ကောင်မလေးနဲ့အတူ မြို့ပြမှာမနေဘဲ ကျေးလက်သို့ပြန်သွားကာ စိုက်ပျိုးရေးခြံဝယ်ယူပြီး ရိုးရှင်းစွာ နေထိုင်ခဲ့တဲ့ ၂၄နှစ်အရွယ် ကောင်လေး

ဗီယက်နမ်က စုံတွဲနှစ်ဦးဖြစ်တဲ့ Kiet ဟာ အသက် 18 နှစ်မှာ Ho Chi Minh City က စီးပွားရေးသင်တန်းတစ်ခုမှ Trang နဲ့ ချစ်ကြိုက်ခဲ့ပါတယ် ။ ဒါပေမဲ့ Kiet က အရောင်းအ၀ယ်လုပ်ရန် ကျောင်းမှထွက်ခဲ့ပြီး Trang ရှိတဲ့ မြို့မှာ ဆက်လက်နေထိုင်ခဲ့ပါတယ် ။ ထိုအချိန်မှာ Kiet က သစ်ပင်စိုက်ပျိုးခြင်းကို ဝါသနာပါတယ်လို့ သိရှိလာတာကြောင့် သူ့မိဘများ ရော်ဘာစိုက်ပျိုးတဲ့မြေမှာ သန့်ရှင်းတဲ့ ဟင်းသီးဟင်းရွက်ဥယျာဉ်တစ်ခုနဲ့ လုပ်ငန်းတစ်ခုစတင်ရန် သူငယ်ချင်း သုံးယောက်ကို ဖိတ်ခေါ်ခဲ့ပါတယ် ။ နောက်နှစ်အနည်းငယ်မှာ လူငယ်လေး Kiet က သဘာဝတောတောင်ဥယျာဉ်ကို ဆောက်လိုတဲ့ဆန္ဒဖြင့် လယ်ယာတစ်ခုတည်ထောင်ရန် ဆုံးဖြတ်ခဲ့ပါတယ် ။

လက်ထဲမှာ သီးပင်စားပင်များနဲ့ သစ်တောသစ်ပင်များပြည့်နေတဲ့ 3 ဟက်တာမြေကို ငှားရမ်းခဲ့ပြီး နှစ်ကုန်မှာ အမြတ်ငွေကို ပိုင်ရှင်နဲ့ ခွဲခဲ့ပါတယ် ။ အလုပ်ကြိုးစားသော်လည်း သူနဲ့ သူ့သူငယ်ချင်းကို ဥယျာဉ်မှူးက မြေကွက်တောင်းပြီး မောင်းထုတ်ခဲ့ပါတယ် ။

ထို့နောက် Kiet က သူ့ချစ်သူ Trang ကို အလည်အပတ် ဖိတ်ခေါ်ခဲ့ပြီး မိန်းကလေးက သူ့ချစ်သူရဲ့ အနာဂတ်အတွက် စိတ်ရှုပ်နေပါတယ် ။

အလုပ်ပင်ပန်းပေမယ့် စားဖို့မလောက်တာကြောင့် Trang က Kiet နဲ့အတူ သူမရဲ့ဇာတိမြို့ကို ပြန်သွားဖို့ ဆုံးဖြတ်ထားဆဲပါ ။

နောက်လမှာ Kiet က လျှပ်စစ်နဲ့ ရေမရှိတဲ့ Da Lat မြို့ရဲ့ အနောက်တောင်ဘက် တောင်ကုန်းတစ်ခုပေါ်မှာ တည်ရှိတဲ့ မြေကွက်တစ်ကွက်ကို ဝယ်ယူရန် ချေးငွေရယူခဲ့ပါတယ် ။

ထိုမြေကို ပြန်လည်မွမ်းမံပြီး တစ်လနီးပါးကြာပြီးနောက်၊ လကုန်လောက်မှာ Kiet က အုတ်မြစ်ကို စတင်တူးဖော်ခဲ့ပါတယ် ။

Kiet က အိမ်ဆောက်မဲ့နေရာက လျှပ်စစ်မီးမရှိတာကြောင့် လက်လွှ၊ ဘက်ထရီတူးရုံသာရှိသော်လည်း နှစ်ယောက်စလုံးက စေ့စေ့စပ်စပ်ဆုံးဖြတ်ပြီး လုပ်နေကြဆဲဖြစ်ပါတယ် ။ Kiet က အုတ်၊ ဘိလပ်မြေမပါဘဲ သူ့အိမ်ဆောက်ရန် ရွှံ့၊ သဲနဲ့ ကောက်ရိုးတို့ကို အသုံးပြုခဲ့ပါတယ် ။

အဲဒီတုန်းက အိမ်ဆောက်ဖို့ ညအထိ ကန်စွန်းဥကို ဓာတ်မီးကိုင်ပြီး ရောင်းခဲ့ရပါတယ် ။ တစ်ခါတစ်ရံ Trang က သူမရဲ့မျက်နှာကို ပွေ့ဖက်ကာ ငိုခဲ့ဖူးပါတယ် ။

နှစ်ဝက်နီးပါး အလုပ်ကြိုးစားပြီး အိမ်ဆောက်ခြင်းနဲ့ ဟင်းသီးဟင်းရွက်စိုက်ခြင်း နှစ်ခုစလုံးက စုစုပေါင်း ကုန်ကျစရိတ် ယန်း သန်း 30 ဖြင့် ပြီးစီးခဲ့ပါတယ် ။

ယခုနှစ်မှာတော့ သူတို့စုံတွဲနှစ်ဦး တရားဝင်လက်ထပ်လိုက်ပါပြီ ။ အခက်အခဲများနဲ့ ပင်ပန်းနွမ်းနယ်မှုများစွာကို တွေ့ကြုံနေရတဲ့ Trang နဲ့ Kiet တို့က ၎င်းတို့ရဲ့ အနာဂတ်အိပ်မက်များကို ယုံကြည်တာကြောင့် နှစ်ယောက်သားချစ်ခင်စွာနဲ့ အတူလိုက်နေကြဆဲဖြစ်ပါတယ် ။

Kiet နဲ့ Trang တို့ရဲ့ ဘဝခရီးကို ဖက်ရခြင်းအားဖြင့် လူအများအပြား အထူးသဖြင့် လူငယ်များကို စိတ်အားထက်သန်စေလိမ်မြယ်လို့ ယုံကြည်ပါတယ် ။ အိပ်မက်ကြီးကြီးပဲဖြစ်ဖြစ် ရိုးရိုးပဲဖြစ်ဖြစ်၊ အမြဲတမ်း မြတ်နိုးနေရမယ့် အရာတစ်ခုပါပဲ ။

JRose (Mckzone daily)

Reference : yan

Be the first to comment on "ကောင်မလေးနဲ့အတူ မြို့ပြမှာမနေဘဲ ကျေးလက်သို့ပြန်သွားကာ စိုက်ပျိုးရေးခြံဝယ်ယူပြီး ရိုးရှင်းစွာ နေထိုင်ခဲ့တဲ့ ၂၄နှစ်အရွယ် ကောင်လေး"

Leave a comment

Your email address will not be published.


*