သာမာန်ကားတစ်စီးကို ဆံပင်အစစ်နဲ့ တွဲဖက်အလှဆင်ရန်အတွက် ပေါင် 75,000 သုံးခဲ့တဲ့ ဒီဇိုင်နာအမျိုးသမီး



.

.

.

JRose (KB Chimmy One)

Reference : yan

Unicode

အီတလီဒီဇိုင်နာအမျိုးသမီးတစ်ဦးက ၎င်းရဲ့ကားနဲ့ တွဲဖက်ပြင်ဆင်ရန်အတွက် ဆံပင်အစစ် 100 ကီလိုဂရမ်ကို ဝယ်ယူဖို့ ပေါင် 75,000 (2 ဘီလီယံနီးပါးနှင့်ညီမျှသည်) ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ပါတယ် ။ ကားပိုင်ရှင် Maria Lucia Mugno က တစ်ချိန်က “ဆံပင်အများဆုံး အလှဆင်ထားတဲ့ ကား” ကမ္ဘာ့စံချိန်ကို ရရှိဖို့အတွက် ၎င်းကို ရက်ပေါင်း 20 ကြာ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ရပါတယ် ။ 100 ကီလိုဂရမ်ရှိတဲ့ ဆံပင်များကို ပိုးသတ်ဆေး၊ ဆေးကြောပြီး အရောင်ချွတ်ကာ ကားအတွင်းပိုင်းနဲ့ အပြင်ပိုင်းကို အလှဆင်ရန်အတွက် အသုံးမပြုမီ ဆေးဆိုးပေးခဲ့ပါတယ် ။

အဆိုပါအမျိုးသမီး ဒီဇိုင်နာက စွဲမှတ်စေရန် ကျစ်ဆံမြီးများနဲ့ ခေတ်မီဆန်းသစ်တဲ့ ဆံပင်ပုံစံများကို စေ့စေ့စပ်စပ် ဖန်တီးထားတာပါ။ တမူထူးခြားတဲ့ ဆံပင်နဲ့ကားဟာ အီတလီမှာ အလွန်ကျော်ကြားတဲ့ မှတ်တမ်းရှိုးတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ် ။

JRose (KB Chimmy One)

Be the first to comment on "သာမာန်ကားတစ်စီးကို ဆံပင်အစစ်နဲ့ တွဲဖက်အလှဆင်ရန်အတွက် ပေါင် 75,000 သုံးခဲ့တဲ့ ဒီဇိုင်နာအမျိုးသမီး"

Leave a comment

Your email address will not be published.


*