တော်တော်များများ ကတိသစ္စာတွေက အလိမ်အညာတွေဖြစ်လာသလို relationship တွေကလည်းတိုတောင်းလာတဲ့ ယနေ့ခေတ်လိုကာလတွေကြားထဲမှာ ထိုင်းနိုင်ငံရှိစုံတွဲတစ်တွဲဟာ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာဘယ်လိုလဲဆိုတာကို ပြသပေးခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ သက်ကြီးရွယ်အိုဇနီးမောင်နှံ စုံတွဲတစ်တွဲဟာ ၎င်းတို့ရဲ့နောက်ဆုံးအခိုက်အတန့်အထိ လက်ချင်းချိတ်ဆွဲထားခဲ့ကြပြီး နှစ်နာရီသာခြားကာ သေဆုံးသွားခဲ့ကြောင်း World Daily သတင်းစာက ဖော်ပြခဲ့ပါတယ်။ လူအများရဲ့နှလုံးသားကို လှုပ်ခတ်သွားစေခဲ့သည့်ဓာတ်ပုံတစ်ပုံမှာ ၎င်းတို့အသက်တာရဲ့နောက်ဆုံးနာရီများအတွင်း အချင်းချင်းလက်ချင်းဆုပ်ကိုင်ထားခဲ့ကြသည့်အဘိုးအဘွားစုံတွဲတစ်တွဲကိုမြင်တွေ့နိုင်ပါတယ်။
ဆုံးပါးသွားသည့်တိုင် ၎င်းတို့အဘိုးအဘွားနှစ်ဦးရဲ့လက်နှစ်ဖက်က တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲဖြစ်ပါတယ်။
အဆိုပါအဘိုးနှင့်အဘွားတို့ရဲ့ တစ်ယောက်နဲ့တစ်ယောက် မယိမ်းယိုင်တဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် လူတော်တော်များများက အတော်လေးစိတ်ခံစားသွားခဲ့ကြပြီး အဘိုးအဘွားတို့စုံတွဲရဲ့ ဓါတ်ပုံတွေဟာ လူမှုကွန်ရက်ပေါ်မှာ ချက်ချင်းပျံ့နှံ့သွားပါတယ်။
အစီရင်ခံချက်များအရ အသက် ၉၉ နှစ်အရွယ် ခင်ပွန်းဖြစ်သူဟာ ပြီးခဲ့တဲ့စနေနေ့ နံနက် ၁၂ နာရီ ၃၀ မိနစ်တွင် ကွယ်လွန်ခဲ့ပြီး ၂ နာရီအကြာ နံနက် ၂ နာရီ ၃၀ မိနစ်မှာ ၎င်းရဲ့ဇနီးဖြစ်သူ အသက် ၈၈ နှစ်အရွယ် အဘွားက ၎င်းရဲ့နောက်မှ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။
ခင်ပွန်းဖြစ်သူ မကွယ်လွန်ခင်လေးမှာပဲ ဇနီးသည်က ခင်ပွန်းရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ခင်ပွန်းရဲ့နောက်ဆုံးထွက်သက်ကို စောင့်ကြည့်နေခဲ့ပါတယ်။
နာရီအနည်းငယ်အကြာမှာတော့ လူ့လောကမှမှထွက်ခွာရန် အလှည့်ကျလာတဲ့ဇနီးဖြစ်သူဟာ ခင်ပွန်းဖြစ်သူရဲ့အေးစက်နေတဲ့လက်ကို ဖမ်းဆုပ်ကိုင်ဆောင်ထားရင်း ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။
ဒီအသက်အရွယ်စုံတွဲလို မင်းရဲ့နှလုံးသားကို တကယ်နွေးထွေးစေမယ့် ဒီလိုအချစ်ဇာတ်လမ်းကိုရှာတွေ့ဖို့က သေချာပေါက် ခက်ခဲပါတယ်။ ဒါ့ကြောင့် ဒီအဘိုးအဘွားစုံတွဲဟာ ကတိတွေပျက်နေတဲ့ခေတ်ကြီးမှာ၊ အချစ်ရဲ့စစ်မှန်တဲ့အဓိပ္ပာယ်ကိုဆုပ်ကိုင်ထားနိုင်တဲ့အခါ ချစ်ခြင်းမေတ္တာက အသက်ရှင်နေနိုင်တယ်ဆိုတာကိုသတိပေးနေခဲ့ပါတယ်။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "နောက်ဆုံးထွက်သက်အထိ လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားရင်း ၂ နာရီသာခြားကာ သေဆုံးသွားခဲ့ကြတဲ့ အဘိုးအဘွားစုံတွဲ"