နေ့စဉ် လမ်းတွေပေါ်မှာ တောင်းရမ်းပြီး ရလာတဲ့ငွေတွေထဲမှ တစ်ပြားတစ်စေ့မှမယူဘဲ အားလုံးကို မိဘမဲ့ဂေဟာများသို့လှူဒါန်းပေးခဲ့တဲ့ အဘိုး (ရုပ်သံ)

ဒီအဘိုးရဲ့နာမည်မှာ Dobri Dobrev ဖြစ်ပြီး လူအများစုရဲ့အမြင်မှာ အဘိုး Dobri ဟာ ညစ်ပတ်ဟောင်းနွမ်းတဲ့အဘိုးကြီးတစ်ဦးအဖြစ် မြင်မိသွားနိုင်ပါတယ်။ သို့ပေမဲ့ သူ့ဇာတ်လမ်းကို ကြားသိသွားတဲ့အခါမှာတော့ နိုင်ငံသားများစွာက ၎င်းတို့ရဲ့အသွင်အပြင်ဖြင့် လူတစ်ဦးကို အကဲဖြတ်ခြင်းဆိုင်ရာမှာ အရေးကြီးသည့်အချက်ကို သိရှိလာခဲ့ကြရပါတယ်။ ဤအိမ်ယာမဲ့အဘိုးဟာ သူရဲကောင်းတစ်ဦးဖြစ်ပုံကို သင့်အား ပြသနိုင်ပါတယ်။ အကြောင်းက အဘိုးမှာ ရတနာတွေ အများကြီးမရှိပေမယ့် ရွှေတစ်တုံးထက် ပိုတန်ဖိုးရှိတဲ့ကရုဏာစိတ်လေးရှိနေခြင်းပါဘဲ။ သင်သာ အဘိုး Dobri ရဲ့တနေ့တာအလုပ်ကိုမြင်လိုက်ရရင်တော့ စူပါဟီးရိုးတွေဆိုတာ တကယ်တည်ရှိမှန်းကို သိလာပါလိမ့်မယ်။ အဲ့ဒါက သင်ထင်သလိုမဟုတ်သလို အဲ့ဒါဟာ သက်သေပါဘဲ။

အဘိုးရဲ့အပြုအမူတွေကြောင့် အဘိုးကို ကမ္ဘာပေါ်မှာ အကောင်းဆုံးလူတွေထဲမှ တစ်ဦးအဖြစ်သတ်မှတ်လာခဲ့ကြပါတယ်။

တကယ်တော့ အသက် 101 နှစ်အရွယ် အဘိုး Dobri Dobrev ဟာ ဒုတိယကမ္ဘာစစ်တွင် အကြားအာရုံဆုံးရှုံးခဲ့ရသူဖြစ်ပြီး သူဟာ အိမ်လုပ်အ၀တ်အစားများနှင့် သားရေဖိနပ်များကိုဝတ်ဆင်ကာ ဆယ်စုနှစ်များစွာ နေ့စဉ် ခြေလျင် ၁၅ မိုင်ခရီးကိုလျှောက်ရင်း ဖြတ်သန်းခဲ့ပါတယ်။

အဘိုးဟာ သူ့ရွာမှ ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့သို့ခရီးထွက်ကာ သူ့နေ့ရက်များကို လမ်းဘေးပေါ်တောင်းရမ်းခြင်းဖြင့်ဖြတ်သန်းနေထိုင်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာက အဘိုး Dobri ဟာ သူ့ဘဝကိုမညည်းညူသလို သူဟာ တစ်လလျှင် US$100.00 ခန့်ဖြင့်သာ ချွင်းခြုံနေထိုင်နိုင်ခဲ့ပါတယ်။

နှစ်များတစ်လျှောက်တွင် အဘိုးဟာ US$ 50,000.00 ခန့်ကို စုဆောင်းနိုင်ခဲ့ပြီး အားလုံးကို မြို့အနှံ့ရှိ မိဘမဲ့ဂေဟာများသို့ လှူဒါန်းပေးခဲ့ပါတယ်။

အဘိုးဟာ သူရလာတဲ့ငွေထဲမှ တစ်ပြားတစ်စေ့ကိုတောင် မသိမ်းထားခဲ့ပါဘူး။ အချို့က သူ့အား သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ Baylovo ကျေးရွာရဲ့သူတော်စင် ဟုခေါ်ဝေါ်ကြသလို သူ့ကို လူတိုင်းက လေးစားကြပြီး ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးသယ်ပိုးတဲ့ ‘Dyado Dobri’ (Grandpa Dobri) လို့လည်း ခေါ်ခဲ့ကြပါတယ်။ ဒါကြောင့် စံနမူနာပြလိုတယ်ဆိုရင် ဒါက ၎င်းတို့ထဲက တစ်ခုပါပဲ။

ကျွန်တော်တို့ ယောက်တိုင်းစီသာ အဘိုးနဲ့တူတဲ့လူဖြစ်လာရင်တော့ ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးကလည်း ပိုမိုကောင်းမွန်တဲ့နေရာတစ်ခုဖြစ်လာမှာ အသေအချာပါဘဲ။

အဘိုး Dubri ဟာ သူ့ငွေကို မိမိအကျိုးအတွက် အသုံးပြုနိုင်ပြီး သူ့နေ့ရက်တွေကို လမ်းတွေပေါ်မှာ အချိန်ဖြုန်းနေစရာမလိုပေမယ့်လည်း အဘိုးဟာ မိသားစုမရှိတဲ့ ကလေးများအတွက် သူ့ပိုက်ဆံအားလုံးကိုလှူဒါန်းပေးဖို့ကိုသာ ရွေးချယ်ခဲ့ပါတယ်။

Mia (Mckzone daily)

Reference : gtgoodtimes

Be the first to comment on "နေ့စဉ် လမ်းတွေပေါ်မှာ တောင်းရမ်းပြီး ရလာတဲ့ငွေတွေထဲမှ တစ်ပြားတစ်စေ့မှမယူဘဲ အားလုံးကို မိဘမဲ့ဂေဟာများသို့လှူဒါန်းပေးခဲ့တဲ့ အဘိုး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*