ဖခင္နဲ႔အတူ ၁၄ ရက္ၾကာ ထိန္းသိမ္းခံထားရၿပီးေနာက္ အိမ္ျပန္ေရာက္တဲ့အခါ သမီးေလးရဲ႕ ဆံပင္အေျခအေနကို ျမင္ၿပီး ထိတ္လန္႔သြားခဲ့ရတဲ့မိခင္

တ႐ုတ္ႏိုင္ငံ၊ Jiangsu ျပည္နယ္မွ သားအဖႏွစ္ဦးဟာ ၎တို႔ရဲ႕ ၁၄ ရက္ၾကာ သီးသန႔္ေနထိုင္ျခင္းကို ၿပီးေျမာက္ခဲ့ေပမယ့္ သမီးေလးရဲ႕ ဆံပင္ေတြက ငွက္အသိုက္ထဲမွ ထြက္လာသလို ရႈပ္ယွက္ခတ္ေနတာေၾကာင့္ သမီးေလးရဲ႕ အေျခအေနကို မိခင္က ျမင္ၿပီးတာနဲ႔ မူးလဲလုနီးပါး ျဖစ္ခဲ့ပါတယ္ ။ သမီးျဖစ္သူ အိမ္ျပန္ေရာက္တဲ့အခါမွာ အေမက ျပတင္းေပါက္ကေန သားအဖကို မတ္တပ္ရပ္ၿပီး ၾကည့္ေနခဲ့ပါတယ္ ။ သူမရဲ႕ သမီးေလးဆံပင္ပုံစံကို ျမင္ၿပီး လက္မခံႏိုင္ဒါနဲ႔ ခင္ပြန္းျဖစ္သူကို သမီးေလးဆံပင္က ဘာျဖစ္သြားတာလဲလို႔ ေမးလိုက္ပါတယ္ ။

Hotel quarantine မွာေနရတာက အိမ္မွာေနရသလိုဘဲ။ ဘယ္သူနဲ႔မွ မေတြ႕ရဘူး ။ ထိန္းသိမ္းထားတဲ့ ကာလတစ္ေလွ်ာက္လုံးမွာ ကေလးအတြက္ ဆံပင္မေလွ်ာ္ေပးလိုက္ရဘူး လို႔ ျပန္ေျပာခဲ့ပါတယ္ ။ မိခင္ကအံ့အားသင့္သြားေသာ္လည္း အခ်ိန္မျဖဳန္းမိေစရန္အတြက္ သူမက သူ႔သမီးရဲ႕ဆံပင္ကို အျမန္ေလွ်ာ္ဖြပ္လိုက္ပါတယ္ ။ တစ္နာရီေက်ာ္ၾကာေအာင္ ေခါင္းေလွ်ာ္ရည္၊ ကြန္ဒ႐ိုဂ်င္နဲ႔ လိမ္းေဆးမ်ိဳးစုံ သုံးၿပီး သမီးရဲ႕ဆံပင္အေျခအေနက တျဖည္းျဖည္းနဲ႔ ျပန္ေကာင္းလာခဲ့ပါတယ္ ။ ဒါေပမယ့္ 100 ရာခိုင္ႏႈန္းေတာ့ မဟုတ္ပါဘူး ။ Netizens ရဲ႕ ထင္ျမင္ယူဆခ်က္မ်ား ပထမပိုင္းက ဟာသနဲ႔ ျပည့္ေနေပမယ့္ ေနာက္ပိုင္းမွာ ျငင္းခုံစရာျဖစ္လာခဲ့ပါတယ္ ။ ဘာေၾကာင့္လဲဆိုေတာ့ ဒီအေဖက တာဝန္မဲ့တယ္လို႔ လူေတာ္ေတာ္မ်ားမ်ားက ထင္ေနၾကပါတယ္ ။

JRose (Mckzone daily)

Reference : khaosod

Unicode

တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်မှ သားအဖနှစ်ဦးဟာ ၎င်းတို့ရဲ့ ၁၄ ရက်ကြာ သီးသန့်နေထိုင်ခြင်းကို ပြီးမြောက်ခဲ့ပေမယ့် သမီးလေးရဲ့ ဆံပင်တွေက ငှက်အသိုက်ထဲမှ ထွက်လာသလို ရှုပ်ယှက်ခတ်နေတာကြောင့် သမီးလေးရဲ့ အခြေအနေကို မိခင်က မြင်ပြီးတာနဲ့ မူးလဲလုနီးပါး ဖြစ်ခဲ့ပါတယ် ။ သမီးဖြစ်သူ အိမ်ပြန်ရောက်တဲ့အခါမှာ အမေက ပြတင်းပေါက်ကနေ သားအဖကို မတ်တပ်ရပ်ပြီး ကြည့်နေခဲ့ပါတယ် ။ သူမရဲ့ သမီးလေးဆံပင်ပုံစံကို မြင်ပြီး လက်မခံနိုင်ဒါနဲ့ ခင်ပွန်းဖြစ်သူကို သမီးလေးဆံပင်က ဘာဖြစ်သွားတာလဲလို့ မေးလိုက်ပါတယ် ။

Hotel quarantine မှာနေရတာက အိမ်မှာနေရသလိုဘဲ။ ဘယ်သူနဲ့မှ မတွေ့ရဘူး ။ ထိန်းသိမ်းထားတဲ့ ကာလတစ်လျှောက်လုံးမှာ ကလေးအတွက် ဆံပင်မလျှော်ပေးလိုက်ရဘူး လို့ ပြန်ပြောခဲ့ပါတယ် ။ မိခင်ကအံ့အားသင့်သွားသော်လည်း အချိန်မဖြုန်းမိစေရန်အတွက် သူမက သူ့သမီးရဲ့ဆံပင်ကို အမြန်လျှော်ဖွပ်လိုက်ပါတယ် ။ တစ်နာရီကျော်ကြာအောင် ခေါင်းလျှော်ရည်၊ ကွန်ဒရိုဂျင်နဲ့ လိမ်းဆေးမျိုးစုံ သုံးပြီး သမီးရဲ့ဆံပင်အခြေအနေက တဖြည်းဖြည်းနဲ့ ပြန်ကောင်းလာခဲ့ပါတယ် ။ ဒါပေမယ့် 100 ရာခိုင်နှုန်းတော့ မဟုတ်ပါဘူး ။ Netizens ရဲ့ ထင်မြင်ယူဆချက်များ ပထမပိုင်းက ဟာသနဲ့ ပြည့်နေပေမယ့် နောက်ပိုင်းမှာ ငြင်းခုံစရာဖြစ်လာခဲ့ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ဒီအဖေက တာဝန်မဲ့တယ်လို့ လူတော်တော်များများက ထင်နေကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ဖခင္နဲ႔အတူ ၁၄ ရက္ၾကာ ထိန္းသိမ္းခံထားရၿပီးေနာက္ အိမ္ျပန္ေရာက္တဲ့အခါ သမီးေလးရဲ႕ ဆံပင္အေျခအေနကို ျမင္ၿပီး ထိတ္လန္႔သြားခဲ့ရတဲ့မိခင္"

Leave a comment

Your email address will not be published.


*