JRose (Mckzone daily)
Reference : yan
Unicode
ငယ်ရွယ်သူများမဟုတ်ကြသော်လည်း အသက်ကြီးတဲ့ အဘိုးနဲ့ အဘွားတို့ရဲ့ တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်ပေးနေကြတဲ့ ချစ်စဖွယ် အမူအရာများက အချစ်ဆိုတဲ့ စကားလုံးဖြင့် ပေါင်းစည်းကြပြီး ချစ်ခြင်းမေတ္တာနဲ့ စကားလုံးများဖြင့် ယှဉ်တွဲလာကြပါတယ် ။ ယခုဖော်ပြပေးမဲ့ အသက် ၉၀ အရွယ်လောက်ရှိတဲ့ သက်ကြီးစုံတွဲနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာဟာ ထာဝရတည်မြဲကြောင်း ထင်ရှားစွာ သက်သေပြနေပါတယ် ။ နှစ်တွေကြာလာတာနဲ့အမျှ ခံစားချက်တွေ မှေးမှိန်မသွားဘဲ ဆန့်ကျင်ဘက်အနေနဲ့ တစ်နေ့ထက်တစ်နေ့ နှစ်ယောက်သား ပိုပိုပြီး ချစ်လာခဲ့ပါတယ် ။
မကြာသေးမီက အဘိုးအဘွားများရဲ့ ချစ်ခြင်းမေတ္တာကို မိန်းကလေးသူငယ်ချင်းတစ်ဦးမှ မျှဝေပေးပါတယ် ။ အဘိုးအိုတစ်ယောက်က သူ့ဇနီးအတွက် ပန်းတောင်းကို ကိုင်ဆောင်ကာ တံခါးမှ လမ်းလျှောက်လာပြီး နှစ်ယောက်စလုံးက အသက်ကြီးပေမယ့် သူတို့ရဲ့ အချစ်ရေးက ငယ်ရွယ်သူတွေထက် မနိမ့်ကျဘူးဆိုတာ ထင်ရှားပါတယ် ။အဘွားက ခင်းပွနားသည်ထံမှ ပန်းစည်းကို လက်ခံရရှိတဲ့အခါ သူမရဲ့ ပျော်ရွှင်တဲ့ အပြုံးကို မြင်တွေ့ရသူတိုင်းလည်း ဝမ်းသာကြည်နူးမိပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် စိတ်ရင်းမှန်နဲ့ ဂရုစိုက်မှုတွေနဲ့ ဒီလိုဘဝမျိုးက နွေးထွေးနေတယ်ဆိုတာ အမှန်ပါပဲ ။
JRose (Mckzone daily)
Be the first to comment on "ချစ်ဇနီးကို ပန်းစည်းနဲ့ surprise လုပ်ပြီး နှစ်တွေကြာလာတာနဲ့အမျှ အချစ်တွေ မှေးမှိန်မသွားကြောင်းကို သက်သေပြနေခဲ့တဲ့ အဘိုးအို"