ကြည့်မကောင်းလို့ အမှိုက်ကောက်ရန် ကလေးများကိုခေါ်ဆောင်လာကာ စေတနာအပြည့်ဖြင့် လှုပ်ရှားမှုတစ်ခုပြုလုပ်စေခဲ့တဲ့ မိခင်တစ်ဦး

စင်္ကာပူနိုင်ငံရှိ အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ယောက်တို့ဟာ မီးညှပ်တစ်ခု နှင့် ပလတ်စတစ်အိတ်တစ်ခုစီကိုင်ဆောင်ကာ Lorong 29 Geylang လမ်းတစ်လျှောက်မှာ အမှိုက်ကောက်နေခဲ့တဲ့ စက္ကန့် 30 ဗီဒီယိုဖိုင်ကို @mdroslin အမည်ရှိ TikTok အသုံးပြုသူက နိုဝင်ဘာ ၂၀ ရက်နေ့မှာ မျှဝေခဲ့ပြီးနောက် ထိုဗီဒီယိုဖိုင်က ဖေ့စ်ဘွတ်ခ်ပေါ်မှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ ထိုဗီဒီယိုဟာ တစ်ရက်အတွင်းမှာဘဲ ကြည့်ရှုသူပေါင်း 100,000 ကျော်ရရှိခဲ့ပြီး ၎င်းတို့ သားအမိသုံးဦးအား Geylang ဧရိယာရှိ Leow Sih Association အဆောက်အအုံအပြင်ဘက်မှာမြင်တွေ့ခဲ့ရတာဘဲဖြစ်ပါတယ်။ ထိုဗီဒီယိုအတွက် netizen များစွာရဲ့တုံ့ပြန်မှုများကလည်း တညီတညွတ်တည်း ဖြစ်နေခဲ့ပြီး ထိုအမျိုးသမီးဟာ အမှိုက်ကောက်ရန်နှင့် သူမရဲ့ကလေးများအား လူ့စည်းကမ်းအကြောင်းကို သင်ကြားပေးရန် ခေါ်ဆောင်လာခဲ့ပြီး စေတနာအပြည့်ဖြင့်လှုပ်ရှားမှုတစ်ခုပြုလုပ်နေပုံရတယ်လို့ ထင်မြင်ယူဆခဲ့ကြပါတယ်။

ထို့ပြင် ထိုအမျိုးသမီးနှင့်ကလေးနှစ်ယောက်တို့အား အများသူငှါနေရာမှာအမှိုက်ကောက်ခြင်းအတွက် ချီးကျူးခဲ့ကြတဲ့အပြင် မိခင်လို့ယူဆရတဲ့ထိုအမျိုးသမီးက သားသမီးတွေအပေါ် မှန်ကန်တဲ့စည်းကမ်း၊တန်ဖိုးများမွေးမြူစေကာ ထူးချွန်တဲ့မိဘအုပ်ထိန်းမှုစွမ်းရည်ကိုပြသခဲ့တယ်လို့လည်း ချီးကျုးခဲ့ကြပါတယ်။

ရိုက်ကူးထားတဲ့ဗီဒီယိုထဲမှာ “ငါ အရမ်းရှက်တယ်” လို့ အော်ဟစ်မြည်တမ်းသံကိုလည်းကြားနိုင်ပြီး စင်္ကာပူနိုင်ငံသားများက ကိုယ့်နိုင်ငံမှာ ထိုလုပ်ရပ်မျိုးကိုမလုပ်ကိုင်ကြကြောင်း နှင့် ၎င်းတို့သားအမိက လူဖြူများသာဖြစ်နိုင်ကြောင်း ဗီဒီယိုကိုရိုက်ကူးသူက ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးသူများကလည်း အဆိုပါအမျိုးသမီးနှင့် ကလေးငယ်များက နိုင်ငံခြားသားများဖြစ်နိုင်ကြောင်း သဘောတူညီခဲ့ကြပြီး ပိတ်ရက်မှာတောင် ဒေသခံများလုပ်ရန်ပင်မစဉ်းစားတဲ့အရာကို ၎င်းတို့လုပ်ဆောင်နေကြတာကိုလည်း ချီးကျုးခဲ့ကြပါတယ်။

အဆိုပါအမျိုးသမီးနှင့် သူမရဲ့ကလေးနှစ်ယောက်တို့ဟာ ထိုအလုပ်က ၎င်းတို့အတွက် ပထမဆုံးအကြိမ်အမှိုက်ကောက်တာမဖြစ်နိုင်ဘူးလို့လည်း အခြားမှတ်ချက်ပေးသူများကဆိုခဲ့ကြပါတယ်။

ထိုလုပ်ရပ်က ညစ်ပတ်တယ်လို့ယူဆထားတဲ့သူတွေထက် ကျော်လွန်တဲ့အရာတစ်ခုကိုလုပ်တတ်တဲ့အရည်အချင်းလေးတွေရှိနေတဲ့ ၎င်းတို့သားအမိကိုလည်း netizen များစွာက တစ်ဖန် ချီးကျူးခဲ့ကြပြန်ပါတယ် ။နောက်ပြီး အချို့သော netizen များက အများသူငှါ အမှိုက်များကိုအလွယ်တကူပစ်နိုင်တဲ့ စင်္ကာပူနိုင်ငံကြီးမှာ နိုင်ငံသားတွေက ဘာကြောင့် အမှိုက်ပုံးထဲမပစ်နိုင်ကြသလဲလို့လည်း အပြစ်တင်မေးခွန်းထုတ်ခဲ့ကြပါသေးတယ်။

Mia (Mckzone daily)

Reference : mothership

Be the first to comment on "ကြည့်မကောင်းလို့ အမှိုက်ကောက်ရန် ကလေးများကိုခေါ်ဆောင်လာကာ စေတနာအပြည့်ဖြင့် လှုပ်ရှားမှုတစ်ခုပြုလုပ်စေခဲ့တဲ့ မိခင်တစ်ဦး"

Leave a comment

Your email address will not be published.


*