JRose (Mckzone daily)
Reference : khaosod
Unicode
အင်္ဂလန်နိုင်ငံ၊ Lincolnshire မှ အသက် 20 နှစ်အရွယ် Evey Tombett လို့ခေါ်တဲ့ အမျိုးသမီးက မိခင်ဖြစ်သူ သူမကို ကိုယ်ဝန်တည်စဥ် စစ်ဆေးခဲ့တဲ့ အထွေထွေရောဂါကုဆရာဝန်ထံမှ နစ်နာကြေးပေးရန် တောင်းဆိုခဲ့ပါတယ် ။ သူမက ပုံပျက်နေတဲ့ ကျောရိုးဖြင့် မွေးဖွားလာခဲ့တာကြောင့် Evey က သားအိမ်ထဲမှာ ရှိနေစဉ် ကြီးထွားမှုရပ်တန့်သွားသောကြောင့် သူမရဲ့ကျောရိုးကို တစ်ချိန်လုံးချိတ်ဆက်ရန် nasogastric tube ကို ဆက်လက်ထည့်သွင်းခဲ့ရပါတယ် ။
သူမ မွေးစမှ ကျောရိုးမကြီးအထိ ပုံမှန်မဟုတ်တာကို တွေ့ရခြင်းမှာ ပြည့်စုံစွာ မဖွံ့ဖြိုးခြင်းကြောင့် ဖြစ်ပါတယ် ။ ဒါပေမဲ့ Evey ရဲ့ ရှေ့နေများက ဒေါက်တာ Philip Mitchell က Evey ရဲ့ ခန္ဓာကိုယ်ပျက်စီးမှုရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ဆိုကြပါတယ် ။ မသန်စွမ်းသူအဖြစ် နေထိုင်စရိတ်အတွက် ဒေါ်လာသန်းပေါင်းများစွာ လိုချင်တယ်လို့ ဒေါက်တာ ကို တောင်းလိုက်ပါတယ် ။
အခြားတစ်ဖက်မှာ ဒေါက်တာ Philip Mitchell က Evey ရဲ့အမေကဘဲ ကိုယ်ဝန်လွယ်လွယ်ရနိုင်တဲ့ အကြံဉာဏ်ကို ပေးခိုင်းခဲ့ကြောင်း အခိုင်အမာဆိုပါတယ် ။ Evey ရဲ့မိခင်က ဆရာဝန်ထံမှ အကြံဉာဏ်ရရှိခဲ့မယ်ဆိုရင်လည်း သူမခန္ဓာကိုယ်အဆင်သင့်မဖြစ်သေးချိန်မှာ ကိုယ်ဝန်ရဖို့ အလျင်စလိုမလုပ်သင့်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ် ။ လောလောဆယ်မှာ Evey ရဲ့ ခန္ဓာကိုယ်က အနည်းငယ်သာ လှုပ်ရှားနိုင်ပြီး သူမက မကြာခဏ Wheelchair နဲ့ သွားလားနေရပါတယ် ။
JRose (Mckzone daily)
Be the first to comment on "ပုံပျက်နေတဲ့ကျောရိုးနဲ့မွေးဖွားလာရခြင်းရဲ့ အကြောင်းရင်းကို ဆရာဝန်ကြောင့်ဆိုပြီး ဒေါ်လာသန်းပေါင်းများစွာတောင်းကာ တရားစွဲခဲ့တဲ့ မိန်းကလေး"