Lorelei Go အမည်ရှိ Single mom အမျိုးသမီးဟာ သူမရဲ့သားအငယ်ဆုံး Hisham ကို သူ့ရဲ့အစ်ကိုနှစ်ဦး လွန်ခဲ့တဲ့နှစ်အနည်းငယ်က အလားတူကင်ဆာရောဂါဖြင့် ကွယ်လွန်သွားချိန်မှစပြီး Hisham ဟာလည်း အသည်းကင်ဆာရောဂါကို ခံစားနေရပါတယ် ။ Lorelei ဟာ သူမရဲ့သားဦး Rowden ကို ဇွန်လ 11 ရက်နေ့မှာ အသည်းရောဂါဖြင့် ဆုံးရှုံးခဲ့ရပါတယ် ။ ဆယ့်ခြောက်လအကြာမှာတော့ သူမရဲ့ ဒုတိယသားဖြစ်သူ Hasset ဟာလည်း အသည်းခြောက်ခြင်းရောဂါနဲ့ ရှုံးနိမ့်ခဲ့ရပြန်ပါတယ် ။
Rowden နှင့် Hasset ကွယ်လွန်ပြီးနောက် Lorelei မှာ Hisham ဆိုတဲ့ သားအငယ်ဆုံးတစ်ယောက်သာရှိပါတော့တယ် ။ ကံမကောင်းစွာပဲ၊ Hisham ကလည်း အသည်းကင်ဆာရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ထိုအချိန်မှာ Hisham ရဲ့ အသည်းခြောက်ရောဂါက အစောပိုင်းအဆင့်တွင်ရှိနေဆဲဖြစ်ပြီး သူ့ရဲ့ကင်ဆာပြန့်ပွားမှုကို အမြန်ကာကွယ်ရန် သူတတ်နိုင်သမျှ လုပ်ဆောင်ခဲ့ပါတယ် ။
သူက တင်းကျပ်တဲ့ အစားအသောက်စည်းမျဉ်းများကို လိုက်နာကာ အအေးခန်းခွဲစိတ်မှုလို့ခေါ်တဲ့ အခြားနည်းလမ်းဖြင့် ကုသရန် တရုတ်နိုင်ငံ Guangzhou သို့ပင် သွားရောက် ကုသခဲ့ပါတယ် ။
ဒါပေမဲ့ ကင်ဆာက အဆင့် (၄) မှာရှိနေပြီဖြစ်သောကြောင့် ခွဲစိတ်မှုမှ အသက်မရှင်နိုင်ကြောင်း ဆရာဝန်များက ပြောကြားခဲ့ပါတယ် ။ Hisham နဲ့ Lorelei တို့ သာအမိနှစ်ဦးစလုံးက အအေးခန်းခွဲစိတ်ကုသခြင်းမှာ ၎င်းတို့ရဲ့တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သောကြောင့် ဆရာဝန်များရဲ့ စကားကြားရပြီးနောက် စိတ်နှလုံးကြေကွဲခဲ့ကြပါတယ်။
။နိုဝင်ဘာလ 1 ရက်နေ့မှာ Lorelei က သူမရဲ့သားကိုအိမ်မှာ ပြုစုစောင့်ရှောက်ရန် ပုဂ္ဂလိကသူနာပြုတစ်ဦးကို ငှားရမ်းခဲ့ပြီး ဖိလစ်ပိုင်သို့ ပြန်လာခဲ့ပါတယ် ။ အခြေအနေများကြားမှာ Lorelei က Hisham ပြန်လည်ကောင်းမွန်လာစေရန် ဆက်လက်ဆုတောင်းပေးနေခဲ့ပါတယ် ။
ဝမ်းနည်းစရာမှာ Hisham က နောက်ဆုံးတော့ ကင်ဆာရောဂါဖြင့် သေဆုံးသွားခဲ့ပြီး အသက် ၂၇ နှစ်အရွယ် နိုဝင်ဘာ ၁၄ ရက်မှာ ကွယ်လွန်ခဲ့ပါတယ် ။ Lorelei ကတော့ တစ်နှစ်အတွင်းမှာ သား ၃ယောက်ကို တည်ပြိုင်နက် ဆုံးရှုံးခဲ့ရလို့ သေမတတ် ဝမ်းနည်းခဲ့ပါတယ် ။
ဒါပေမဲ့ မိမိရဲ့စိတ်ကို ပြန်လည်ဖြေချခဲ့ပြီး တစ်နေ့ သူမကလည်း သေးဆုံးမှာဖြစ်တဲံအတွက် သူမနဲ့ သူမရဲ့သားများအားလုံး ပြန်လည်ဆုံစည်းရလိမ့်မယ်လို့ ယုံကြည်ပြီး ဆုံစည်းမယ့်အချိန်ကို စောင့်မျှော်နေမယ်လို့ သူမက ဆက်ပြောခဲ့ပါတယ် ။
JRose (Mckzone daily)
Reference : goodtimes
Be the first to comment on "သား ၃ ယောက်စလုံးကို အသည်းကင်ဆာရောဂါဖြင့် တည်ပြိုင်နက် ဆုံးရှုံးခဲ့ရလို့ သေမတတ် ဝမ်းနည်းခဲ့ရတဲ့ အမျိုးသမီး(ရုပ်သံ)"