ေလယာဥ္ေပၚပါလာတဲ့ ေစ်ေပါလြန္းတဲ့powerbankတစ္ခု ေပါက္ကြဲခဲ့မႈေၾကာင့္ အေရးေပၚဆင္းသက္မႈျပဳလုပ္ခဲ့ရတဲ့အျဖစ္

Powerbank ေတြနဲ႔ညဖက္အခ်ိန္ေတြမွာ ဖုန္းအားသြင္းရင္ေတာင္မွ မၾကာခဏေပါက္ကြဲမႈျဖစ္တတ္တဲ့ သတင္းမ်ိဳးမၾကာခဏၾကားဖူးၾကမွာပါ ။ ပံုမွန္ နာမည္ႀကီး တံဆိပ္ေကာင္းတဲ့ powerbank ေတြေတာင္မေတာ္တဆ ေပါက္ကြဲမႈျဖစ္တတ္လို႔ ေစ်းသက္သာလြန္းတဲ့ powerbank ေတြ အႏၱရာယ္မ်ားမဲ့အျဖစ္ကေတာ့ ေျပာေနစရာေတာင္မလိုပါဘူး ။ မၾကာေသးခင္ December 25 ရက္ေန႔က မေလး႐ွားႏိုင္ငံ Kuala Lumpur ၿမိဳ႕ကေန Hong Kong သို႔ ပ်ံသန္းထြက္ခြာလာခဲ့တဲ့ ေလယာဥ္တစ္စီးဟာ ခရီးစဥ္တစ္ေလ်ွာက္ powerbank ႏွင့္ ဖုန္းအားသြင္းရင္လိုက္ပါလာခဲ့တဲ့ 26 ႏွစ္အရြယ္အမ်ိဳးသားတစ္ဦးေၾကာင့္ ခရီးစဥ္ၾကားျဖတ္ၾကန္႔ၾကာမႈမ်ား ျဖစ္ပြားခဲ့ရပါတယ္ ။

အဆိုပါ powerbank ေပါက္ကြဲမႈေၾကာင့္ အျခားေသာခရီးသည္မ်ား ႏွင့္ ေလယာဥ္အမႈထမ္းမ်ားအားလံုးဟာ အေတာ္ေလးတုန္လႈပ္ေခ်ာက္ခ်ားသြားခဲ့ရၿပီး ေလယာဥ္မွာလည္း ဗီယက္နမ္ႏိုင္ငံ႐ွိ Tan Son Nhat ေလဆိပ္သို႔ အေရးေပၚဆင္းသက္ခဲ့ရပါတယ္ ။ အဆိုပါ powerbank နဲ႔ ဖုန္းအားသြင္းေနခဲ့တဲ့ အမ်ိဳးသားမွာလည္း သူ၏တင္ပါး ႏွင့္ ဘယ္ဖက္လက္ တို႔မွာ ေပါက္ကြဲဒဏ္ရာမ်ားရ႐ွိခဲ့ၿပီး ၊ ခ်က္ခ်င္းအေရးေပၚကုသမႈ ခံယူခဲ့ရေၾကာင္းလည္း သိ႐ွိရပါတယ္ ။

ကံေကာင္းစြာနဲ႔ပဲ ေလဆိပ္မွဝန္ထမ္းမ်ားႏွင့္ ေဆးအဖြဲ႔ ၊ လူနာတင္ယာဥ္မ်ားက အဆင္သင့္ေစာင့္ဆိုင္းေပးခဲ့ၿပီး အဆိုပါအမ်ိဳးသားကိုလည္း အနီးအနား႐ွိေဆးရံုသို႔ အလ်င္အျမန္ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္ ။ ဗီယက္နမ္ႏိုင္ငံ႐ွိ တာဝန္႐ွိသူေလယာဥ္အမႈထမ္းမ်ား၏ ဆက္လက္ၿပီးစစ္ေဆးခ်က္မ်ားအရ အဆိုပါ powerbank မွာ ေစ်းသက္သာလြန္းၿပီး စီစစ္အတည္ျပဳလက္ခံမႈရ႐ွိထားတဲ့ တံဆိပ္မ်ိဳးမဟုတ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Powerbank တွေနဲ့ညဖက်အချိန်တွေမှာ ဖုန်းအားသွင်းရင်တောင်မှ မကြာခဏပေါက်ကွဲမှုဖြစ်တတ်တဲ့ သတင်းမျိုးမကြာခဏကြားဖူးကြမှာပါ ။ ပုံမှန် နာမည်ကြီး တံဆိပ်ကောင်းတဲ့ powerbank တွေတောင်မတော်တဆ ပေါက်ကွဲမှုဖြစ်တတ်လို့ ဈေးသက်သာလွန်းတဲ့ powerbank တွေ အန္တရာယ်များမဲ့အဖြစ်ကတော့ ပြောနေစရာတောင်မလိုပါဘူး ။ မကြာသေးခင် December 25 ရက်နေ့က မလေးရှားနိုင်ငံ Kuala Lumpur မြို့ကနေ Hong Kong သို့ ပျံသန်းထွက်ခွာလာခဲ့တဲ့ လေယာဉ်တစ်စီးဟာ ခရီးစဉ်တစ်လျှောက် powerbank နှင့် ဖုန်းအားသွင်းရင်လိုက်ပါလာခဲ့တဲ့ 26 နှစ်အရွယ်အမျိုးသားတစ်ဦးကြောင့် ခရီးစဉ်ကြားဖြတ်ကြန့်ကြာမှုများ ဖြစ်ပွားခဲ့ရပါတယ် ။

အဆိုပါ powerbank ပေါက်ကွဲမှုကြောင့် အခြားသောခရီးသည်များ နှင့် လေယာဉ်အမှုထမ်းများအားလုံးဟာ အတော်လေးတုန်လှုပ်ချောက်ချားသွားခဲ့ရပြီး လေယာဉ်မှာလည်း ဗီယက်နမ်နိုင်ငံရှိ Tan Son Nhat လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ် ။ အဆိုပါ powerbank နဲ့ ဖုန်းအားသွင်းနေခဲ့တဲ့ အမျိုးသားမှာလည်း သူ၏တင်ပါး နှင့် ဘယ်ဖက်လက် တို့မှာ ပေါက်ကွဲဒဏ်ရာများရရှိခဲ့ပြီး ၊ ချက်ချင်းအရေးပေါ်ကုသမှု ခံယူခဲ့ရကြောင်းလည်း သိရှိရပါတယ် ။

ကံကောင်းစွာနဲ့ပဲ လေဆိပ်မှဝန်ထမ်းများနှင့် ဆေးအဖွဲ့ ၊ လူနာတင်ယာဉ်များက အဆင်သင့်စောင့်ဆိုင်းပေးခဲ့ပြီး အဆိုပါအမျိုးသားကိုလည်း အနီးအနားရှိဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ် ။ ဗီယက်နမ်နိုင်ငံရှိ တာဝန်ရှိသူလေယာဉ်အမှုထမ်းများ၏ ဆက်လက်ပြီးစစ်ဆေးချက်များအရ အဆိုပါ powerbank မှာ ဈေးသက်သာလွန်းပြီး စီစစ်အတည်ပြုလက်ခံမှုရရှိထားတဲ့ တံဆိပ်မျိုးမဟုတ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment