ခွေးပေါက်စ၆ကောင်ကို ကျွေးမွေးပြုစုနေရတဲ့ အာဟာရချို့တဲ့ပြီး ကူကယ်ရာမဲ့နေတဲ့ မိခင်ခွေးလေး




JRose (Mckzone daily)

Reference : goodtimes

Unicode

တိရိစ္ဆာန်တစ်ကောင်ရဲ့ ဝေဒနာကို မြင်ရခြင်းက ကျွန်ုပ်တို့ဘ၀မှာ ကြုံတွေ့ရတဲ့ အဆိုးဆုံးမြင်ကွင်းများထဲမှ တစ်ခုဖြစ်ပါတယ် ။ ကျွန်ုပ်တို့ရဲ့စိတ်နှလုံးကို လှုပ်ရှားစေတဲ့ အကြောင်းတစ်စုံတစ်ခုခုကို ကြားရတဲ့အခါမှာ ရှေ့ဆက်ရန် အလွန်ခက်ခဲစေပါတယ် ။ ယခုမှာ Hope လို့ အမည်ပေးထားတဲ့ မိခင်ခွေးတစ်ကောင်နဲ့ ခွေးပေါက်များစွာ မွေးမြူခဲ့ရပါတယ် ။ Hope ဟာ ခွေးပေါက် ၆ ကောင်ကို တချိန်တည်း နို့တိုက်နေတဲ့မြင်ကွင်းက နှလုံးသားကို လုံးဝ ကြေကွဲစေခဲ့တယ် ။

ခွေးပေါက်၆ကောင်ကို အချိန်တိုင်း ကျွေးမွေးနေရတာကြောင့် Hope ရဲ့ ကိုယ်အလေးချိန်ဟာ မှန်ကန်တဲ့ အရွယ်အစားရဲ့ တစ်ဝက်လောက်တောင် မညီမျှတော့ပါဘူး ။ ဒါပေမဲ့ ခွေးမေမေက ခွေးပေါက် ၆ ကောင်ကို အသက်ရှင်နေစေရန် တတ်နိုင်သမျှ ကျွေးမွေးပေးနေပါတယ် ။ အဲ့ဒီနောက် ကယ်ဆယ်သူက ၎င်းကိုမြင်ပြီး စရိတ်စကအားလုံးကို အကုန်အကျခံကာ ခွေးများကို မွေးစားပြီး ပြန်လည်ကောင်းမွန်လာစေရန်နဲ့ တိုးတက်မှုအတွက် လိုအပ်တဲ့ စောင့်ရှောက်မှုများ ပေးအပ်ခဲ့ပါတယ် ။

ခွေးပေါက်များကို မွေးစားရန် သဘောတူထားတဲ့ ထိုက်တန်တဲ့ မိသားစုများထံ တာဝန်ပေးခဲ့ပါတယ် ။ လူတိုင်းရဲ့သက်သာရာရပြီး ယခုမှာ Hope က လမ်းဘေးမိခင်ဘဝရဲ့ နာကျင်မှုကို ဘယ်တော့မှ ထပ်မခံစားရတော့ပါဘူး ။

JRose (Mckzone daily)

Be the first to comment on "ခွေးပေါက်စ၆ကောင်ကို ကျွေးမွေးပြုစုနေရတဲ့ အာဟာရချို့တဲ့ပြီး ကူကယ်ရာမဲ့နေတဲ့ မိခင်ခွေးလေး"

Leave a comment

Your email address will not be published.


*