နိုင်ငံခြားမှာအလုပ်လုပ်တဲ့မိခင်မှပေးပို့တဲ့ငွေများကို စုဆောင်းပြီး တိတ်တဆိတ်အိမ်ဆောက်ကာ စပရိုက်လုပ်ပေးခဲ့ကြတဲ့ သားအဖသုံးယောက်

နိုင်ငံခြားရပ်မှပြည်ပလုပ်သားတို့အားလုံးဟာ အလုပ်တွင် နေ့စဉ်နှင့်အမျှ ပင်ပန်းနွမ်းနယ်မှုနှင့် မိသားစုနှင့်ဝေးကွာနေရခြင်းစတဲ့အထီးကျန်မှုများကို တွေ့ကြုံနေရပေမဲ့လည်း ၎င်းတို့ချစ်ရသူ၏ဘဝနှင့် သားသမီးများ၏ပိုမိုကောင်းမွန်သောအနာဂတ်အတွက်ကြောင့် ဝမ်းနည်းမှုနှင့် ဝေဒနာအားလုံးကို ကျော်ဖြတ်လိုစိတ်ရှိကြပါတယ်။ ကူဝိတ်နိုင်ငံမှ ပြည်ပလုပ်သားဖြစ်တဲ့ မိခင်တစ်ဦးဖြစ်သူ Rodelyn Fortes ဟာ သူမဘဝရဲ့စွန့်လွှတ်အနစ်နာခံမှုများဖြင့် ဖိလစ်ပိုင်ရှိသူမ၏မိသားစုတစ်ခုလုံးသို့ ပေးပို့လိုက်တဲ့ငွေကြေးအားလုံးကို အလဟသ မဖြုန်းတီးကြောင်း တွေ့ရှိလိုက်တဲ့အခါမှာ သူမဟာ ဝမ်းသာပြီး စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ ဖိလစ်ပိုင်မှာကျန်ရှိတဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ Rogelio နှင့်သူမရဲ့သားသမီးတို့ဟာ သူမ ပေးပို့လိုက်တဲ့ပိုက်ဆံရဲ့အစိတ်အပိုင်းအတော်များများကို ဖြည်းဖြည်းချင်း စုဆောင်းပြီးတဲ့အထိ အကြွေစေ့တွေနဲ့သာ စတင်ခဲ့ကြတာပါ။

ယခုအခါ ၎င်းတို့မှာ ပီဆို 300,000.00 ( သိန်း ၁၀၀ ကျော်) ပမာဏရှိတဲ့ငွေစက္ကူများနှင့် အကြွေစေ့များ စုဆောင်းထားရှိနိုင်ပြီဖြစ်ပါတယ်။ “ ကျွန်တော့်ဇနီးကိုကူညီဖို့ ကျွန်တော်လုပ်ခဲ့တာတွေက သူမပေးပို့လာတဲ့ငွေတွေကို စုဆောင်းပေးဖို့ကြိုးစားခဲ့တယ် ၊ လျှော့လာမယ့်အစား ကျွန်တော်တိုးလာအောင် လုပ်ခဲ့တယ်” လို့ ခင်ပွန်း Rogelio က ဆိုပါတယ်။

“ သမီး ငွေစုဆောင်းနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်” ဟု ၎င်းတို့ရဲ့ အငယ်ဆုံးသမီးဖြစ်သူ Rodelyn က ဆက်လက်ပြောကြားခဲ့ပါတယ်။ ၎င်းတို့သားအဖတို့ဟာ ၎င်းအဖြစ်ကိုဘာဆိုဘာမှမသိနေခဲ့တဲ့ Rodelyn ရဲ့အိမ်ပြန်လာချိန်အတွက် စပရိုက်လုပ်ပေးရန် ကိုယ်ပိုင်အိမ်အသစ်တစ်လုံးကိုတောင် ဆောက်လုပ်ထားခဲ့ကြပြီဖြစ်သလို စုဆောင်းထားတဲ့အပိုငွေတွေနဲ့ ဘေးတွဲကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီးကိုတောင် ဝယ်နိုင်ခဲ့ကြပြီဖြစ်ပါတယ်။

တစ်နေ့ အိမ်ပြန်လာတဲ့ Rodelyn ဟာ “ ကျွန်မမသိခဲ့ဘူး၊ ဒီကိုပြန်ရောက်တော့ ထူးခြားနေခဲ့တယ်၊ ဒါ့အပြင် ကူဝိတ်နဲ့ မလေးရှားမှာရတဲ့ကျွန်မရဲ့လစာကသိပ်မများလို့ သူတို့ကို ဒီလောက်ချွေတာလိမ့်မယ်လို့လုံးဝမမျှော်လင့်ထားခဲ့ဘူး” ဟု သူမက အိမ်အသစ်နှင့် လုံးဝထူးခြားနေတဲ့သူမရဲ့အိမ်ပြန်စပရိုက်အေကြာင်းကိုပြောပြခဲ့ပါတယ်။

၎င်းတို့ဇနီးမောင်နှံနှစ်ဦးဟာ ၎င်းတို့သင်ကြားခဲ့သည့်အရာများကိုတန်ဖိုးထားတတ်ရန်သင်ယူနေကြတာကြောင့် သားသမီးများအတွက် ဂုဏ်ယူကြပြီး အရေးကြီးသည်မှာ မငြီးငြူဘဲ ငွေစုဆောင်းတတ်တဲ့၎င်းတို့ရဲ့သားသမီးတို့ရဲ့အကျင့်စရိုက်ကို သဘောကျခဲ့ကြပါတယ်။

ထို့ပြင် မိခင်ဖြစ်သူကို စပရိုက်လုပ်ပေးနိုင်ခဲ့လို့ ဝမ်းသာကျေနပ်နေခဲ့တဲ့ သူမတို့ရဲ့ သားကြီးဖြစ်သူကလည်း ” ပိုက်ဆံစုပါ။ နောက်ပြီး မလိုအပ်တဲ့ပစ္စည်းတွေလည်း မဝယ်ပါနဲ့ ၊ ကျွန်တော်ဆို လုံးဝမဝယ်ခဲ့ပါဘူး” ဟုလည်းပြောကြားခဲ့ပါတယ်။

အင်တာနက်အသုံးပြုသူတော်တော်များများက အိမ်မှာကျန်ရစ်တဲ့၎င်းတို့သားအဖတို့အား နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတဲ့မိခင်ထံမှ ပေးပိုတဲ့ငွေများကိုမဖြုန်းတီးဘဲ ပိုက်ဆံကို လိမ္မာပါးနပ်စွာအသုံးပြုတဲ့အတွက် ချီးကျူးခဲ့ကြပါတယ်။

Mia (Mckzone daily)

Reference : everytruenews24

Be the first to comment on "နိုင်ငံခြားမှာအလုပ်လုပ်တဲ့မိခင်မှပေးပို့တဲ့ငွေများကို စုဆောင်းပြီး တိတ်တဆိတ်အိမ်ဆောက်ကာ စပရိုက်လုပ်ပေးခဲ့ကြတဲ့ သားအဖသုံးယောက်"

Leave a comment

Your email address will not be published.


*