အေၾကာေသေနတဲ့ခင္ပြန္းျဖစ္သူကို 22ႏွစ္ခန္႔ ျပဳစုခဲ့ၿပီး ၊ အကူအညီရေအာင္ ေနာက္ေယာက်ၤားပါယူခဲ့တဲ့ အမ်ိဳးသမီး

တစ္ခ်ိဳ႕ေသာသူေတြကေတာ့ ကိုယ့္ရဲ႕လက္တြဲေဖာ္က ႏွစ္ေပါင္းမ်ားစြာၾကာသည့္တိုင္ေအာင္ မက်န္းမမာ ၊ မသန္မစြမ္းျဖစ္လာခဲ့ရင္ ၾကာလာေတာ့ ၿငိဳျငင္တတ္ၾကပါတယ္ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ေဖာ္ျပမဲ့ အမ်ိဳးသမီးကေတာ့ သူမရဲ႕ခင္ပြန္ကို လံုးဝမၿငိဳျငင္ပဲ အခ်စ္စစ္ရဲ႕သစၥာတရားကို ေဖာ္ျပလိုက္တာပါပဲ ။ Jia အမည္႐ွိတဲ့ တ႐ုတ္ႏိုင္ငံက အမ်ိဳးသမီးဟာ အျမင့္ေပ 40-50m ႐ွိတဲ့ေတာင္ေစာင္းေပၚကေနျပဳတ္က်ၿပီး အေၾကာေသသြားခဲ့တဲ့ သူမရဲ႕ခင္ပြန္းေဟာင္းကို ႏွစ္ေပါင္း 20 ေက်ာ္အထိ ျပဳစုေစာင့္ေ႐ွာက္ေပးခဲ့ပါတယ္ ။ အဆိုပါမေတာ္တဆမႈေၾကာင့္ သူမရဲ႕ခင္ပြန္းေဟာင္းဟာ ကိုယ္လက္လႈပ္႐ွားလို႔မရေတာ့ပဲ ဦးေႏွာက္တြင္လည္းထိခိုက္ဒဏ္ရာ အမ်ားအျပားရ႐ွိခဲ့ပါတယ္ ။

ထို႔ေၾကာင့္ Jia ဟာ သူမရဲ႕ခင္ပြန္း ႏွင့္ ကေလးငယ္တို႔ကို ျပဳစုေစာင့္ေ႐ွာက္ဖို႔အတြက္ လက္မေလ်ာ့ဘဲ သည္းခံႀကိဳးစားခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ခင္ပြန္းသည္ကိုအခ်ိန္ျပည့္ေစာင့္ေ႐ွာက္ေပးခဲ့ရလို႔ သူမဟာ အလုပ္ေတြမလုပ္ႏိုင္ပဲျဖစ္ေနရတဲ့အျပင္ ၊ မိသားစုအတြက္ ဝင္ေငြေတြ မ႐ွိဘဲျဖစ္လာခဲ့ရပါတယ္ ။ ေငြေရးေၾကးေရး အခက္အခဲေတြအေတာ္ေလး ရင္ဆိုင္လာခဲ့ရခ်ိန္မွာေတာ့ Jia ဟာ သူမရဲ႕ခင္ပြန္းနဲ႔ ကြာ႐ွင္ပစ္လိုက္ၿပီး အေၾကာေသေနခဲ့တဲ့ခင္ပြန္းကို ဆက္လက္ၿပီးျပဳစုကုသေပးႏိုင္ဖို႔ ေနာက္ေယာက်ၤားယူဖို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့ပါတယ္ ။

သူမခင္ပြန္းေဟာင္းရဲ႕ မိသားစုဝင္မ်ားကလည္း သူမရဲ႕အေျခအေနကို လက္ခံနားလည္ေပးခဲ့ၾကေပမဲ့လည္း အစပိုင္းမွာေတာ့ Jia ဟာ သူမကဲ့သို႔ေသာအေျခအေနမ်ိဳးနဲ႔အမ်ိဳးသမီးကို နားလည္လက္ခံႏိုင္ေပမဲ့ ေယာက်ၤားမ်ိဳးမ႐ွိႏိုင္ဘူးလို႔ထင္ေနခဲ့ေပမဲ့လည္း အိမ္နီးခ်င္းေတြရဲ႕အကူအညီနဲ႔ သူမရဲ႕အေျခအေနကိုနားလည္လက္ခံႏိုင္ေပးတဲ့ စိတ္သေဘာထားျပည့္ဝတဲ့ေယာက်ၤားမ်ိဳးနဲ႔ ေတြ႔ဆံုခဲ့ရပါတယ္ ။ သူမရဲ႕ေနာက္ေယာက်ၤားဟာ သူမကိုနားလည္လက္ခံေပးရံုတင္မက ၊ သူမခင္ပြန္းေဟာင္းကိုပါ ျပဳစုေစာင့္ေ႐ွာက္ေပးတဲ့တာဝန္မ်ိဳး အလွည့္က်လုပ္ေဆာင္ေပးတဲ့အျပင္ ၊ သူမတို႔မိသားစုကိုလည္း ေငြေရးေၾကးေရးေထာက္ပံ့ေပးခဲ့ပါတယ္ ။ Jia ဟာ သူမဘယ္ေလာက္ပဲ အခက္အခဲမ်ိဳးေတြနဲ႔ ၾကံဳရပါေစ အားေပးမႈ နဲ႔ အခ်စ္စစ္သာ သူမရဲ႕ဘဝမွာ႐ွိေနရင္ သူမအရာအားလံုးျဖတ္ေက်ာ္ႏိုင္တယ္ဆိုၿပီးေတာ့ ေျဖၾကားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တစ်ချို့သောသူတွေကတော့ ကိုယ့်ရဲ့လက်တွဲဖော်က နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် မကျန်းမမာ ၊ မသန်မစွမ်းဖြစ်လာခဲ့ရင် ကြာလာတော့ ငြိုငြင်တတ်ကြပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသမီးကတော့ သူမရဲ့ခင်ပွန်ကို လုံးဝမငြိုငြင်ပဲ အချစ်စစ်ရဲ့သစ္စာတရားကို ဖော်ပြလိုက်တာပါပဲ ။ Jia အမည်ရှိတဲ့ တရုတ်နိုင်ငံက အမျိုးသမီးဟာ အမြင့်ပေ 40-50m ရှိတဲ့တောင်စောင်းပေါ်ကနေပြုတ်ကျပြီး အကြောသေသွားခဲ့တဲ့ သူမရဲ့ခင်ပွန်းဟောင်းကို နှစ်ပေါင်း 20 ကျော်အထိ ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ် ။ အဆိုပါမတော်တဆမှုကြောင့် သူမရဲ့ခင်ပွန်းဟောင်းဟာ ကိုယ်လက်လှုပ်ရှားလို့မရတော့ပဲ ဦးနှောက်တွင်လည်းထိခိုက်ဒဏ်ရာ အများအပြားရရှိခဲ့ပါတယ် ။

ထို့ကြောင့် Jia ဟာ သူမရဲ့ခင်ပွန်း နှင့် ကလေးငယ်တို့ကို ပြုစုစောင့်ရှောက်ဖို့အတွက် လက်မလျော့ဘဲ သည်းခံကြိုးစားခဲ့ပါတယ် ။ သို့ပေမဲ့လည်း ခင်ပွန်းသည်ကိုအချိန်ပြည့်စောင့်ရှောက်ပေးခဲ့ရလို့ သူမဟာ အလုပ်တွေမလုပ်နိုင်ပဲဖြစ်နေရတဲ့အပြင် ၊ မိသားစုအတွက် ဝင်ငွေတွေ မရှိဘဲဖြစ်လာခဲ့ရပါတယ် ။ ငွေရေးကြေးရေး အခက်အခဲတွေအတော်လေး ရင်ဆိုင်လာခဲ့ရချိန်မှာတော့ Jia ဟာ သူမရဲ့ခင်ပွန်းနဲ့ ကွာရှင်ပစ်လိုက်ပြီး အကြောသေနေခဲ့တဲ့ခင်ပွန်းကို ဆက်လက်ပြီးပြုစုကုသပေးနိုင်ဖို့ နောက်ယောင်္ကျားယူဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။

သူမခင်ပွန်းဟောင်းရဲ့ မိသားစုဝင်များကလည်း သူမရဲ့အခြေအနေကို လက်ခံနားလည်ပေးခဲ့ကြပေမဲ့လည်း အစပိုင်းမှာတော့ Jia ဟာ သူမကဲ့သို့သောအခြေအနေမျိုးနဲ့အမျိုးသမီးကို နားလည်လက်ခံနိုင်ပေမဲ့ ယောင်္ကျားမျိုးမရှိနိုင်ဘူးလို့ထင်နေခဲ့ပေမဲ့လည်း အိမ်နီးချင်းတွေရဲ့အကူအညီနဲ့ သူမရဲ့အခြေအနေကိုနားလည်လက်ခံနိုင်ပေးတဲ့ စိတ်သဘောထားပြည့်ဝတဲ့ယောင်္ကျားမျိုးနဲ့ တွေ့ဆုံခဲ့ရပါတယ် ။ သူမရဲ့နောက်ယောင်္ကျားဟာ သူမကိုနားလည်လက်ခံပေးရုံတင်မက ၊ သူမခင်ပွန်းဟောင်းကိုပါ ပြုစုစောင့်ရှောက်ပေးတဲ့တာဝန်မျိုး အလှည့်ကျလုပ်ဆောင်ပေးတဲ့အပြင် ၊ သူမတို့မိသားစုကိုလည်း ငွေရေးကြေးရေးထောက်ပံ့ပေးခဲ့ပါတယ် ။ Jia ဟာ သူမဘယ်လောက်ပဲ အခက်အခဲမျိုးတွေနဲ့ ကြုံရပါစေ အားပေးမှု နဲ့ အချစ်စစ်သာ သူမရဲ့ဘဝမှာရှိနေရင် သူမအရာအားလုံးဖြတ်ကျော်နိုင်တယ်ဆိုပြီးတော့ ဖြေကြားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment