မၾကာေသးမီက အဖြားတစ္ေယာက္ဟာ အသက္ 99 ႏွစ္အ႐ြယ္မွာ ေမာ္ဒယ္အျဖစ္ ပြဲဦးထြက္ခဲ့ပါတယ္ ။ Helene Simon အမည္ရွိ အဖြားက မိတ္ကပ္အမွတ္တံဆိပ္တစ္ခုအတြက္ ေမာ္ဒယ္ျဖစ္လာခဲ့ပါတယ္ ။ Good Morning America စာမ်က္ႏွာကို စတင္ဖြင့္တဲ့အခါမွာ အဖြားက Saie အမွတ္တံဆိပ္အတြက္ ပုံစံျပခဲ့ပါတယ္ ။ Helene Simon အဖြားက အက်ႌအျဖဴဝတ္ၿပီး Saie အတြက္ ဓါတ္ပုံ႐ိုက္ေနတာကို ေတြ႕ပါတယ္ ။
Instagram မွာ တင္ထားတဲ့ ဓာတ္ပုံတစ္ပုံက အဖြားဟာ အသုံးျပဳရလြယ္ကူတဲ့ ထုတ္ကုန္မ်ားကို ႀကိဳက္ႏွစ္သက္ၿပီး အေရျပားအတြင္းပိုင္းနဲ႔ အျပင္ပိုင္းကို အာဟာရျဖည့္ေပးေၾကာင္း ေဖာ္ျပခဲ့ပါတယ္ ။ “ကြၽန္မက ဓါတ္ပုံ႐ိုက္ရတာကို ႀကိဳက္ပါတယ္။ ဓာတ္ပုံ႐ိုက္တဲ့အခါ အရမ္းေပ်ာ္ဖို႔ေကာင္းတယ္။ မိတ္ကပ္လိမ္းၿပီး အလွျပင္ရတာ ေကာင္းပါတယ္” လို႔ Helene က သူမရဲ႕ အေတြ႕အႀကဳံနဲ႔ ပတ္သက္ၿပီး ေျပာပါတယ္ ။
Helene Simon က သူမရဲ႕ ေျမးမ်ားအားေပးမႈေၾကာင့္ ေမာ္ဒယ္တစ္ဦးအျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရတာပါ ။ ဒါ့ျပင္ ဒါဟာ Helene ရဲ႕ အသက္ 99 ႏွစ္မွာ ပထမဆုံး ေမာ္ဒယ္လ္ လုပ္ျခင္း ျဖစ္ပါတယ္ ။ အျခားတစ္ဖက္မွာမူ Helene Simon က သူမဟာ ေမာ္ဒယ္တစ္ဦးအျဖစ္ ပထမဆုံးဓာတ္ပုံအတြက္ အျခားသူမ်ားထံမွ အျပဳသေဘာေဆာင္တဲ့ တုံ႔ျပန္မႈကို ေတြ႕ျမင္ရတဲ့အတြက္ အံ့ၾသမိေသးေၾကာင္း ေျပာၾကားခဲ့ပါတယ္ ။
JRose (Mckzone daily)
Reference : suara
Unicode
မကြာသေးမီက အဖွားတစ်ယောက်ဟာ အသက် 99 နှစ်အရွယ်မှာ မော်ဒယ်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ် ။ Helene Simon အမည်ရှိ အဖွားက မိတ်ကပ်အမှတ်တံဆိပ်တစ်ခုအတွက် မော်ဒယ်ဖြစ်လာခဲ့ပါတယ် ။ Good Morning America စာမျက်နှာကို စတင်ဖွင့်တဲ့အခါမှာ အဖွားက Saie အမှတ်တံဆိပ်အတွက် ပုံစံပြခဲ့ပါတယ် ။ Helene Simon အဖွားက အင်္ကျီအဖြူဝတ်ပြီး Saie အတွက် ဓါတ်ပုံရိုက်နေတာကို တွေ့ပါတယ် ။
Instagram မှာ တင်ထားတဲ့ ဓာတ်ပုံတစ်ပုံက အဖွားဟာ အသုံးပြုရလွယ်ကူတဲ့ ထုတ်ကုန်များကို ကြိုက်နှစ်သက်ပြီး အရေပြားအတွင်းပိုင်းနဲ့ အပြင်ပိုင်းကို အာဟာရဖြည့်ပေးကြောင်း ဖော်ပြခဲ့ပါတယ် ။ “ကျွန်မက ဓါတ်ပုံရိုက်ရတာကို ကြိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ အရမ်းပျော်ဖို့ကောင်းတယ်။ မိတ်ကပ်လိမ်းပြီး အလှပြင်ရတာ ကောင်းပါတယ်” လို့ Helene က သူမရဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ပြောပါတယ် ။
Helene Simon က သူမရဲ့ မြေးများအားပေးမှုကြောင့် မော်ဒယ်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရတာပါ ။ ဒါ့ပြင် ဒါဟာ Helene ရဲ့ အသက် 99 နှစ်မှာ ပထမဆုံး မော်ဒယ်လ် လုပ်ခြင်း ဖြစ်ပါတယ် ။ အခြားတစ်ဖက်မှာမူ Helene Simon က သူမဟာ မော်ဒယ်တစ်ဦးအဖြစ် ပထမဆုံးဓာတ်ပုံအတွက် အခြားသူများထံမှ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို တွေ့မြင်ရတဲ့အတွက် အံ့သြမိသေးကြောင်း ပြောကြားခဲ့ပါတယ် ။
JRose (Mckzone daily)
Be the first to comment on "အသက္အ႐ြယ္ဟာ အတားအဆီးမဟုတ္ ဆိုတဲ့အတိုင္း အသက္ 99 ႏွစ္အ႐ြယ္မွာ မိတ္ကပ္ေမာ္ဒယ္ျဖစ္လာခဲ့တဲ့ အဖြားအို"