JRose (Mckzone daily)
Reference : khaosod
Unicode
တရုတ်နိုင်ငံမှ ချစ်စရာကြောင်ကလေးတစ်ကောင်ဟာ သူ့ရဲ့ရောဂါအခြေအနေကို စစ်ဆေးဖို့အတွက် ကုလားထိုင်ပေါ် တက်ထိုင်ပြီး နှာခေါင်းထိုးပြီး စစ်ဖို့ အငြိမ်ထိုင်နေခဲ့ပါတယ် ။ အဲဒီအချိန်မှာ ကျောင်းသားတစ်ယောက်က ကြောင်ကို သတိထားမိပြီး ကြောင်ဟာ PPE ယူနီဖောင်းကို ဝတ်ဆင်ထားတဲ့ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတစ်ဦးနဲ့ မျက်နှာချင်းဆိုင်ပြီး ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ပုံက အလွန်ချစ်စရာကောင်းပါတယ် ။ ဒါကြောင့် ဓာတ်ပုံတွေရိုက်ပြီး ဆိုရှယ်မီဒီယာမှာ တင်လိုက်တာပါ ။
ဗီဒီယိုကို ထိုအချိန်က စစ်ဆေးရေးဂိတ်များရဲ့ ရွက်ဖျင်တဲများမှ လူသိပ်မစည်ကားကြောင်း ဖော်ပြထားပါတယ် ။ ခဏအကြာမာ ဝန်ထမ်းတွေက ကြောင်နှာခေါင်းကို ထိုးဖို့ ဂွမ်းတစ်ချောင်း ယူလာခဲ့ပါတယ် ။ ထူးဆန်းသည်မှာ ကြောင်က ငြိမ်နေပြီး ပြည်သူ့ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ထိုကဲ့သို့ ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးပေးစေလိုခဲ့ပါတယ် ။ ဒီလို နှာခေါင်းထိုးတဲ့ ပုံဟာ အွန်လိုင်းမှာ ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့လာခဲ့ပါတယ် ။
JRose (Mckzone daily)
Be the first to comment on "PPE ယူနီဖောင်းနဲ့ ကျန်းမာရေးဝန်ထမ်းကို မျက်နှာချင်းဆိုင်ထိုင်ကာ ကိုဗစ်စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့တဲ့ ချစ်စရာကြောင်လေး"