ေဆးရံုမွာ အသက္ေသဆံုးေတာ့မယ့္ဇနီးသည္ကို သြားေတြ႔ဖို႔ႀကိဳးစားရင္း လမ္းတစ္ဝက္မွာယာဥ္မေတာ္တဆျဖစ္ခဲ့တဲ့ အဘိုးအို(႐ုပ္သံ)

မၾကာေသးခင္ကမွ မေလး႐ွားႏိုင္ငံကအဘိုးအိုတစ္ဦးဟာ ေဆးရံုတက္ေနတဲ့ဇနီးသည္ကိုသြားေတြ႔ရင္း Kuala Kangsar ၿမိဳ႕ကေန Taiping ၿမိဳ႕သို႔သြားတဲ့လမ္းမွာ ယာဥ္မေတာ္တဆတစ္ခုျဖစ္ပ်က္ခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလးကိုလူၾကည့္မ်ားလ်က္႐ွိၿပီး ျပန္လည္ေဝမ်ွသူလည္း အမ်ားအျပား႐ွိေနခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါယာဥ္မေတာ္တဆမႈေၾကာင့္ အဘိုးအိုရဲ႕ကားဟာ လမ္းေဘးမွာ႐ွိတဲ့ ေျမာင္းထဲသို႔ လံုးဝက်သြားခဲ့ၿပီး ၊ အဘိုးအိုမွာလည္း စိတ္ေတြအေတာ္ေလးတုန္လႈပ္ေ႐ွာက္႐ွားေနခဲ့ၿပီး ၊ အေျခအေနဆိုးဝါးေနတဲ့ ဇနီးသည္ကိုေတြ႔ခ်င္ေစာျဖင့္ ထိတ္ထိတ္ျပာျပာျဖစ္ေနခဲ့ၿပီး ေၾကာက္စိတ္မႊန္းေနခဲ့ပါတယ္ ။

အဘိုးအိုဟာ Taiping ၿမိဳ႕မွာ႐ွိတဲ့ ေဆးရံုမွာေဆးကုသေနတဲ့ ဇနီးသည္ကိုသြားေရာက္ေတြ႔ဆံုဖို႔သြားရင္ အ႐ွိန္ျပင္းစြာကားကိုေမာင္းႏွင္ခဲ့ျခင္းမ်ိဳးမဟုတ္ခဲ့ေပမဲ့လည္း မေတာ္တဆမႈအနည္းငယ္ေၾကာင့္ ကား၏အ႐ွိန္ကိုမထိန္းႏိုင္တဲ့ ကားမွာလမ္းေဘးေျမာင္းအတြင္းသို႔ က်သြားခဲ့တာျဖစ္ပါတယ္ ။

အခ်ိဳ႕ေသာသူမ်ားကေတာ့ အဘိုးအိုရဲ႕အေျခအေနကိုၾကည့္ၿပီး အဘိုးအိုဟာ Alzheimer ေရာဂါခံစားေနရသူျဖစ္ႏိုင္ေၾကာင္း ေျပာဆိုခဲ့ၾကေပမဲ့လည္း ၊ အမွန္တကယ္ေတာ့ အဘိုးအိုဟာ က်န္းမာေရးအေျခအေနဆိုးရြားေနၿပီး အသက္ေသဆံုးေတာ့မယ္ဇနီးသည္အတြက္ ပူပန္ရင္းနဲ႔ ယခုကဲ့သို႔ တုန္တုန္ယင္ယင္ျဖစ္ပ်က္ေနခဲ့ရတာျဖစ္ပါတယ္ ။ အဆိုပါယာဥ္မေတာ္တဆမႈဟာ ၿပီးခဲ့တဲ့ December 17 ရက္ေန႔က ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး အဘိုးအိုမွာေတာ့ ထိခိုက္ဒဏ္ရာရ႐ွိျခင္းမ်ိဳးမ႐ွိပါဘူး ။ အဘိုးအိုရဲ႕ ဇနီးသည္မွာေတာ့ December 21 ရက္ေန႔မွာ ေသဆံုးသြားခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ သို႔ေပမဲ့လည္း အဘိုးအိုဟာ ဇနီးသည္ရဲ႕ေနာက္ဆံုးအခ်ိန္ေတြမွာ အတူ႐ွိေနခြင့္ရခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်ကမှ မလေးရှားနိုင်ငံကအဘိုးအိုတစ်ဦးဟာ ဆေးရုံတက်နေတဲ့ဇနီးသည်ကိုသွားတွေ့ရင်း Kuala Kangsar မြို့ကနေ Taiping မြို့သို့သွားတဲ့လမ်းမှာ ယာဉ်မတော်တဆတစ်ခုဖြစ်ပျက်ခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးကိုလူကြည့်များလျက်ရှိပြီး ပြန်လည်ဝေမျှသူလည်း အများအပြားရှိနေခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါယာဉ်မတော်တဆမှုကြောင့် အဘိုးအိုရဲ့ကားဟာ လမ်းဘေးမှာရှိတဲ့ မြောင်းထဲသို့ လုံးဝကျသွားခဲ့ပြီး ၊ အဘိုးအိုမှာလည်း စိတ်တွေအတော်လေးတုန်လှုပ်ရှောက်ရှားနေခဲ့ပြီး ၊ အခြေအနေဆိုးဝါးနေတဲ့ ဇနီးသည်ကိုတွေ့ချင်စောဖြင့် ထိတ်ထိတ်ပြာပြာဖြစ်နေခဲ့ပြီး ကြောက်စိတ်မွှန်းနေခဲ့ပါတယ် ။

အဘိုးအိုဟာ Taiping မြို့မှာရှိတဲ့ ဆေးရုံမှာဆေးကုသနေတဲ့ ဇနီးသည်ကိုသွားရောက်တွေ့ဆုံဖို့သွားရင် အရှိန်ပြင်းစွာကားကိုမောင်းနှင်ခဲ့ခြင်းမျိုးမဟုတ်ခဲ့ပေမဲ့လည်း မတော်တဆမှုအနည်းငယ်ကြောင့် ကား၏အရှိန်ကိုမထိန်းနိုင်တဲ့ ကားမှာလမ်းဘေးမြောင်းအတွင်းသို့ ကျသွားခဲ့တာဖြစ်ပါတယ် ။

အချို့သောသူများကတော့ အဘိုးအိုရဲ့အခြေအနေကိုကြည့်ပြီး အဘိုးအိုဟာ Alzheimer ရောဂါခံစားနေရသူဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ကြပေမဲ့လည်း ၊ အမှန်တကယ်တော့ အဘိုးအိုဟာ ကျန်းမာရေးအခြေအနေဆိုးရွားနေပြီး အသက်သေဆုံးတော့မယ်ဇနီးသည်အတွက် ပူပန်ရင်းနဲ့ ယခုကဲ့သို့ တုန်တုန်ယင်ယင်ဖြစ်ပျက်နေခဲ့ရတာဖြစ်ပါတယ် ။ အဆိုပါယာဉ်မတော်တဆမှုဟာ ပြီးခဲ့တဲ့ December 17 ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဘိုးအိုမှာတော့ ထိခိုက်ဒဏ်ရာရရှိခြင်းမျိုးမရှိပါဘူး ။ အဘိုးအိုရဲ့ ဇနီးသည်မှာတော့ December 21 ရက်နေ့မှာ သေဆုံးသွားခဲ့ရကြောင်း သိရှိရပါတယ် ။ သို့ပေမဲ့လည်း အဘိုးအိုဟာ ဇနီးသည်ရဲ့နောက်ဆုံးအချိန်တွေမှာ အတူရှိနေခွင့်ရခဲ့ပါတယ် ။.

Jasmine (Mckzone Daily)

  • Leave a Comment