ဘွဲ့ယူတဲ့နေ့ဟာ သင့်မိသားစု၊ သူငယ်ချင်းများ၊လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အောင်ပွဲခံရမယ့်အချိန်ကောင်းတစ်ခုဘဲဖြစ်သင့်ပါတယ်။ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်းကြိုးစားခဲ့ရပြီး နောက်ဆုံးမှာ မင်းဘွဲ့ရရှိခဲ့တဲ့အတွက် ဘွဲ့နှင်းသဘင်ခန်းမမှာကျတဲ့တစ်ခုတည်းသောမျက်ရည်ကလည်း ဝမ်းသာမျက်ရည်ဘဲဖြစ်သင့်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ၊ ဒီအရာဟာ Jeric Rivas အမည်ရှိအမ်ျုးသားအတွက် ဖြစ်မလာခဲ့ပါဘူး။ အတန်းဖော်များနှင့်အတူ ဒီပလိုမာဘွဲ့ကိုရရှိခဲ့ပေမဲ့လည်း မိသားစုနှင့်အတူဆင်နွှဲရမည့်နေ့ကို လွမ်းဆွတ်ရတော့မှာဖြစ်တဲ့အတွက်ကြောင့် Jeric ဟာ သူ့ရဲ့ကောလိပ်ကျောင်းဆင်းပွဲကို ” ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှု ရောထွေးတဲ့ ” နေ့တစ်နေ့အဖြစ် ပြန်လည်ဖော်ပြခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ San Jose Del Monte မြို့ရှိ La Concepcion ကောလိပ်မှ မကြာသေးမီက ဘွဲ့ရသူ Jeric Rivas ဟာ ၎င်းရဲ့ကောလိပ်ကျောင်းဆင်းပွဲနေ့အကြောင်းကို Facebook မှာ ပြန်ပြောပြခဲ့ပါတယ်။
“ဒီနေ့ ဘွဲ့ယူတဲ့နေ့မှာ ဝမ်းနည်းမှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ အများကြီး ရောထွေးစွာ ခံစားခဲ့ရတယ် ၊ ကျွန်တော့်ရဲ့ မူလတန်းကျောင်းနဲ့ အထက်တန်းကျောင်းတက်တုန်းက အဖြစ်အပျက်တွေကို ပြန်သတိရမိစေတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ် ” ဟု Jeric က ရေးသားဖော်ပြခဲ့ပါတယ်။ ထို့ပြင် Jeric က သူဟာ မူလတန်းကျောင်းတက်တုန်းက ဆုရခဲ့ဖူးပြီး မိသားစုဝင်ထဲမှတစ်ဦးက သူ့ကို ဆုတံဆိပ်ပေးအပ်ရန်စီစဉ်ခဲ့ပေမဲ့လည်း မည်သူမျှ ပေါ်မလာခဲ့တာကြောင့် သူဟာ ထိုနေ့မှာ ဆုလက်ခံရန် စင်မြင့်ပေါ်သို့မတက်နိုင်ခဲ့ကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။ မကြာမီမှာဘဲ သူဟာ အလားတူပြဿနာကို ထပ်မံကြုံတွေ့ခဲ့ရပေမဲ့လည်း ယခုတစ်ကြိမ်မှာတော့ သူ့အတွက်ဆုချီးမြင့်ပေးရန် သူ့သူငယ်ချင်းရဲ့မိဘများကို အကူအညီတောင်းခဲ့ရပါတယ်။
ဒါဟာ ကြေကွဲစရာကောင်းပေမယ့် Jeric ဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုအတွက် အသိအမှတ်ပြုခံရဖို့ဆန္ဒရှိနေခဲ့ပါတယ်။ ယခင်က Jeric ဟာ သူ့မိသားစု၏ပံ့ပိုးကူညီမှု ကင်းမဲ့နေပေမဲ့လည်း အပြုသဘောဆောင်တဲ့အနေဖြင့် ဆက်လက်၍ သူ့ရဲ့ပညာကိုဆက်လက်ဆည်းပူးခဲ့ပြီး ကောလိပ်တက်ဖို့အတွက် အိမ်ကနေပြောင်းပြီး အလုပ်မျိုးစုံလုပ်ခဲ့ရပါတယ်။
သူဟာ သူ့လုပ်ဖော်ကိုင်ဖက်များထက် ပံ့ပိုးမှုနည်းလို့ အလုပ်ပိုကြိုးစားရန်လိုအပ်ပေမဲ့လည်း၊ သူ့အတွက် ၎င်းက La Concepcion ကောလိပ်တွင် ရာဇ၀တ်မှုဆိုင်ရာဘွဲ့ဒီဂရီကို ဆက်လျှောက်ရန် မတားဆီးထားနိုင်ခဲ့ပါဘူး။
နောက်ဆုံးတော့ Jeric ဘွဲ့ရဖို့နေ့ရောက်လာခဲ့ပြီး သူစိတ်လှုပ်ရှားနေရမည့်နေ့မှာ သူ့မိသားစုများက စိတ်မကောင်းဖြစ်စရာကောင်းအောင် တစ်ဖန်ပြန်မပေါ်လာခဲ့ကြတာကြောင့် သူဟာ မျက်ရည်များကျခဲ့ရပြီး “ကျနော့်မျက်ရည်တွေ ရွှဲနေပြီလို့ ခံစားရတယ်၊ ကျနော် အတော်လေး စိတ်မကောင်းဖြစ်မ်တယ် ” ဟုလည်း ဆိုခဲ့ပါတယ်။
အတန်းဖော်များက ၎င်းတို့ရဲ့ဒီပလိုမာဘွဲ့များလက်ခံရယူရန် စင်မြင့်ပေါ်၌ လမ်းလျှောက်လာစဉ် Jeric ဟာ သူတစ်ကိုယ်တည်းရပ်နေရမည်ကို စိုးရိမ်နေခဲ့ရပြန်ပါတယ်။ ဒါပေမယ့် သူ စင်ပေါ်ရောက်သွားတဲ့အချိန်မှာ သူ့ရဲ့ပါမောက္ခ တစ်ဦးက သူ့ဆီရောက်လာခဲ့ပါတယ်။
ထို့နောက် ၎င်းတို့နှစ်ယောက်သား ပွေ့ဖက်ဖလှယ်ကြပြီး နောက်ဆုံးမှာ Jeric ဟာ သူ့ဘေးနားက သူ့ကိုပံ့ပိုးပေးတဲ့သူတစ်ဦးနှင့်အတူ သူ့ရဲ့ဒီပလိုမာဘွဲ့ကြီးကို လက်ခံရရှိနိုင်ခဲ့ပါတော့တယ်။ သို့ပေမဲ့ သူ့ရဲ့ဖေ့စ်ဘုတ်ခ်မှာ Jeric က သူ့မိသားစုအပါအဝင် သူ့ရဲ့ကျောင်းနှစ်တစ်လျှောက်လုံးကူညီပေးခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ သင်အနေနဲ့ ဘာတွေလုပ်နေပါစေ ပံ့ပိုးမှုစနစ်အချို့ရှိခြင်းက အရေးကြီးပါတယ်ဗျာ။
Mia (Mckzone daily)
Reference : newsner
Be the first to comment on "ဒီပလိုမာဘွဲ့ယူတဲ့နေ့မှာတောင် မိသားစုဝင်တစ်ယောက်မှ ဘွဲ့နှင်းသဘင်သို့ရောက်မလာခဲ့လို့ မျက်ရည်များကျခဲ့ရတဲ့ ကျောင်းသားတစ်ဦး"