မကြာသေးမီက အပြင်းအထန်ဖျားနာနေတဲ့ သူ့ချစ်သူနှင့် လူငယ်တစ်ဦးတို့ရဲ့ကြည်နူးဖွယ်ကောင်းတဲ့အချစ်ဇာတ်လမ်းဟာ လူများစွာကို လှုပ်ခတ်သွားစေခဲ့ပြီး ထိုမိန်းကလေးကို ကုသပေးနေသည့်ဆရာဝန်များကလည်း ထိုမြင်ကွင်းကို မြင်တွေ့နေရင်း ၎င်းတို့ရဲ့မျက်ရည်များကို ထိန်းမထားနိုင်ခဲ့ပါဘူး။ Huanqiu ၏အဆိုအရ အဆိုပါ Liu Yongmei အမည်ရှိကောင်မလေးဟာ ကံမကောင်းစွာ ပြင်းထန်တဲ့နာမကျန်းမှုဖြင့် ဆေးရုံတွင် အချိန်အတော်ကြာ ဆေးကုသနေခဲ့ရပါတယ်။ သူမရဲ့ဘဝဟာ ဆေးရုံကုတင်ပေါ်မှာသာ ရွေ့လျားကုန်ဆုံးနေပုံရပါတယ်။ Liu ၏ရောဂါဟာ aplastic anemia ဟုခေါ်သော အလွန်အန္တရာယ်များတဲ့ရောဂါဖြစ်ပြီး ၎င်းဟာ ရိုးတွင်းခြင်ဆီအတွင်း သွေးနီဥဆဲလ်များ ပြန်လည်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်မလုပ်ဆောင်ခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါဖြစ်ကြောင်း ဆရာဝန်များက ဆိုပါတယ်။
ထို့နောက် Liu ကို စိုးရိမ်မကင်းစေရန် ဆရာဝန်က သူမရဲ့ချစ်သူ Pan Pengfei အား ဤရောဂါရှိတဲ့ ရိုးတွင်းခြင်ဆီချို့ယွင်းတဲ့ လူနာတွေရဲ့ ၅၀% ခန့်က သွေးထွက်ခြင်း သို့မဟုတ် ကူးစက်ခြင်းတို့ကြောင့် လအနည်းငယ်အတွင်း သေဆုံးသွားနိုင်သလို အချို့သောလူနာများက သွေးသွင်းခြင်းဖြင့် နှစ်ပေါင်းများစွာ အသက်ရှင်ကြပြီး ရှားပါးတဲ့အခြေအနေတွေမှာ ၎င်းတို့ကိုယ်တိုင် ပျောက်ကင်းသွားနိုင်ကြောင်း သီးသန့်ပြောပြခဲ့ပါတယ်။
ဆရာဝန်၏အဆုံးအဖြတ်ကိုကြားလိုက်ရပြီးနောက် Pan ဟာ ပြင်းထန်စွာနာကျင်ခဲ့ရသော်လည်း ချစ်သူကောင်မလေး သက်တောင့်သက်သာရှိစေရန်အတွက် သူဟာ Liu အနားမှာ နေ့ရောညပါ ပျော်ရွှင်ပြီး သန်မာနေသလိုနေထိုင်ကာ သူမကို ကောင်းမွန်စွာ ဂရုစိုက်နေခဲ့ပါတယ်။
Pan က ဒီနှစ် ၂၄ နှစ်ရှိပါပြီဖြစ်ပြီး ၎င်းတို့ဟာ ငယ်ရွယ်တဲ့ စုံတွဲတွေပါ။ Liu ပြင်းထန်စွာနာမကျန်းကြောင်းသိလိုက်ရတဲ့အခါ Pan ဟာ သူ့ချစ်သူကိုထားခဲ့ခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေနှင့် သူမရဲ့ဘေးမှာအမြဲရှိနေပေးခဲ့ပါတယ်။
ထို့ပြင် သူ့ချစ်သူကို ပြုစုစောင့်ရှောက်ဖို့အတွက် Pan ဟာ ဆေးရုံအနီးမှာ အခန်းငှားဖို့ ကြိုးစားခဲ့ပါတယ်။ Liu ၏ကျန်းမာရေးလုပ်ဆောင်ချက်အားလုံးက သူမရဲ့ချစ်သူအပေါ် ၌သာမူတည်နေတာကြောင့် Pan ဟာလည်း သူ့ချစ်သူကို အစာကျွေးတာ ၊ အိပ်စက်စေတာနဲ့ တခြား အသေးစိတ်လှုပ်ရှားမှုတိုင်းကိုဂရုစိုက်ဖို့ တွန့်ဆုတ်မနေခဲ့ပါဘူး။ သူ့ချစ်သူအပေါ် Pan ရဲ့လေးနက်တဲ့ချစ်ခြင်းမေတ္တာဟာ လူများစွာကို လွှမ်းမိုးသွားခဲ့ပါတယ်။
Liu နာမကျန်းမဖြစ်သည့်နေ့တွေကတည်းက Pan ရဲ့သူမအတွက်ချစ်ခြင်းမေတ္တာဟာ အလွန်နက်နဲနေခဲ့သလို Liu ဖျားနာလို့ သူမဘဝက သုညဖြစ်နေလို့ထင်ရပေမဲ့လည်း Pan ဟာ သူမအား မစွန့်လွှတ်ရန် လုံးဝ စိတ်ပိုင်းဖြတ်ထားပါသေးတယ်။ ထို့ပြင် Pan ဟာ Liu အား နာကျင်မှုနှင့်ဓာတုကုထုံးများအားလုံးကိုယုံကြည်မှုရှိရှိကျော်လွှားနိုင်စေရန် နှစ်သိမ့်အားပေးပြီး ရိုးသားသောချစ်ခင်မှုကိုပေးကာ သူမရဲ့အနီးမှာအမြဲရှိနေရန် ကြိုးစားနေခဲ့ပါတယ်။ Liu ဟာ သူမရဲ့ချစ်သူရဲ့အနာဂတ်ကို တွေးတောကာ လမ်းခွဲရန် အကြိမ်များစွာ အစပြုခဲ့ပေမဲ့လည်း Pan က သဘောမတူသလို သူမကို ပိုပိုပြီးတောင် အာရုံစိုက်လာခဲ့ပါတယ်။
ထို့နောက် ချစ်သူကောင်မလေးရဲ့ ‘လမ်းခွဲလိုတဲ့ဆန္ဒ’ ကိုစွန့်လွှတ်ဖို့ Pan ဟာ သူမကို ဆေးရုံမှာ လက်ထပ်ခွင့်တောင်းဖို့စီစဉ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ Pan က သူ့ကောင်မလေးကို ဆေးရုံခန်းထဲမှာ ရုတ်တရက် လက်ထပ်ခွင့်တောင်းခဲ့တာကြောင့် ဆရာဝန်ကလည်း ထိမိတဲ့အတွက် မျက်ရည်မဆယ်နိုင်ဘဲ ငိုကြွေးသွားခဲ့ရပါတယ်။ Pan ဟာ အံ့ဖွယ်တစ်ခုက သူ့ကောင်မလေးရဲ့ဖျားနာမှုကနေ ပြန်လည်ကောင်းမွန်လာစေပြီး သူနဲ့အတူ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ဖန်တီးပေးလိမ့်မယ်လို့လည်း မျှော်လင့်ထားနေဆဲဖြစ်ပါတယ်။
Mia (Mckzone daily)
Reference : everytruenews24
Be the first to comment on "အခြေအနေမဟန်တော့တဲ့ချစ်သူက ထားခဲ့လိုက်ဖို့ အကြိမ်ကြိမ်ပြောခဲ့ပေမဲ့ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ ကောင်လေး"