စေတနာဝန်ထမ်းလုပ်ဖို့သွားရင်း သူမရဲ့လမ်းညွှန်သူနှင့်ချစ်ကြိုက်ကာ လက်ထပ်ဖြစ်သွားခဲ့တဲ့ အမျိုးသမီးတစ်ဦး

ထိုင်ဝမ်အမျိုးသမီးတစ်ဦးဟာ သူမရဲ့ထူးခြားတဲ့အချစ်ဇာတ်လမ်းကို Subtle Asian Traits ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။ ထိုင်ဝမ်မှာ မွေးဖွားခဲ့တဲ့ အဆိုပါ Lu Lee-Kombe အမည်ရှိစေတနာ့ဝန်ထမ်းနှင့် အမျိုးသမီးကမ္ဘာလှည့်ခရီးသွားတစ်ဦးဟာ ကနေဒါနဲ့ တောင်ကိုရီးယားမှာ ပညာသင်ကြားကာ တက္ကသိုလ်တစ်ခုကနေဘွဲ့ရခဲ့ပြီးနောက် ဂျပန်နိုင်ငံမှာ စာသင်တဲ့အလုပ်တစ်ခုကိုရရှိခဲ့ပါတယ်။ သူမရဲ့မိဘများက သူမအား ကျောင်းဆရာမ သို့မဟုတ် အစိုးရဝန်ထမ်းဖြစ်စေလိုခဲ့ပါတယ်။ သို့သော် Lu Lee-Kombe ဟာ သူမစိတ်ဝင်စားတဲ့အလုပ်တွေကို သူမ ကြိုးစားလုပ်ဆောင်နေခဲ့ပေမဲ့လည်း သူမရဲ့မိဘများက သူမရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို ဘယ်သောအခါမှ အထင်မကြီးခဲ့ကြပါဘူး။

.

Lu Lee-Kombe က ကျောင်းပြန်ရောက်တဲ့အခါ သူမက Master တန်းပြန်တက်ရန်အစီအစဉ်ရှိခဲ့ပေမဲ့လည်း ထိုမတိုင်မီမှာ သူမဟာ Tanzania နိုင်ငံမှာ ကာလတိုအင်္ဂလိပ်စာသင်ကြားရေးအလုပ်အတွက် စေတနာ့ဝန်ထမ်းပြုလုပ်ပေးခဲ့ရပါတယ်။

.

Tanzania ရောက်တာနှင့် သူမဟာ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းမှကမ်းလှမ်းထားတဲ့ ၃ ရက်တာ တောရိုင်းတိရိစ္ဆာန်ဆာဖာရီစခန်းချခရီးစဉ်ကိုသွားခဲ့ပြီး ထိုအချိန်မှာ သူမရဲ့အနာဂတ်သတို့သားဖြစ်လာမဲ့ Sam အမည်ရှိ Tanzanian safari လမ်းညွှန်အမျိုးသားတစ်ဦးနှင့်တွေ့ဆုံခဲ့ပါတယ်။

သူမတို့နှစ်ယောက်ရဲ့အချစ်ရေးက ဘယ်လိုကနေ ဘယ်လိုတိုးတက်လာခဲ့တဲ့အကြောင်းကို အသေးစိတ်မပြောပြခဲ့ပေမယ့် နောက်ဆုံးမှာ သူမတို့လက်ထပ်ခဲ့ကြပြီး အခုဆိုချစ်စရာကောင်းပြီးကျန်းမာတဲ့ သားသမီး ၂ ယောက်ကိုပိုင်ဆိုင်ထားကြပြီဖြစ်ပါတယ်။

လက်ရှိ သူမရဲ့ခင်ပွန်းက safari စခန်းနှင့် safari ကုမ္ပဏီကိုပိုင်ဆိုင်ထားပြီး စာရေးဆရာမ Lee-Kombe ကတော့ ဝတ္ထုစာအုပ် နှစ်စာအုပ်ကိုထုတ်ဝေခဲ့ပြီး ယခု ကလေးရုပ်ပြစာအုပ်များကိုလည်းပြုစုနေလျက်ရှိပါတယ်။

“ ဘဝမှာမမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတွေ အများကြီးရှိပြီး မင်းရဲ့နောက်တစ်ဆင့်က မင်းကို ဘယ်လိုဖြစ်စေမယ်ဆိုတာ မင်းမသိနိုင်ပါဘူး ” လို့လည်း Lee-Kombe က ပြောဆိုရေးသားခဲ့ပါတယ်။

လက်ရှိမှာတော့ ၎င်းတို့ဇနီးမောင်နှံနှင့်ကလေးတွေဟာ အရှေ့အာဖရိကတစ်ဝှမ်းသို့ လှည့်လည်ဖြတ်သန်းသွားလာကာ ခရီးထွက်နေကြပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "စေတနာဝန်ထမ်းလုပ်ဖို့သွားရင်း သူမရဲ့လမ်းညွှန်သူနှင့်ချစ်ကြိုက်ကာ လက်ထပ်ဖြစ်သွားခဲ့တဲ့ အမျိုးသမီးတစ်ဦး"

Leave a comment

Your email address will not be published.


*