ဆော်ဒီအာရေးဗီးယား တော်ဝင်မိသားစုမှ အဖွဲ့ဝင်တစ်ဦးဟာ ယူအေအီးတွင် မကြာသေးမီက လေယာဉ်ဖြင့် ၎င်းရဲ့ သိမ်းငှက်အကောင် 80 လုံးအတွက် တစ်ကောင်ချင်းစီစာ ထိုင်ခုံများ ဝယ်ယူခဲ့ကြောင်း သိရပါတယ်။ ပြန့်ကျဲနေတဲ့လူသားခရီးသည်များနှင့်အတူ လေယာဉ်တစ်ဝိုက်အတွင်းရှိ ၎င်းငှက်များ၏ဓာတ်ပုံကို Reddit အသုံးပြုသူ lensoo မှ “ ကျွန်တော့်သူငယ်ချင်း ကပ္ပတိန်က ဒီဓာတ်ပုံကို ပို့ပေးခဲ့တယ်၊ ဆော်ဒီမင်းသားတစ်ပါးက သူ့ရဲ့သိမ်းငှက်အကောင် ၈၀ အတွက် လက်မှတ်ဝယ်ပေးခဲ့တယ်တဲ့ဗျာ ” ဟူတဲ့ caption ဖြင့် post တစ်ခုတင်ပေးခဲ့ပါတယ်။ လူသားခရီးသွားများအား Falconry သိမ်းငှက်တွေနဲ့ ပြည့်နှက်နေတဲ့ပျံသန်းမှုမြင်ကွင်းဖြင့်တွဲမြင်ရတဲ့အခါ အစပိုင်းမှာထူးဆန်းနေပုံရပေမယ့် အရှေ့အလယ်ပိုင်းနိုင်ငံများ၌ လေယာဉ်တွေပေါ်မှာ သိမ်းငှက်တွေ သယ်ယူတဲ့ အလေ့အထဟာ တကယ်တော့ အဆန်းတော့ မဟုတ်တော့ပါဘူး။
Falconry ကို အရှေ့အလယ်ပိုင်းတွင် နှစ်ထောင်ပေါင်းများစွာကတည်းက လေ့ကျင့်ရေးအတွက်အသုံးပြုခဲ့ကြပြီး ၎င်းဟာ အာရပ်စော်ဘွားများအတွက် ရေပန်းစားသည့် အပန်းဖြေကစားနည်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
ဒူဘိုင်းတွင် တန်ဖိုးကြီး သိမ်းငှက်ဆေးရုံနှင့် ငှက်များအတွက် ရည်စူးထားသည့် ပြတိုက်တစ်ခုလည်း ရှိနေပါတယ်။ ဒါပေမဲ့ ဘာကြောင့် ဒီလောက်များတဲ့ သိမ်းဌက်ကို သယ်ယူရန် လိုအပ်ကြောင်းကို ရှင်းလင်းစွာ မသိခဲ့ရပါဘူး။
Reddit မှ မှတ်ချက်ပေးသူတစ်ဦးက Qatar Airways လေကြောင်းလိုင်းက ဝယ်ယူသူတစ်ဦးလျှင် အများဆုံး ငှက်ခြောက်ကောင်ကိုသာ ခွင့်ပြုထားကြောင်းဆိုခဲ့ပေမဲ့ Gizmodo သတင်းကတော့ Etihad Airways လေကြောင်းလိုင်းကတော့ ပင်မခန်းအတွင်း သို့မဟုတ် အိတ်ဆောင်အိတ်အဖြစ် သိမ်းငှက်များကို ပင်မခန်းတွင် ထားရှိဖို့အတွက်ခွင့်ပြုထားကြောင်း ထောက်ပြခဲ့ပါတယ်။
ထို့အပြင်၊ သိမ်းငှက်ဟာ UAE ၏ အမျိုးသားငှက်ဖြစ်ပြီး ၎င်းတို့မှာ ခရီးသွားရန် ယူအေအီးမှ ၎င်းတို့ရဲ့ ကိုယ်ပိုင်ပတ်စပို့ကိုလည်း ရရှိထားကြပါတယ်။ ငှက်မှောင်ခိုသမားများရဲ့ရန်မှကာကွယ်ရန် အသုံးပြုထားတဲ့ ၎င်းနိုင်ငံကူးလက်မှတ်ဟာ သုံးနှစ်သက်တမ်းရှိပါတယ်။
ဓာတ်ပုံမလိုအပ်ပေမဲ့လည်း ငှက်များဟာ ၎င်းရဲ့ပတ်စ်ပို့နှင့်သက်ဆိုင်သည့် ID နံပါတ်ပါသော ခြေထောက်လက်စွပ်ကို တပ်ဆင်ထားရမည်ဖြစ်ပြီး ၎င်းနိုင်ငံကူးလက်မှတ်ဟာ သိမ်းငှက်တစ်ကောင်အား ဘာရိန်း၊ ကူဝိတ်၊ ပါကစ္စတန်၊ မော်ရိုကို၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားနှင့် ဆီးရီးယားနိုင်ငံများသို့ သွားရောက်ခွင့်ပြုထားပါတယ်။
ထို့ပြင် Flydubai လေကြောင်းလိုင်း၏ ကိုယ်စားလှယ်တစ်ဦးမှ UAE သတင်းဝဘ်ဆိုဒ် The National မှ သတင်းထောက် Frank Kane သို့ လေယာဉ်ပျံသန်းစဉ်တွင် မတော်တဆမှုမဖြစ်စေရန် သိမ်းငှက်များအတွက် ကိုယ်ပိုင်ထိုင်ခုံစီရှိရမည်ဖြစ်ပြီး အထည်ပေါ်တွင် ထားရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။
Mia (Mckzone daily)
Reference : earthlymission
Be the first to comment on "၎င်းရဲ့အိမ်မွေး သိမ်းငှက်အကောင်ပေါင်း ၈၀ လုံးအတွက် လေယာဉ်ထိုင်ခုံတစ်ခုံစီဝယ်ပေးခဲ့တဲ့ မင်းသားတစ်ဦး"