မိခင္က ထားသြားခဲ့တာေၾကာင့္ သမီးေလးနဲ႔အတူ ဓာတ္ပုံ႐ိုက္ဖို႔ သတို႔သမီးလိုဝတ္ဆင္ရန္ ဆုံးျဖတ္ခဲ့တဲ့ single father

Phong ဆိုတဲ့ ဓာတ္ပုံဆရာက single father နဲ႔ သမီးတို႔ရဲ႕ ခ်စ္စရာေကာင္းပုံကို ႐ိုက္ကူးေပးခဲ့တဲ့သူျဖစ္ပါတယ္ ။ ကေလးရဲ႕ အျပစ္ကင္းစင္မႈနဲ႔ ဖခင္ရဲ႕ အဆုံးမရွိတဲ့ ခ်စ္ျခင္းေမတၱာက ၿပီးျပည့္စုံတဲ့ အဓိပၸာယ္မ်ားရွိေနတာေၾကာင့္ netizen မ်ားကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္ ။ အစပိုင္းမွာေတာ့ မိသားစုစုံစုံလင္လင္နဲ႔ မဂၤလာေဆာင္ဓါတ္ပုံအစုံ႐ိုက္ဖို႔ စိတ္ကူးထားေပမဲ့ ကေလးမရဲ႕ မိခင္က သူ႔တို႔ သားအဖနဲ႔ အတူမေနေတာ့တာေၾကာင့္ အႀကံဥာဏ္သစ္တစ္ခုကို တီထြင္ခဲ့ရပါတယ္ ။ Single father ျဖစ္တဲ့ Dung ကိုယ္တိုင္ကလည္း သူနဲ႔ သူ႔သမီးကို အမွတ္တရအျဖစ္ လွပတဲ့ ဓာတ္ပုံအယ္လ္ဘမ္တစ္ခု ဖန္တီးႏိုင္ပါေစလို႔ ဆုေတာင္းေနခဲ့ရပါတယ္ ။ ဓာတ္ပုံ႐ိုက္ေနစဥ္အတြင္း Phong ကို သေဘာက်ဆုံးမွာ Dung က သူ႔ကေလးငယ္ကို သနားတဲ့ပုံစံျဖစ္ပါတယ္ ။

ကေလးမေလးက မိခင္ျဖစ္သူ သူတို႔ကို ထားခဲ့မွန္းမသိေသးတာေၾကာင့္ ဖခင္က ဓာတ္ပုံ႐ိုက္တဲ့ အခါမွာ သတို႔သားေနရာမွာေရာ သတို႔သမီးေနရာေရာ ပါဝင္႐ိုက္ကူးၿပီး ဟန္ေဆာင္ၿပဳံးေနခဲ့ရပါတယ္ ။ သမီးေလးက လူႀကီးေတြရဲ႕ အေျခအေနကို အျပည့္အ၀ နားလည္ဖို႔ ငယ္လြန္းတဲ့အျပင္ အနာဂတ္မွာ သူ႔ကို ျပဳစုေစာင့္ေရွာက္ဖို႔ မိခင္လည္း မရွိႏိုင္ပါဘူး ။ ဒါေၾကာင့္လည္း ဖခင္ကဘဲ တျခားကေလးေတြလို ျပည့္ဝႏိုင္မယ္လို႔ ေမွ်ာ္လင့္ၿပီး သမီးေလးကို အၿမဲတမ္း ခ်စ္ျမတ္ႏိုးဖို႔ ႀကိဳးစားေနပါတယ္ ။ ေဖေဖ့ရဲ႕ ခ်စ္ျခင္းေမတၱာက အၿမဲတမ္း ႀကီးျမတ္ပါတယ္ ။ ဒီကမာၻမွာ ဘယ္အရာနဲ႔မွ ထပ္တူမက်ႏိုင္ပါဘူး ။

.

.

.

.

.

JRose (Mckzone daily)

Reference : yan

Unicode

Phong ဆိုတဲ့ ဓာတ်ပုံဆရာက single father နဲ့ သမီးတို့ရဲ့ ချစ်စရာကောင်းပုံကို ရိုက်ကူးပေးခဲ့တဲ့သူဖြစ်ပါတယ် ။ ကလေးရဲ့ အပြစ်ကင်းစင်မှုနဲ့ ဖခင်ရဲ့ အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာက ပြီးပြည့်စုံတဲ့ အဓိပ္ပာယ်များရှိနေတာကြောင့် netizen များကို ဆွဲဆောင်နိုင်ခဲ့ပါတယ် ။ အစပိုင်းမှာတော့ မိသားစုစုံစုံလင်လင်နဲ့ မင်္ဂလာဆောင်ဓါတ်ပုံအစုံရိုက်ဖို့ စိတ်ကူးထားပေမဲ့ ကလေးမရဲ့ မိခင်က သူ့တို့ သားအဖနဲ့ အတူမနေတော့တာကြောင့် အကြံဥာဏ်သစ်တစ်ခုကို တီထွင်ခဲ့ရပါတယ် ။ Single father ဖြစ်တဲ့ Dung ကိုယ်တိုင်ကလည်း သူနဲ့ သူ့သမီးကို အမှတ်တရအဖြစ် လှပတဲ့ ဓာတ်ပုံအယ်လ်ဘမ်တစ်ခု ဖန်တီးနိုင်ပါစေလို့ ဆုတောင်းနေခဲ့ရပါတယ် ။ ဓာတ်ပုံရိုက်နေစဉ်အတွင်း Phong ကို သဘောကျဆုံးမှာ Dung က သူ့ကလေးငယ်ကို သနားတဲ့ပုံစံဖြစ်ပါတယ် ။

ကလေးမလေးက မိခင်ဖြစ်သူ သူတို့ကို ထားခဲ့မှန်းမသိသေးတာကြောင့် ဖခင်က ဓာတ်ပုံရိုက်တဲ့ အခါမှာ သတို့သားနေရာမှာရော သတို့သမီးနေရာရော ပါဝင်ရိုက်ကူးပြီး ဟန်ဆောင်ပြုံးနေခဲ့ရပါတယ် ။ သမီးလေးက လူကြီးတွေရဲ့ အခြေအနေကို အပြည့်အ၀ နားလည်ဖို့ ငယ်လွန်းတဲ့အပြင် အနာဂတ်မှာ သူ့ကို ပြုစုစောင့်ရှောက်ဖို့ မိခင်လည်း မရှိနိုင်ပါဘူး ။ ဒါကြောင့်လည်း ဖခင်ကဘဲ တခြားကလေးတွေလို ပြည့်ဝနိုင်မယ်လို့ မျှော်လင့်ပြီး သမီးလေးကို အမြဲတမ်း ချစ်မြတ်နိုးဖို့ ကြိုးစားနေပါတယ် ။ ဖေဖေ့ရဲ့ ချစ်ခြင်းမေတ္တာက အမြဲတမ်း ကြီးမြတ်ပါတယ် ။ ဒီကမ္ဘာမှာ ဘယ်အရာနဲ့မှ ထပ်တူမကျနိုင်ပါဘူး ။

JRose (Mckzone daily)

Be the first to comment on "မိခင္က ထားသြားခဲ့တာေၾကာင့္ သမီးေလးနဲ႔အတူ ဓာတ္ပုံ႐ိုက္ဖို႔ သတို႔သမီးလိုဝတ္ဆင္ရန္ ဆုံးျဖတ္ခဲ့တဲ့ single father"

Leave a comment

Your email address will not be published.


*