ႏွိပ္စက္ညႇင္းပန္းလြန္းတဲ့မိဘေတြေၾကာင့္ အိမ္ကေနထြက္ေျပးၿပီး မိုးေရထဲအိပ္ေပ်ာ္ေနခဲ့တဲ့ ကေလးငယ္

ႏွိပ္စက္ညႇင္းပန္းလြန္းတဲ့မိဘေတြနဲ႔ ေန႔စဥ္ေန႔တိုင္အတူေနထိုင္ရမယ္ဆိုရင္ ကိုယ္ေတြလည္း ဘယ္လိုမွသည္းခံႏိုင္မွာမဟုတ္ပါဘူး ။ အဲ့ေၾကာင့္ အိမ္ကေနထြက္ေျပးၾကၿပီး ေနာက္ဆံုးၾကမွ ကိုယ္တစ္ကယ္သြားစရာေနရာမ႐ွိဘူးဆိုၿပီး သေဘာေပါက္ခဲ့ၾကတဲ့ ကေလးငယ္ေတြလည္း ႐ွိၾကပါတယ္ ။ ဒီတစ္ေခါက္မွာလည္း အင္ဒိုနီး႐ွားႏိုင္ငံက ကေလးငယ္တစ္ေယာက္ဟာ သူ၏ႏွိပ္စက္ညႇင္းပန္းလြန္းတဲ့ မိဘေတြရဲ႕ဒဏ္ကို မခံႏိုင္ေတာ့လို႔ ေနအိမ္ကေနထြက္ေျပးလာခဲ့ပါတယ္ ။ မိုးေရေတြနဲ႔ ရႊဲရႊဲစိုေနတဲ့ ၾကမ္းျပင္ကိုေတာင္ သတိမထားႏိုင္ေတာ့ေလာက္ေအာင္ကို ၾကမ္းျပင္ေပၚမွာ အိပ္စက္ေနခဲ့တာပါ ။

Twitter စာမ်က္ႏွာတစ္ခုမွာေတာ့ ေကာင္ေလးဟာ ႏွိပ္စက္ညႇင္းပန္းဒဏ္ကိုလံုးဝမခံႏိုင္ေတာ့လို႔ ထြက္ေျပးတိမ္းေ႐ွာင္လာခဲ့တာျဖစ္ၿပီး ကံေကာင္းစြာနဲ႔ စိတ္ရင္းေစတနာေကာင္းမြန္တဲ့သူေတြနဲ႔ေတြ႔ဆံုခဲ့လို႔ အဆိုပါလူႀကီးမ်ားက ေကာင္ေလးကိုရဲစခန္းသို႔ပို႔ေဆာင္ေပးခဲ့ပါတယ္ ။ လူဆိုးေတြနဲ႔ေတြ႔မယ္ဆိုရင္ေတာ့ ကေလးငယ္ရဲ႕အျဖစ္က မေတြးဝံ့စရာပါပဲေလ ။

ဆိုးရြားစြာႏွင့္ ယခုလိုႏွိပ္စက္ညႇင္းပန္မႈမ်ိဳးေတြဟာ ကေလးငယ္ေတြနဲ႔ အမ်ိဳးသမီးမ်ားက အမ်ားဆံုးခံစားေနရတာျဖစ္တဲ့အတြက္ အဆိုပါလုပ္ရပ္မ်ိဳးကိုလူအမ်ားက ရပ္တန္႔ေစခ်င္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

နှိပ်စက်ညှင်းပန်းလွန်းတဲ့မိဘတွေနဲ့ နေ့စဉ်နေ့တိုင်အတူနေထိုင်ရမယ်ဆိုရင် ကိုယ်တွေလည်း ဘယ်လိုမှသည်းခံနိုင်မှာမဟုတ်ပါဘူး ။ အဲ့ကြောင့် အိမ်ကနေထွက်ပြေးကြပြီး နောက်ဆုံးကြမှ ကိုယ်တစ်ကယ်သွားစရာနေရာမရှိဘူးဆိုပြီး သဘောပေါက်ခဲ့ကြတဲ့ ကလေးငယ်တွေလည်း ရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံက ကလေးငယ်တစ်ယောက်ဟာ သူ၏နှိပ်စက်ညှင်းပန်းလွန်းတဲ့ မိဘတွေရဲ့ဒဏ်ကို မခံနိုင်တော့လို့ နေအိမ်ကနေထွက်ပြေးလာခဲ့ပါတယ် ။ မိုးရေတွေနဲ့ ရွှဲရွှဲစိုနေတဲ့ ကြမ်းပြင်ကိုတောင် သတိမထားနိုင်တော့လောက်အောင်ကို ကြမ်းပြင်ပေါ်မှာ အိပ်စက်နေခဲ့တာပါ ။

Twitter စာမျက်နှာတစ်ခုမှာတော့ ကောင်လေးဟာ နှိပ်စက်ညှင်းပန်းဒဏ်ကိုလုံးဝမခံနိုင်တော့လို့ ထွက်ပြေးတိမ်းရှောင်လာခဲ့တာဖြစ်ပြီး ကံကောင်းစွာနဲ့ စိတ်ရင်းစေတနာကောင်းမွန်တဲ့သူတွေနဲ့တွေ့ဆုံခဲ့လို့ အဆိုပါလူကြီးများက ကောင်လေးကိုရဲစခန်းသို့ပို့ဆောင်ပေးခဲ့ပါတယ် ။ လူဆိုးတွေနဲ့တွေ့မယ်ဆိုရင်တော့ ကလေးငယ်ရဲ့အဖြစ်က မတွေးဝံ့စရာပါပဲလေ ။

ဆိုးရွားစွာနှင့် ယခုလိုနှိပ်စက်ညှင်းပန်မှုမျိုးတွေဟာ ကလေးငယ်တွေနဲ့ အမျိုးသမီးများက အများဆုံးခံစားနေရတာဖြစ်တဲ့အတွက် အဆိုပါလုပ်ရပ်မျိုးကိုလူအများက ရပ်တန့်စေချင်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment