ရှည်လျားလှပတဲ့အမြီးကို ပြန်ကိုက်တတ်ပြီး တောရိုင်းလောကမှာ အယဉ်ပါးဆုံးတိရိစ္ဆာန်အဖြစ်သတ်မှတ်ထားတဲ့ နှင်းကျားသစ်များ (ရုပ်သံ)

နှင်းကျားသစ်များဟာ အလွန်ချစ်စရာကောင်းတဲ့တိရိစ္ဆာန်များဖြစ်ကြပြီး တောရိုင်းလောကထဲမှာ အယဉ်ပါးဆုံးတိရိစ္ဆာန်များအဖြစ်လည်း သတ်မှတ်ကြပါတယ်။ မကြာသေးမီက @soranitsukibear အမည်ရှိဂျပန်အမျိုးသားတစ်ဦးဟာ Sapporo မြို့ရှိ Yuanshan တိရိစ္ဆာန်ရုံသို့သွားရောက်လည်ပတ်ခဲ့ပြီး Shijimu အမည်ရှိနှင်းကျားသစ်တစ်ကောင်က ၎င်းအစာကိုစားသောက်နေတာကိုမြင်တွေ့ခဲ့ရတာကို သူ့ Twitter မှာမျှဝေခဲ့ပါတယ်။ @soranitsukibear ဟာ တိရိစ္ဆာန်တွေကိုအလွန်ချစ်မြတ်နိုးသူဖြစ်ပြီး မတူညီတဲ့တိရိစ္ဆာန်ရုံများသို့လည်း မကြာခဏ သွားရောက်လေ့ရှိပါတယ်။ @soranitsukibear က Shijimu နှင်းကျားသစ် စားသောက်နေတာကိုမြင်ရတော့ သူ့ဖုန်းကို အမြန်ထုတ်လိုက်ပြီး လှပအမွေးနဲ့တိရိစ္ဆာန်တစ်ကောင်ရဲ့ဗီဒီယိုကို ရိုက်ကူးခဲ့ပါတယ်။

.

@soranitsukibear ဟာ တိရိစ္ဆာန်အစောင့်က Shijimu ကျားသစ်အား အစာကျွေးနေတာကို မမြင်နိုင်ပေမဲ့လည်း အစောင့်က အစာကျွေးပီးနှုတ်ဆက်ချိန်မှာ နှင်းကျားသစ်ရဲ့ရှည်လျားလှတဲ့အမြီးတုန်လှုပ်သွားတဲ့ ချစ်စရာကောင်းတဲ့မြင်ကွင်းကိုမြင်တွေ့ပြီး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

.

အဆိုပါဗီဒီယိုက အင်တာနက်အသုံးပြုသူများအတွက် အစစ်အမှန်ဖြစ်နိုင်တယ် သို့မဟုတ် မဖြစ်နိုင်ဘူးလို့ ထင်မြင်သွားစေခဲ့ပါတယ်။ Shijimu ရဲ့ရှည်လျားပျော့ပျောင်းတဲ့အမြီးက ဗီဒီယိုကြည့်ရှုသူတိုင်းကို ဆွဲဆောင်နိုင်ခဲ့ပြီး ကွဲပြားတဲ့ထင်မြင်ယူဆချက်အမျိုးမျိုးကို လက်ခံရရှိခဲ့ပါတယ်။

နှင်းကျားသစ်များအတွက်တော့ သူတို့ရဲ့အမြီးရှည်က အရမ်းထူးခြားပါတယ်။ ဆီးနှင်းကျားသစ်တစ်ကောင်ကို တောထဲမှာကြုံတွေ့ရတဲ့အခါ ဒါမှမဟုတ် အင်တာနက်မှာရှာကြည့်တဲ့အခါ ၎င်းတို့ရဲ့အမြီးရှည်တွေကို ပြန်ကိုက်နေတာကိုတွေ့ရတတ်ပါတယ်။

ဤတောကြောင်ကြီးတွေက ၎င်းတို့ရဲ့အမြီးရှည်များကိုကိုက်ရခြင်းအတွက် ရိုးရှင်းတဲ့ရှင်းလင်းချက်ဖြင့်သာ ထင်ရှားပါတယ်။ တကယ်တော့ “ နှင်းကျားသစ်တွေဟာ သူတို့ရဲ့နှာခေါင်းကို နွေးစေဖို့ သူတို့ရဲ့အမြီးတွေကို ပြန်ကိုက်တာမဟုတ်ပါဘူး၊ သူတို့ရဲ့အမြီးတွေကို ကိုက်တာ ဒါမှမဟုတ် အမြီးကို ပါးစပ်ထဲမှာ ထည့်ထားရတာက သူတို့အတွက် အာရုံလွှဲစရာအဖြစ် ဒါမှမဟုတ် ဆော့ကစားနေရင်း အဲ့လိုအရာလုပ်ရတာကို နှစ်သက်လို့ပါ “ လို့ Animal Planet ကရှင်းပြထားပါတယ်။

စိတ်မကောင်းစွာဘဲ အဓိကအားဖြင့် အလယ်ပိုင်းနှင့်တောင်အာရှကမ္ဘာတဝှမ်းရှိ နှင်းကျားသစ်များရဲ့အကောင်ရေက ၄,၀၀၀ မှ ၆,၀၀၀ သာ ကျန်ရှိပါတော့တယ်။ ၎င်းတို့ဟာ အချို့တရားမဝင်တဲ့ အမဲလိုက်ခြင်းများကြောင့် မျိုးသုဉ်းသွားကြရတာဘဲဖြစ်ပါတယ်။

နှင်းကျားသစ်များက အလွန်သိမ်မွေ့ပြီး အလွန်လျှို့ဝှက်ဆန်းကြယ်တဲ့တိရိစ္ဆာန်များဖြစ်ကြပေမဲ့လည်း တိရိစ္ဆာန်ကာကွယ်စောင့်ရှောက်သူများနှင့် တောရိုင်းတိရိစ္ဆာန်စစ်သည်တော်များက အပိုသတိထားမှုများနှင့် ယင်းတိရိစ္ဆာန်များကိုကာကွယ်ရန် အကောင်းဆုံးလုပ်ဆောင်နေလျက်ရှိကြပါတယ်။

Mia (Mckzone daily)

Reference :

Be the first to comment on "ရှည်လျားလှပတဲ့အမြီးကို ပြန်ကိုက်တတ်ပြီး တောရိုင်းလောကမှာ အယဉ်ပါးဆုံးတိရိစ္ဆာန်အဖြစ်သတ်မှတ်ထားတဲ့ နှင်းကျားသစ်များ (ရုပ်သံ)"

Leave a comment

Your email address will not be published.


*