပုံရိုက်ရင်း ရယ်ရယ်မောမောနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ပုံရိပ်တွေကိုကြည့်ခြင်းအားဖြင့် ၎င်းတို့မြေးအဘွား နှစ်ယောက်တို့အချင်းချင်း အရမ်းရင်းနှီးကြကြောင်း ထင်ရှားနေပါတယ်။ ထို့ပြင် အင်တာနက်သုံးစွဲသူတော်တော်များများက ၎င်းချစ်စရာကောင်းတဲ့ဗီဒီယိုကိုကြည့်ရင်း သဘောကျမဆုံးဖြစ်ခဲ့ကြသလို ၎င်းတို့ရဲ့အဘိုးအဘွားတွေကိုလွမ်းကြောင်း ဒါမှမဟုတ် ၎င်းတို့ရဲ့အဘိုးအဘွားတို့နဲ့လည်း ဒီလိုဓာတ်ပုံရိုက်တဲ့အခိုက်အတန့်လေးကိုဖန်တီးချင်ကြောင်း ဟူတဲ့ မှတ်ချက်ပေးသူတွေလည်း အများအပြားရှိခဲ့ပါသေးတယ်။

JRose (Mckzone daily)

Reference : rachfeed

Be the first to comment on "၈၉ နှစ်ပြည့်မွေးနေ့အတွက် အဘွားဖြစ်သူအား ချစ်စဖွယ်ဓာတ်ပုံများရိုက်ပေးခဲ့ပြီးနောက် နာမည်ကြီးလာတဲ့ အလွတ်တန်းဓာတ်ပုံဆရာ"

Leave a comment

Your email address will not be published.


*