ချွတ်ယွင်းချက်များနဲ့ မွေးဖွားလာတဲ့အပြင် ဖခင်ဆုံးပါးသွားပြီးနောက် ကြင်နာတက်တဲ့သူတွေဆီမှ အကူအညီရရှိခဲ့လို့ ပျော်မဆုံးဖြစ်နေတဲ့ ကောင်လေး

ခြေထောက်များမပါဘဲ မွေးဖွားလာတဲ့ မသန်စွမ်း ကလေးငယ်ဟာ အနာဂတ်ကို ခိုင်မာစွာ လျှောက်လှမ်းနေခဲ့ပါတယ် ။ Dieu Khuy Nich အမည်ရှိ အဆိုပါကောင်လေးဟာ လမ်းလျှောက်တဲ့အခါမှာ လက်များကိုသာ အသုံးပြုခဲ့ရပါတယ် ။ တိုင်းရင်းသားလေးဟာ Dieu ရဲ့ ခန္ဓာကိုယ် ချို့ယွင်းချက်တွေကို သူ့အမေ ကိုယ်ဝန် ၆ လ မမွေးခင်ကတည်းက ဆရာဝန်တွေ ပြောပြခဲ့ပေမဲ့ သူ့ကလေးအပေါ် ချစ်တဲ့စိတ်ကြောင့် မိဘတွေက သူ့ကို ပစ်ပစ်ခါခါ မစွန့်လွှတ်နိုင်ခဲ့ပါဘူး ။ နှစ်ယောက်သားက ကလေးကို စောင့်ရှောက်ရန် ဆုံးဖြတ်ခဲ့ကြပြီး နှစ်လယ်ပိုင်းမှာ Dieu Khuyen Nich က သနားစရာကောင်းတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြင့် မွေးဖွားလာခဲ့ပါတယ် ။

Dieu က ခြေထောက်များ ချို့ယွင်းနေလို့ ပြေးခြင်း၊ ခုန်ခြင်း၊ ကစားခြင်း မပြုနိုင်ပေမဲ့ သူက ထူးခြားတဲ့ စွမ်းအင်ရှိတဒ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ် ။ တစ်နေ့ပြီးတစ်နေ့ သူက လက်နှစ်ချောင်းဖြင့် လမ်းလျှောက်ရန် သင်ယူနေဆဲဖြစ်ပါတယ် ။ အဲဒီလိုနဲ့ဘဲ သူ့လက်နဲ့ လမ်းလျှောက်ဖို့ သင်ယူပြီးတိုင်း ပြုတ်ကျတိုင်း သူ့ဘာသာသူ ပြင်းပြင်းထန်ထန် မတ်တပ်ရပ်ပြီး မိသားစုဝင်တွေရဲ့ အကူအညီမပါဘဲ သူ့လက်နဲ့ ရှေ့ကို ဆက်ပြီးလှမ်းလိုက်ပါတယ် ။

6 လခန့်ကြာတဲ့အထိ လက်နဲ့လမ်းလျှောက်ရန် အမြဲမပြတ် သင်ယူရင်း ပထမခြေလှမ်းကို လှမ်းနိုင်ခဲ့သော်လည်း တာဝန်များပြောင်းလဲခြင်းမှ သူရဲ့လက်များက သွေးစများ ထွက်လာခဲ့ပါတယ် ။ ဒါပေမဲ့ လက်နဲ့ လှမ်းနိုင်ခဲ့တာကြောင့် Dieuက ပျော်ရွှင်ခဲ့ပါတယ် ။

ထိုအချိန်မှာ ဖခင်က အပြင်းဖျားခဲ့ပြီး ဖခင်ကို ကုသဖို့အတွက် ပိုက်ဆံရှာပြီး ခြေတုလက်တုများဝယ်ရန် ရည်ရွယ်ချက်ဖြင့် စုဆောင်းထားခဲ့တဲ့ ငွေများကို ဖခင်ဖြစ်သူအတွက် သုံးပေးခဲ့ရပါတယ် ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ဘဲ ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပါတယ် ။

မိသားစုအတွက် ဒီအဖြစ်အပျက်ကြီး ကြုံလာပြီးနောက်မှာတော့ Dieu ဟာ အရမ်းကို တက်ကြွတဲ့ ကောင်လေးတစ်ယောက်ဖြစ်ခဲ့ပါတယ် ။ ဖခင်မရှိတော့တဲ့အခါ ဝမ်းနည်းမှုကို ဘေးဖယ်ထားပြီး ကောင်လေးက ဘဝမှာ အကောင်းမြင်ချင်စိတ်ထားရှိဆဲပါ ။

Dieu က နေ့စဉ်နဲ့အမျှ ကျောင်းတက်ရင်း တိတ်တိတ်ဆိတ်ဆိတ် လက်နှစ်ဖက်ဖြင့် ကျောင်းသွားရင်း သူငယ်ချင်းများနဲ့ ပြုံးပြကာ တောက်ပတဲ့ အနာဂတ်ကို မျှော်လင့်နေဆဲဖြစ်ပါတယ် ။

ထို့နောက်မှာ ကောင်လေးရဲ့ သနားစရာကောင်းတဲ့ အခြေအနေအတွက် စာနယ်ဇင်းများက အသိအမှတ်ပြု ချီးကျူးခံရပြီးနောက် ကျေးဇူးရှင်များက VND သန်း 200 နီးပါး ကူညီပေးခဲ့ပါတယ် ။ ထိုအချိန်မှာ Dieu က သူ့သူငယ်ချင်းတွေနဲ့ အဝေးကြီးမှာ ကျောင်းတက်နိုင်ဖို့ ခြေထောက်တွေရှိဖို့နဲ့ မိသားစုကို ကူညီပေးဖို့ သူ့ရဲ့အိမ်မက်က လုံလောက်လောက်တဲ့ ပမာဏဖြစ်နိုင်ပါတယ် ။

JRose (Mckzone daily)

Reference : bestie

Be the first to comment on "ချွတ်ယွင်းချက်များနဲ့ မွေးဖွားလာတဲ့အပြင် ဖခင်ဆုံးပါးသွားပြီးနောက် ကြင်နာတက်တဲ့သူတွေဆီမှ အကူအညီရရှိခဲ့လို့ ပျော်မဆုံးဖြစ်နေတဲ့ ကောင်လေး"

Leave a comment

Your email address will not be published.


*