သခင်နဲ့အတူ အလုပ်သို့လိုက်သွားပြီး ဝန်ထမ်းတွေအတွက် အပြုသဘောဆောင်တဲ့စွမ်းအင်လေးတွေကို ဖြန့်ကျဲ့ပေးလို့ ဖူးဖူးမှုတ်ခံနေရတဲ့ ခွေးကလေး

အင်တာနက်အသုံးပြုသူတစ်ဦးဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်က အလုပ်ခွင်တံခါးဝတွင် ခွေးလေခွေးလွင့်တစ်ကောင်ကိုကောက်ယူခဲ့ပါတယ်။ ၎င်းက နူးညံ့တဲ့ သာမန် အဝါရောင် ခွေးကလေး ဖြစ်နေတာကြောင့် အင်တာနက်သုံးစွဲသူကလည်း မဆိုင်းမတွဘဲ မွေးစားဖို့ဆုံးဖြတ်ခဲ့ပြီး အိမ်ရောက်တော့ ခွေးကလေးက အမဖြစ်နေတာနဲ့ Tower Crane လို့ နာမည်ပေးလိုက်ပါတယ်။ အင်တာနက်အသုံးပြုသူဟာ ခွေးလေးကို နီးစပ်ရာ တိရိစ္ဆာန်ဆေးကုဆေးရုံသို့ ဦးစွာသွားရောက်စစ်ဆေးခဲ့ပြီး သံသယဖြစ်ဖွယ်ကျန်းမာရေးအခြေအနေများမရှိကြောင်း အတည်ပြုခဲ့ပါတယ်။

သူဌေး၏ခွင့်ပြုချက်ရပြီးနောက်၊ သခင်ဖြစ်သူဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ နေ့တိုင်း Tower Crane လေးကိုခေါ်ဆောင်လာခဲ့ပါတယ်။

မမျှော်လင့်ဘဲ၊ Tower Crane ဟာ ထိုနေရာ၌ အိပ်လိုက်၊စားလိုက် ဆိုတဲ့ဆောင်ပုဒ်ရဲ့စံပြဖြစ်လာခဲ့ပါတယ်။ အဲဒါတွေက သူ့ရဲ့အလုပ်တွေချည်းပါပဲ။

Tower လေးဟာ တစ်ချိန်လုံး အိပ်နေပေမဲ့လည်း၊ သခင်အသစ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုတော့ အခါအားလျော်စွာ လှုံ့ဆော်ပေးတတ်ပါတယ်။ Tower လေးဟာ အချိန်တိုင်း အိပ်ပျော်နေပြီး သူမနိုးလာတဲ့အခါ သူမဟာ ကျေနပ်နေတဲ့အသွင်ပြင်ရှိပြီး သူမ လန့်နိုးလာတဲ့အခါ သူမဟာ အရာရာကို ဆန်းတဝါးဝါးနဲ့ စူးစမ်းတတ်ပါတယ်။

သူမဟာ သခင်အသစ်နှင့် ဆက်ဆံရေးကောင်းမွန်ပြီး သခင့်ဘေးနားက ကုလားထိုင်ပေါ်တွင်အိပ်ရတာကို အတော်လေးနှစ်သက်ပါတယ်။ ချစ်စရာကောင်းတဲ့ Tower Crane လေးက ကြောင်ကလေးတစ်ကောင်လို သူ့ကိုယ်သူ ခေါက်ထားတတ်သလို တစ်ခါတစ်ရံမှာ သူမရဲ့မျက်လုံးဝိုင်းဝိုင်းများက ချစ်စဖွယ်အမူအရာနှင့်လိုက်ဖက်ပြီး သူမဟာ ပင်လယ်ဖျံနဲ့ ခပ်ဆင်ဆင်တူနေတတ်ပါတယ်။

Tower Crane လေးဟာ ပတ်ဝန်းကျင်နှင့် ရင်းနှီးလာပြီးတဲ့နောက် သူမကိုယ်တိုင် အပြင်ထွက်ပြီး ရှုခင်းများကို ခံစားကြည့်ရှုတတ်ပါသေးတယ်။ သခင်ရဲ့လုပ်ဖော်ကိုင်ဖက်များကလည်း ဒီချစ်စရာကောင်းပြီး energy တွေပေးစွမ်းတဲ့သက်ရှိလေးကို အလွန်ပင် ချစ်ခင်နှစ်သက်ကြပါတယ်။

တခါတရံ ဆော့ရင်း ပင်ပန်းလာတဲ့အခါ Tower Crane လေးက ထောင့်တစ်နေရာမှာ သက်တောင့်သက်သာ အိပ်ပျော်သွားတတ်ပါသေးတယ်။ ထို့ပြင် အလုပ်ချိန်အတွင်း အပြုသဘောဆောင်တဲ့စွမ်းအင်တွေဖြန့်ကျဲ့ပေးတဲ့ ဒီချစ်ဖို့ကောင်းတဲ့ ခွေးလေးကိုရထားလို့ ဝန်ထမ်းတွေကလည်း အရမ်းပျော်နေကြပါသေးတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "သခင်နဲ့အတူ အလုပ်သို့လိုက်သွားပြီး ဝန်ထမ်းတွေအတွက် အပြုသဘောဆောင်တဲ့စွမ်းအင်လေးတွေကို ဖြန့်ကျဲ့ပေးလို့ ဖူးဖူးမှုတ်ခံနေရတဲ့ ခွေးကလေး"

Leave a comment

Your email address will not be published.


*