JRose (Mckzone daily)
Reference : yan
Unicode
တကယ်တော့ သိပ်အဆင်မပြေတဲ့ မိဘတွေက သားသမီးတွေ ကျောင်းကို အပြည့်အ၀ ကျောင်းတက်နိုင်ဖို့ အခြေအနေတွေ ဖန်တီးပေးဖို့ အမြဲ ကြိုးစားနေကြပါတယ် ။ ဘာကြောင့်လဲဆိုတော့ ဒါက ကလေးတွေကို ဆင်းရဲတွင်းက လွတ်အောင် ကူညီပေးဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုလို့ ယူဆတာကြောင့်ပါ ။ မကြာသေးမီက လူမှုကွန်ယက်မှာ ဖခင်ဖြစ်သူက သူ့သမီးကို ကျောင်းသွားကျောင်းပို့တဲ့အကြောင်း ပို့စ်တစ်ခုတင်ခဲ့ပြီး အင်တာနက်အသုံးပြုသူတွေရဲ့ မျက်ရည်တွေကို ချက်ခြင်းကျစေခဲ့ပါတယ် ။ Post ပိုင်ရှင်ရဲ့ ပြောကြားချက်အရ မိန်းကလေးငယ်ရဲ့ မိဘတွေက စက်ဘီးဝယ်ဖို့အတွက် ပိုက်ဆံအလုံအလောက်မရှိတဲ့အခါ ကလေးမလေးရဲ့ အခြေအနေမှာ အတော်လေးခက်ခဲနေပါတယ် ။
ထိုကြောင့် အဆိုပါမူလတန်းကျောင်သူလေးဟာ နေ့တိုင်းလမ်းလျှောက်သွားပြီး ဖခင်က အဖော်ပြုပေးကာ သားအဖနှစ်ယောက် လက်ချင်းချိတ်ပြီး ဖုန်လမ်းပေါ်မှာ လမ်းလျှောက်သွားကြပါတယ် ။ မိုးရွာတဲ့အခါ လမ်းမှာ ရွှံ့တွေနဲ့ ဖခင်ဖြစ်သူကတော့ သမီးလေးကို ပခုံးပေါ်တင်ကာ သမီးလေးရဲ့ ခြေထောက်တွေ ရွှံ့တွေ ဖုန်တွေ တွယ်ကပ်မနေအောင် တက်ကြွစွာ ကုန်းပိုးခဲ့ပါတယ် ။ အဆိုပါ ကြည်နူးစရာ သားအဖနှစ်ယောက်ရဲ့ ပုံရိပ်ကို တင်ပြီးနောက် netizen များက ဖခင်ဖြစ်သူရဲ့ ချစ်ခင်ကြင်နာမှုနဲ့ သားသမီးအပေါ်ထားရှိတဲ့ နှလုံးသားကို မြင်တွေ့ရတဲ့အခါမှာ ၎င်းတို့ခံစားချက်များကို ထုတ်ဖော်ခဲ့ကြပါတယ် ။
JRose (Mckzone daily)
Be the first to comment on "စက်ဘီးဝယ်မစီးနိုင်တဲ့အတွက် ရွှံ့နွံထဲ သမီးဖြစ်သူကို ကျောပိုးပြီး နေ့တိုင်း ကျောင်းကြိုပို့လုပ်ပေးခဲ့တဲ့ ဖခင်"