အသက် 105 နှစ်ရှိ အဘိုးအိုတစ်ဦးဟာ ၎င်း၏ပထဆုံးမြစ်ဦးလေးကို ပထမဆုံးအကြိမ်တွေ့ရတော့မဲ့ အဖိုးတန်တဲ့အခိုက်အတန့်တစ်ခုအတွက် အလွန်စိတ်လှုပ်ရှားနေခဲ့ပါတယ်။ မိဘများဖြစ်တဲ့ Susan နှင့် Jason Zwolak တို့ဟာ သားလေး Easton မွေးဖွားလာပြီးကတည်းက အလွန်ထူးခြားတဲ့အခိုက်အတန့်ကို စောင့်မျှော်နေကြပါတယ်။ ၎င်းတို့ဟာ မွေးဖွားပြီး ငါးရက်အကြာတွင် great-granddad ဖြစ်သူ အဘိုး Pop နှင့် တွေ့ဆုံရန် သားလေး Easton ကို ခေါ်ဆောင်လာခဲ့ကြပါတယ်။ Susan နှင့် Jason တို့ဟာ အဘိုး Pop နှင့်ကြီးပြင်းလာစဉ် လှပသောအမှတ်တရများရှိခဲ့ကြပြီး Easton လေးက သူ့နှင့်တွေ့ဆုံခွင့်ရသည့်အတွက် အလွန်ကံကောင်းသည်ဟု ခံစားခဲ့ကြပါတယ်။
Pop ဟာ Easton ကိုပထမဆုံးအကြိမ်တွေ့တဲ့အချိန်မှာ သိသိသာသာစိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်ကာ အနည်းငယ်တုန်လှုပ်သွားခဲ့ပြီး ပထမတော့ Easton လေးပြုတ်ကျမှာကိုတကယ်စိုးရိမ်နေခဲ့ပါတယ်။ ဤအချက်ကြောင့် Pop က သူ့ရဲ့မြစ်ဦးလေးကိုချီဖို့ ဝန်လေးနေခဲ့ပါတယ်။
အဘိုး Pop က Easton ကိုချီဖို့ ငြင်းဆိုတဲ့အခါ Susan က သူ့ကိုစိတ်ချလက်ချ ချီထားသင့်တယ်လို့ အာမခံပေးခဲ့ပါတယ်။ မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့ အဘိုး Pop က စိတ်လှုပ်ရှားမှုအပြည့်နဲ့ သူ့လက်ကို မဝံ့မရဲ ဆန့်ထုတ်လိုက်ပါတယ်။ နောက်ဆုံး အဘိုး Pop က Easton လေးကိုပွေ့ချီလိုက်တဲ့အခါ သူ့မျက်နှာကလည်း ရွှင်လန်းမှုနှင့်အတူ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။
အသက်ကြီးတဲ့အဘိုးက သူ့မျက်နှာမှာ ရွှင်မြူးနေတဲ့ ကလေးလေးအဖြစ်သို့ ပြောင်းလဲသွားခဲ့တာကြောင့် Susan ကာ အဘိုးကိုကြည့်ရင်း မျက်ရည်တွေဝဲနေခဲ့ရပါတယ်။
အဘိုး Pop ဟာ Easton လေးရဲ့မျက်နှာကိုကြည့်ကာ ခေါင်းကို အကြိမ်ကြိမ်ညိတ်နေခဲ့ပြီး အိပ်ပျော်နေတဲ့ Easton လေးကလည်း အဘိုးဖြစ်သူရဲ့ချစ်ခင်မှုကိုခံစားရလို့ နိုးလာခဲ့ပါသေးတယ်။
အဘိုး Pop က သူ့မြစ်လေးကို ရင်ဘတ်နှင့် နီးကပ်စွာ ပွေ့ချီထားပြီး Easton လေးကလည်း သူ့အတွက် သက်တောင့်သက်သာရှိတဲ့နေရာတစ်ခုကို ရှာဖွေတွေ့သွားသလို တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။
ဂုဏ်ယူနေတဲ့မိဘများကလည်း ၎င်းတို့၏အဘိုးက သားဖြစ်သူ၏မျက်နှာကို ရွရွလေး ပွတ်သပ်ကာ ရွှင်လန်းဝမ်းမြောက်စွာဖြင့်ကြည့်နေတာကို ကြည့်ရင်း ဝမ်းသာပီတိဖြစ်နေခဲ့ကြပါတယ်။
ဒီလိုအသက်ကြီးရင့်အရွယ်မှာ ပျော်ရွှင်စေတဲ့အရာတွေကိုရှာတွေ့ဖို့ဆိုတာမလွယ်ပါဘူး။ ဒီတွေ့ဆုံမှုက Pop အတွက် အများကြီး အဓိပ္ပါယ်ရှိနေမှာ အသေအချာပါဘဲ။ ဒီလိုအသက်အရွယ်နဲ့ ဒီနေ့ခေတ်ကြီးမှာသင့်ရဲ့မြစ်လေးနဲ့ တွေ့ဆုံဖို့ဆိုတာ ရှားရှားပါးပါး အခိုက်အတန့်ဖြစ်ပြီး ဒီလိုအရာက လူတိုင်း ဂုဏ်ပြုသင့်တဲ့ရှားပါးအခိုက်အတန့်တစ်ခုပါဘဲ။
Mia (Mckzone daily)
Reference : goodtimes
Be the first to comment on "ပထမဆုံးမြစ်ဦးလေးကို ထိကြည့်ဖို့ကြောက်နေခဲ့ပေမဲ့ ပွေ့ချီလိုက်မှ ဝမ်းသာစိတ်လှုပ်ရှားသွားခဲ့တဲ့ ၁၀၅ နှစ်အရွယ်အဘိုးအို(ရုပ်သံ)"