လူတွေမှာမတူညီတဲ့ စိတ်ဝင်စားမှုတွေ ဒါမှမဟုတ် ၎င်းတို့စိတ်ဝင်စားတဲ့အရာတွေ အမျိုးမျိုးရှိကြပါတယ်။ အချို့သူများက သိပ္ပံပညာ သို့မဟုတ် ယုတ္တိတွေးခေါ်မှုနှင့် ပတ်သက်သည့် မည်သည့်အရာအတွက်မဆို ရင်းနှီးမှုရှိကြပြီး အချို့မှာတော့ ပန်းချီဆွဲခြင်း သို့မဟုတ် ကခုန်ခြင်းတို့ကိုစိတ်ဝင်စားတတ်ကြပါတယ်။ ယနေ့ခေတ် မိဘများဟာ အသက်အရွယ်ကြီးပြင်းလာတဲ့အခါ အရည်အချင်းအမျိုးမျိုးရှိနေရန်အတွက် သားသမီးများကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ရန် မည်မျှအရေးကြီးသည်ကို နားလည်သဘောပေါက်လာကြပါတယ်။
.
မိဘများစွာက ၎င်းတို့၏ကလေးများကို ဂီတသင်ခန်းစာများ သို့မဟုတ် ဘာသာစကားသင်တန်းများသို့ စေလွှတ်ရန်ရွေးချယ်ကြပြီး ၎င်းတို့ကို အနာဂတ်တွင် ပိုမိုစည်းကမ်းရှိစေရန် သင်ကြားဆုံးမပေးကြပါတယ်။
ဤအမည်မဖော်ပြထားတဲ့ကောင်လေးတစ်ဦးဟာ လမ်းလျှောက်တတ်စအရွယ်ကတည်းကပင် ကိုယ်ခံပညာကို စိတ်ဝင်စားကြောင်းပြသခဲ့ပြီး သူ့မိဘများကလည်း သူ့ရဲ့စိတ်အားထက်သန်မှုကို အပြည့်အဝထောက်ခံပံ့ပိုရပေးခဲ့ကြပါတယ်။
သူဟာ သရုပ်ဆောင်နှင့် ကိုယ်ခံပညာအကျော်အမော် Bruce Lee ကို သဘောကျအစွဲအလမ်းကြီးပြီး Bruce Lee လို ကိုယ်ခံပညာဖြင့် အတုယူချင်သူတစ်ဦးဘဲဖြစ်ပါတယ်။
ဗီဒီယိုကိုကြည့်ခြင်းအားဖြင့် ကောင်လေးရဲ့မိသားစုက သူ့ကို အားပေးထောက်ပံ့နိုင်သမျှ သူ့ရဲ့ရလဒ်တွေကိုကလည်း ကောင်းမွန်နေတတာကို အရှင်းသားတွေ့မြင်နိုင်ပါတယ်။
ကြိုးကြိုးစားစားရှိမှု ၊ စည်းကမ်းရှိမှုနဲ့အတူ ဒီ အသက် ရှစ်နှစ်အရွယ် ကောင်လေးရဲ့ခန္ဓာကိုယ်ဟာ စိတ်ကူးမယဉ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဖွံ့ဖြိုးလာနေသလို သူ့မှာ အလွန်အမင်းသတ်မှတ်ထားတဲ့ကြွက်သားများနှင့် တက်ကြွမှုအပြင် အံ့မခန်းတုံ့ပြန်မှုများလည်းရှိနေပါတယ်။
ကောင်လေးရဲ့တက်ကြွတဲ့ကိုယ်ခံပညာလုပ်ရှားမှုတွေကြောင့် သူ့အား လူအများက “ mini Bruce Lee ” လို့လည်း အမည်ပြောင်ခေါ်ဝေါ်ခဲ့ကြပါသေးတယ်။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "ဝါသနာနှင့်ကြိုးစားအားထုတ်မှုတို့ကြောင့် အရွယ်မလိုက်အောင် သန်မာပြီး “ mini Bruce Lee ” လို့လူပြောများတဲ့ ကောင်လေး (ရုပ်သံ)"